တာချီလိတ်မြို့တွင် ဂေါ်ရခါးရိုးရာဒီပါဝလီပွဲတော်အခမ်းအနားကို ရိုးရာအကများဖြင့် ကျင်းပ

တာချီလိတ်မြို့တွင် ဂေါ်ရခါးရိုးရာဒီပါဝလီပွဲတော်အခမ်းအနားကို ရိုးရာအကများဖြင့် ကျင်းပ
အောက်တိုဘာ 25, 2019
By 🌸
တာချီလိတ်မြို့တွင် ဂေါ်ရခါးရိုးရာဒီပါဝလီပွဲတော်အခမ်းအနားကို ရိုးရာအကများဖြင့် ကျင်းပ
******
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ဂေါ်ရခါးရိုးရာ ဒီပါဝလီအထိမ်းအမှတ် အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၂၅) ရက်နေ့ နံနက် (၁၁) နာရီတွင် ရိုးရာအကများဖြင့် ကျင်းပသည်။

ဒီပါဝလီပွဲတော်အခမ်းအနားကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ပြီးနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းနှင့် တာချီလိတ်ဂေါ်ရခါးအဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးဆူရာပါ(ချ်) တို့က ရိုးရာဆီမီးကို ထွန်းညှိပူဇော်ခဲ့ကြသည်။

အခမ်းအနားတက်ရောက်လာသည့် တြိဂံတိုင်းစစ်ဒေသ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဇော်ပိုင်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဂေါ်ရခါးလူမျိုးများသည် လွတ်လပ်ရေးသမိုင်းတွင် ဗမာ့တပ်မတော်နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ပြီး ရှမ်းပြည်နယ် မိုင်းဆတ်၊ လွယ်လမ်း၊ မိုင်းယောင်း၊ တာချီလိတ်ဒေသများ၌ ကျူးကျော်လာသည့် ကူမင်တန်တရုတ်ဖြူများကို တိုက်ခိုက်ရာတွင်လည်း ပါဝင်ခဲ့သူများဖြစ်သည်ဟု ထည့်သွင်း ပြောကြားသွားသည်။

ဂေါ်ရခါးလူမျိုးများတွင် အောင်ဆန်းသူရိယဘွဲ့ (၁) ဦး၊ သီဟသူရဘွဲ့ (၃) ဦး၊ သူရဘွဲ့ (၁၅) ဦးနှင့် သူရဲကောင်းမှတ်တမ်းဝင် (၆၁) ဦးတို့ ရရှိခဲ့သည့်အပြင် မြန်မာပြည်သူများ၏ ဘောလုံးဘုရင်အဖြစ် သတ်မှတ်ခံထားရသည့် ဘောလုံးအားကစားသမား မဟာဒူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ပထမဆုံးအမျိုးသမီးရဲမှူးကြီး ဒေါ်ဥမ္မာရင်မီတို့မှာ ဂေါ်ရခါးလူမျိုးများဖြစ်ကြသည်ဟု ဂုဏ်ပြုပြောကြားသွားသည်။

တာချီလိတ်ဂေါ်ရခါး ဟိန္ဒူဓမ္မအဖွဲ့ ဥက္ကဌ ဦးတင်ရွှေက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တာချီလိတ်ဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့၏ ဂေါ်ရခါးစာပေပညာရေးမှူး ဦးဌာနေဆိုင်မှ ဒီပါဝလီပွဲတော်အကြောင်း ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးအမျိုးသားအဖွဲ့ချုပ်(ဗဟို)မှ ဒုဥက္ကဌ ဆရာမကြီးဒေါ်ဘီစနူးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အခမ်းအနားတွင် ဂေါ်ရခါးရိုးရာအစားသောက်များဖြင့် ဧည့်ခံပြီး ဂေါ်ရခါးရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

 ဒီပါဝလီပွဲတော်အခမ်းအနားသို့ တြိဂံတိုင်းစစ်ဒေသ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဇော်ပိုင်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး အုန်းလွင်၊ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်း၊ တာချီလိတ်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမို႕တြင္ ေဂၚရခါးရိုးရာဒီပါဝလီပြဲေတာ္အခမ္းအနားကို ရိုးရာအကမ်ားျဖင့္ က်င္းပ
******
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ရိွ ေအာင္ျမတ္ခန္းမတြင္ ေဂၚရခါးရိုးရာ ဒီပါဝလီအထိမ္းအမွတ္ အခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၂၅) ရက္ေန႔ နံနက္ (၁၁) နာရီတြင္ ရိုးရာအကမ်ားျဖင့္ က်င္းပသည္။

