မုိင္းျဖတ္တြင္ မိဘမ်ားက မိသားစုလုိက္ အဆိပ္ရည္တုိက္၍ ေသေၾကာင္းႀကံမႈမွ အသက္ရွင္က်န္ခဲ့သည့္ ကေလးႏွစ္ဦးအတြက္ ရန္ကုန္ၿမိဳ႕ရိွ ထြန္းသစၥာပြဲရံုက က်ပ္သိန္း (၁၀၀)ေက်ာ္ ပညာသင္ ေထာက္ပံ့ေၾကးေပးအပ္

မုိင္းျဖတ္တြင္ မိဘမ်ားက မိသားစုလုိက္ အဆိပ္ရည္တုိက္၍ ေသေၾကာင္းႀကံမႈမွ အသက္ရွင္က်န္ခဲ့သည့္ ကေလးႏွစ္ဦးအတြက္ ရန္ကုန္ၿမိဳ႕ရိွ ထြန္းသစၥာပြဲရံုက က်ပ္သိန္း (၁၀၀)ေက်ာ္ ပညာသင္ ေထာက္ပံ့ေၾကးေပးအပ္
အောက်တိုဘာ 24, 2019
By 🌸
မိုင်းဖြတ်တွင် မိဘများက မိသားစုလိုက် အဆိပ်ရည်တိုက်၍ သေကြောင်းကြံမှုမှ အသက်ရှင်ကျန်ခဲ့သည့် ကလေးနှစ်ဦးအတွက် ရန်ကုန်မြို့ရှိ ထွန်းသစ္စာပွဲရုံက ကျပ်သိန်း (၁၀၀)ကျော် ပညာသင် ထောက်ပံ့ကြေးပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် မိဘများက အဆိပ်ပင်ပြုတ်၍ မိသားစုလိုက်တိုက်ပြီး သေကြောင်းကြံခဲ့ရာမှ အသက်ရှင်ကျန်ခဲ့သည့် အသက်(၉)နှစ်နှင့် (၁၃)နှစ်အရွယ် ကလေးနှစ်ဦးကို ရန်ကုန်မြို့ရှိ ထွန်းသစ္စာပွဲရုံမိသားစုက ပညာသင်ထောက်ပံ့ကြေး ကျပ် (၁၀၁)သိန်း ပံ့ပိုးပေးသည်။
ရန်ကုန်မြို့ ထွန်းသစ္စာပွဲရုံပိုင်ရှင် ဦးထွန်းဝေနှင့် ဒေါ်စောဘောတို့က ကျိုင်းတုံမြို့သို့ လာရောက်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ ညနေပိုင်းတွင်  ရွှေကမ္ဘာဟိုတယ်၌ ကလေးများအတွက် ပညာသင်ထောက်ပံ့ကြေး ပံ့ပိုးပေးရာ Kyaing Tong Mountain Bike ကလည်း ပညာသင်ထောက်ပံ့ကြေး ကျပ်တစ်သိန်းခွဲ ပံ့ပိုးပေးခဲ့သည်။
" ဒီကလေးနှစ်ယောက်အကြောင်းကို သတင်းထဲမှာတွေ့တော့ ကံထူးပြီး မသေလို့ ရှင်ကျန်လာတာကို ဘဝကို ခက်ခက်ခဲခဲ မရုန်းကန်စေချင်လို့ လာရောက်လှူဒါန်းပေးတာဖြစ်ပါတယ်။ ပညာလေးတတ်ပြီးတော့ ဘဝကို သက်သောင့်သက်သာလေး ဆက်လက်ရှင်သန်သွားစေချင်တာလည်း ပါပါတယ်။ ဒီနေ့ ကလေးတွေရဲ့ အုပ်ထိန်းသူတွေနဲ့တွေ့ပြီးတော့ ကလေးတွေရဲ့ ရှေ့ရေးအတွက် ဆွေးနွေးကြပြီးတော့  အကြီးမလေးကို နောင်နှစ်ကျရင် မိုင်းဖြတ်မှာ အဆောင်ထားပေးဖို့ စီစဉ်သွားဖို့ရှိပါတယ်။ တကယ်လို့ ကလေးတွေက ပညာရေးမှာ ထူးချွန်တယ်ဆိုရင် သူတို့တက်ချင်တဲ့ ကျောင်းတွေကို ဆုံးခန်းတိုင်အောင် ထားပေးဖို့ ရည်ရွယ်ပါတယ်။ အကယ်၍များ ပညာရေးမှာ ဘယ်လိုမှ မလိုက်နိုင်ဘူးဆိုရင်လည်း အခုလှူပေးထားတဲ့ (၁၀၁)သိန်းနဲ့ ဘဝကို မပင်မပန်းဘဲနဲ့ လုပ်ကိုင်စားနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကျန်တာကတော့ ပညာရေးကို ဆက်လက်ပံ့ပိုးပေးဖို့ကို ရည်ရွယ်ထားပါတယ်"ဟု အလှူရှင် ဦးထွန်းဝေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကလေးများ၏ လက်ရှိအုပ်ထိန်းသူများနှင့် အလှူရှင်များ တွေ့ဆုံ၍ ကလေးနှစ်ဦး၏ ရှေ့ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ပညာသင်ထောက်ပံ့ကြေးများကို ဘဏ်စာရင်းအပ်နှံထားမည်ဖြစ်ကြောင်း သိရသည်။
ကလေးနှစ်ဦးအတွက် အခြားအလှူရှင်များ ပံ့ပိုးပေးထားသည့် အလှူငွေများကိုလည်း ဘဏ်စာရင်းဖွင့်လှစ် ပေးထားကြောင်း သိရသည်။
" လက်ရှိမှာ ကလေးနှစ်ယောက်အတွက် ဘဏ်စာအုပ်လေးဖွင့်ပေးထားပြီးတော့ ရွာသူကြီးဆီမှာ အပ်ထားပါတယ်။ လက်ရှိအချိန်ထိ အလှူရှင်တွေဆီက ကျပ်ဆယ့်လေးသိန်းနဲ့ သုံးထောင် လက်ခံရရှိထားပါတယ်။ ဒီကလေးတွေအတွက် လိုအပ်တဲ့ ပညာရေးအသုံးစရိတ်တွေကို ဒီထဲကဘဲ သုံးစွဲသွားမှာပါ။လက်ရှိအချိန်မှာတော့ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေကလည်း ကောင်းပါတယ်။ ကျန်းမာရေးလည်း ကောင်းသလို ပညာရေးကိုလည်း ကောင်းကောင်း သင်ယူနေကြပါတယ်"ဟု အဆိုပါ ကလေးနှစ်ဦးတက်နေသည့် ဈေးတန်း(ကွက်သစ်)ရပ်ကွက် မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နောမိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရှိ မိဘနှစ်ပါးဖြစ်သူ ဦးအားမြှာနှင့် ဒေါ်အီနားတို့သည် စက်တင်ဘာလ(၁၂)ရက်နေ့  ည(၉)နာရီဝန်းကျင်အချိန်က အဆိပ်ပင်၏ အမြစ်နှင့်အရွက်တို့အား ကျိုချက်ပြီး သားသမီး(၄)ဦးအား ဦးစွာတိုက်ကျွေးပြီးနောက် ၎င်းတို့(၂)ဦးမှာ နောက်ဆုံးမှ သောက်ကာ အိပ်ယာဝင်ခဲ့ကြခြင်း ဖြစ်သည်။