ဒီပါဝလီပြဲေတာ္အခမ္းအနားကို ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္အလံအား အေလးျပဳျခင္းျဖင့္ စတင္ဖြင့္လွစ္ၿပီးေနာက္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္းႏွင့္ တာခ်ီလိတ္ေဂၚရခါးအဖြဲ႕၏ အႀကံေပးပုဂၢိဳလ္ ဦးဆူရာပါ(ခ်္) တို႔က ရိုးရာဆီမီးကို ထြန္းညိႇပူေဇာ္ခဲ့ၾကသည္။

အခမ္းအနားတက္ေရာက္လာသည့္ ႀတိဂံတုိင္းစစ္ေဒသ တိုင္းဦးစီးမွဴး ဗိုလ္မွဴးႀကီး ေဇာ္ပိုင္ထြန္းက အဖြင့္အမွာစကားေျပာၾကားရာတြင္ ေဂၚရခါးလူမ်ိဳးမ်ားသည္ လြတ္လပ္ေရးသမိုင္းတြင္ ဗမာ့တပ္မေတာ္ႏွင့္အတူ တိုက္ပြဲဝင္ခဲ့ၾကသူမ်ားျဖစ္ၿပီး ရွမ္းျပည္နယ္ မိုင္းဆတ္၊ လြယ္လမ္း၊ မိုင္းေယာင္း၊ တာခ်ီလိတ္ေဒသမ်ား၌ က်ဴးေက်ာ္လာသည့္ ကူမင္တန္တရုတ္ျဖဴမ်ားကို တိုက္ခိုက္ရာတြင္လည္း ပါဝင္ခဲ့သူမ်ားျဖစ္သည္ဟု ထည့္သြင္း ေျပာၾကားသြားသည္။

ေဂၚရခါးလူမ်ိဳးမ်ားတြင္ ေအာင္ဆန္းသူရိယဘြဲ႕ (၁) ဦး၊ သီဟသူရဘြဲ႕ (၃) ဦး၊ သူရဘြဲ႕ (၁၅) ဦးႏွင့္ သူရဲေကာင္းမွတ္တမ္း၀င္ (၆၁) ဦးတို႔ ရရိွခဲ့သည့္အျပင္ ျမန္မာျပည္သူမ်ား၏ ေဘာလံုးဘုရင္အျဖစ္ သတ္မွတ္ခံထားရသည့္ ေဘာလံုးအားကစားသမား မဟာဒူး၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ ပထမဆံုးအမ်ိဳးသမီးရဲမွဴးႀကီး ေဒၚဥမၼာရင္မီတို႔မွာ ေဂၚရခါးလူမ်ိဳးမ်ားျဖစ္ၾကသည္ဟု ဂုဏ္ျပဳေျပာၾကားသြားသည္။

တာခ်ီလိတ္ေဂၚရခါး ဟိႏၵဴဓမၼအဖြဲ႕ ဥကၠဌ ဦးတင္ေရႊက ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားၿပီး တာခ်ီလိတ္ေဂၚရခါးဟိႏၵဴဓမၼအဖြဲ႕၏ ေဂၚရခါးစာေပပညာေရးမွဴး ဦးဌာေနဆိုင္မွ ဒီပါဝလီပြဲေတာ္အေၾကာင္း ရွင္းလင္းေျပာၾကားကာ ျမန္မာႏိုင္ငံလံုးဆိုင္ရာေဂၚရခါးအမ်ိဳးသားအဖြဲ႕ခ်ဳပ္(ဗဟို)မွ ဒုဥကၠဌ ဆရာမႀကီးေဒၚဘီစႏူးက ေက်းဇူးတင္စကားေျပာၾကားခဲ့သည္။

အခမ္းအနားတြင္ ေဂၚရခါးရိုးရာအစားေသာက္မ်ားျဖင့္ ဧည့္ခံၿပီး ေဂၚရခါးရိုးရာအကမ်ားျဖင့္ ကျပေဖ်ာ္ေျဖခဲ့ၾကသည္။

 ဒီပါဝလီပြဲေတာ္အခမ္းအနားသို႔ ႀတိဂံတုိင္းစစ္ေဒသ တိုင္းဦးစီးမွဴး ဗိုလ္မွဴးႀကီး ေဇာ္ပိုင္ထြန္း၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌးဝင္း၊ တာခ်ီလိတ္ ဒုခရိုင္ရဲတပ္ဖြဲ႕မွဴး ရဲမွဴး အုန္းလြင္၊ တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္ႏွင့္ ဌာနဆိုင္ရာမ်ား၊ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net