 အသက်(၉)နှစ်နှင့် အသက်(၁၃)နှစ်အရွယ် ကလေး(၂)ဦးက ဆေးရည်သောက်ပြီး မကြာမီ အော့အန်ပြီ းပြန်အိပ်ခဲ့ရာ နံနက်(၇)နာရီဝန်းကျင် အိပ်ရာနိုးချိန်၌ ကျန်မိသားစုဝင်များ သေဆုံးနေသည်ကိုတွေ့ရ၍ ပတ်ဝန်းကျင်ကို အသိပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အသက်ရှင်ကျန်ခဲ့သည့် ကလေးနှစ်ဦးအား အဒေါ်ဖြစ်သူ ဒေါ်နာမူးကျိုတို့မိသားစုက မွေးစားထားခြင်းဖြစ်ပြီး ထောက်ပံ့လှူဒါန်းငွေများကို ကျောင်းအုပ်ဆရာမကြီးက ဘဏ်စာရင်းဖွင့်၍ လက်ခံထိန်းသိမ်းပေးထားကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ကလေးနှစ်ဦးအတွက် ပညာသင်ထောက်ပံ့ကြေးပံ့ပိုးပေးရာ အခမ်းအနားသို့ အလှူရှင် ဦးထွန်းဝေနှင့်မိသားစုဝင်များနှင့်အတူ Kyaing Tong Mountain Bike အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာန(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ ရှမ်းပြည်နယ် ပညာရေးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးစိုင်းခမ်းရီ၊ ကျိုင်းတုံမြို့နယ် ဒုတိယပညာရေးမှူး ဦးဇော်လင်းနှင့် မိုင်းဖြတ်မြို့ ဈေးတန်း(ကွက်သစ်)ရပ်ကွက် မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နောမိ၊ ဈေးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်၊ ကလေးများနှစ်ဦးနှင့် ကလေးများ၏ အုပ်ထိန်းသူများတက်ရောက်ခဲ့ကြသည်။
သတင်း၊ဓါတ်ပုံ #ဇွဲမြတ်
~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မုိင္းျဖတ္တြင္ မိဘမ်ားက မိသားစုလုိက္ အဆိပ္ရည္တုိက္၍ ေသေၾကာင္းႀကံမႈမွ အသက္ရွင္က်န္ခဲ့သည့္ ကေလးႏွစ္ဦးအတြက္ ရန္ကုန္ၿမိဳ႕ရိွ ထြန္းသစၥာပြဲရံုက က်ပ္သိန္း (၁၀၀)ေက်ာ္ ပညာသင္ ေထာက္ပံ့ေၾကးေပးအပ္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခ႐ိုင္ မိုင္းျဖတ္ၿမိဳ႕တြင္ မိဘမ်ားက အဆိပ္ပင္ျပဳတ္၍ မိသားစုလိုက္တိုက္ၿပီး ေသေၾကာင္းႀကံခဲ့ရာမွ အသက္ရွင္က်န္ခဲ့သည့္ အသက္(၉)ႏွစ္ႏွင့္ (၁၃)ႏွစ္အ႐ြယ္ ကေလးႏွစ္ဦးကို ရန္ကုန္ၿမိဳ႕ရိွ ထြန္းသစၥာပြဲရံုမိသားစုက ပညာသင္ေထာက္ပံ့ေၾကး က်ပ္ (၁၀၁)သိန္း ပံ့ပိုးေပးသည္။

ရန္ကုန္ၿမိဳ႕ ထြန္းသစၥာပြဲရံုပိုင္ရွင္ ဦးထြန္းေဝႏွင့္ ေဒၚေစာေဘာတုိ႔က က်ိဳင္းတံုၿမိဳ႕သို႔ လာေရာက္ၿပီး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္ေန႔ ညေနပိုင္းတြင္  ေရႊကမၻာဟိုတယ္၌ ကေလးမ်ားအတြက္ ပညာသင္ေထာက္ပံ့ေၾကး ပံ့ပိုးေပးရာ Kyaing Tong Mountain Bike ကလည္း ပညာသင္ေထာက္ပံ့ေၾကး က်ပ္တစ္သိန္းခြဲ ပံ့ပိုးေပးခဲ့သည္။

" ဒီကေလးႏွစ္ေယာက္အေၾကာင္းကို သတင္းထဲမွာေတြ႕ေတာ့ ကံထူးၿပီး မေသလို႔ ရွင္က်န္လာတာကို ဘဝကို ခက္ခက္ခဲခဲ မရုန္းကန္ေစခ်င္လုိ႔ လာေရာက္လႉဒါန္းေပးတာျဖစ္ပါတယ္။ ပညာေလးတတ္ၿပီးေတာ့ ဘဝကို သက္ေသာင့္သက္သာေလး ဆက္လက္ရွင္သန္သြားေစခ်င္တာလည္း ပါပါတယ္။ ဒီေန႔ ကေလးေတြရဲ႕ အုပ္ထိန္းသူေတြနဲ႔ေတြ႕ၿပီးေတာ့ ကေလးေတြရဲ႕ ေရွ႕ေရးအတြက္ ေဆြးေႏြးၾကၿပီးေတာ့  အႀကီးမေလးကို ေနာင္ႏွစ္က်ရင္ မိုင္းျဖတ္မွာ အေဆာင္ထားေပးဖို႔ စီစဥ္သြားဖို႔ရွိပါတယ္။ တကယ္လို႔ ကေလးေတြက ပညာေရးမွာ ထူးခြၽန္တယ္ဆိုရင္ သူတို႔တက္ခ်င္တဲ့ ေက်ာင္းေတြကို ဆုံးခန္းတိုင္ေအာင္ ထားေပးဖို႔ ရည္႐ြယ္ပါတယ္။ အကယ္၍မ်ား ပညာေရးမွာ ဘယ္လိုမွ မလိုက္ႏိုင္ဘူးဆိုရင္လည္း အခုလွဴေပးထားတဲ့ (၁၀၁)သိန္းနဲ႔ ဘဝကို မပင္မပန္းဘဲနဲ႔ လုပ္ကိုင္စားႏိုင္ဖို႔ ရည္႐ြယ္ပါတယ္။ က်န္တာကေတာ့ ပညာေရးကို ဆက္လက္ပံ့ပိုးေပးဖို႔ကို ရည္႐ြယ္ထားပါတယ္"ဟု အလွဴရွင္ ဦးထြန္းေဝက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကေလးမ်ား၏ လက္ရွိအုပ္ထိန္းသူမ်ားႏွင့္ အလႉရွင္မ်ား ေတြ႕ဆုံ၍ ကေလးႏွစ္ဦး၏ ေရွ႕ေရးအတြက္ ေဆြးေႏြးခဲ့ၾကၿပီး ပညာသင္ေထာက္ပံ့ေၾကးမ်ားကို ဘဏ္စာရင္းအပ္ႏွံထားမည္ျဖစ္ေၾကာင္း သိရသည္။
ကေလးႏွစ္ဦးအတြက္ အျခားအလွဴရွင္မ်ား ပံ့ပိုးေပးထားသည့္ အလွဴေငြမ်ားကိုလည္း ဘဏ္စာရင္းဖြင့္လွစ္ ေပးထားေၾကာင္း သိရသည္။

" လက္ရွိမွာ ကေလးႏွစ္ေယာက္အတြက္ ဘဏ္စာအုပ္ေလးဖြင့္ေပးထားၿပီးေတာ့ ႐ြာသူႀကီးဆီမွာ အပ္ထားပါတယ္။ လက္ရွိအခ်ိန္ထိ အလွဴရွင္ေတြဆီက က်ပ္ဆယ့္ေလးသိန္းနဲ႔ သုံးေထာင္ လက္ခံရရွိထားပါတယ္။ ဒီကေလးေတြအတြက္ လိုအပ္တဲ့ ပညာေရးအသုံးစရိတ္ေတြကို ဒီထဲကဘဲ သုံးစြဲသြားမွာပါ။လက္ရွိအခ်ိန္မွာေတာ့ ကေလးေတြရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနေတြကလည္း ေကာင္းပါတယ္။ က်န္းမာေရးလည္း ေကာင္းသလို ပညာေရးကိုလည္း ေကာင္းေကာင္း သင္ယူေနၾကပါတယ္"ဟု အဆိုပါ ကေလးႏွစ္ဦးတက္ေနသည့္ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္ မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေနာမိက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိုင္းျဖတ္ၿမိဳ႕ ေစ်းတန္း(ကြက္သစ္)ရွိ မိဘႏွစ္ပါးျဖစ္သူ ဦးအားျမႇာႏွင့္ ေဒၚအီနားတို႔သည္ စက္တင္ဘာလ(၁၂)ရက္ေန႔  ည(၉)နာရီဝန္းက်င္အခ်ိန္က အဆိပ္ပင္၏ အျမစ္ႏွင့္အ႐ြက္တို႔အား က်ိဳခ်က္ၿပီး သားသမီး(၄)ဦးအား ဦးစြာတိုက္ေကြၽးၿပီးေနာက္ ၎တို႔(၂)ဦးမွာ ေနာက္ဆုံးမွ ေသာက္ကာ အိပ္ယာဝင္ခဲ့ၾကျခင္း ျဖစ္သည္။

 အသက္(၉)ႏွစ္ႏွင့္ အသက္(၁၃)ႏွစ္အ႐ြယ္ ကေလး(၂)ဦးက ေဆးရည္ေသာက္ၿပီး မၾကာမီ ေအာ့အန္ၿပီ းျပန္အိပ္ခဲ့ရာ နံနက္(၇)နာရီဝန္းက်င္ အိပ္ရာႏိုးခ်ိန္၌ က်န္မိသားစုဝင္မ်ား ေသဆုံးေနသည္ကိုေတြ႕ရ၍ ပတ္၀န္းက်င္ကို အသိေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အသက္ရွင္က်န္ခဲ့သည့္ ကေလးႏွစ္ဦးအား အေဒၚျဖစ္သူ ေဒၚနာမူးက်ိဳတုိ႔မိသားစုက ေမြးစားထားျခင္းျဖစ္ၿပီး ေထာက္ပံ့လွဴဒါန္းေငြမ်ားကို ေက်ာင္းအုပ္ဆရာမႀကီးက ဘဏ္စာရင္းဖြင့္၍ လက္ခံထိန္းသိမ္းေပးထားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ကေလးႏွစ္ဦးအတြက္ ပညာသင္ေထာက္ပံ့ေၾကးပံ့ပိုးေပးရာ အခမ္းအနားသို႔ အလွဴရွင္ ဦးထြန္းေဝႏွင့္မိသားစု၀င္မ်ားႏွင့္အတူ Kyaing Tong Mountain Bike အဖြဲ႕ဝင္မ်ား၊ လူမႈဝန္ထမ္းဦးစီးဌာန(က်ိဳင္းတုံ)မွ ဒုတိယၫႊန္ၾကားေရးမႉး ေဒၚခင္ခင္ျမင့္၊ ရွမ္းျပည္နယ္ ပညာေရးဌာနမွ လက္ေထာက္ၫႊန္ ၾကားေရးမွဴး ဦးစိုင္းခမ္းရီ၊ က်ိဳင္းတုံၿမိဳ႕နယ္ ဒုတိယပညာေရးမွဴး ဦးေဇာ္လင္းႏွင့္ မိုင္းျဖတ္ၿမိဳ႕ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္ မူလတန္းလြန္ေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေနာမိ၊ ေစ်းတန္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းလြင္၊ ကေလးမ်ားႏွစ္ဦးနွင့္ ကေလးမ်ား၏ အုပ္ထိန္းသူမ်ားတက္ေရာက္ခဲ့ၾကသည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net