တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ၏ ဓမ္မခရီးစဉ်အတွက် မြန်မာကိုယ်စားပြု ဆရာတော်များ တာချီလိတ်သို့ ကြွရောက်

တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ၏ ဓမ္မခရီးစဉ်အတွက် မြန်မာကိုယ်စားပြု ဆရာတော်များ တာချီလိတ်သို့ ကြွရောက်
အောက်တိုဘာ 15, 2019
By 🌸
တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ၏ ဓမ္မခရီးစဉ်အတွက် မြန်မာကိုယ်စားပြု ဆရာတော်များ တာချီလိတ်သို့ ကြွရောက်

မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံမှ သံဃာတော်များ၏ ဓမ္မခရီးစဉ်အဖြစ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်နှင့် ကျိုင်းတုံမြို့များ၌ ကြွရောက်ရာတွင် အခမ်းအနားများကျင်းပရန်အတွက် မြန်မာကိုယ်စားပြုဆရာတော်များ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့၌ တာချီလိတ်မြို့သို့ ကြွရောက်လာပြီဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် အောက်တိုဘာလ (၁၄) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၅) နိုင်ငံ ဓမ္မခရီးကြွရောက်ရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့များသို့ အောက်တိုဘာလ (၁၆)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကြွရောက်ကြမည် ဖြစ်သည်။

တာချီလိတ်နှင့် ကျိုင်းတုံမြို့များသို့ ကြွရောက်စဉ် ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဗုဒ္ဓဂါယာမှ ယူဆောင်လာသော မဟာဗောဓိညောင်ပင်များ စိုက်ပျိုးခြင်းစသော အခမ်းအနားများကျင်းပရန် မြန်မာကိုယ်စားပြု ဆရာတော်များဖြစ်သည့် နိုင်ငံတော်သံဃမဟာနာယက အကျိုးတော်ဆောင်ဆရာတော် ၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ တိပိဋက (၁၁) ပါးမြောက် ဆရာတော်၊ ကျိုက်ထီးဆောင်းဆရာတော်နှင့် သံဃာတော်များနှင့် အဆိုပါဓမ္မခရီးစဉ်ကို စီစဉ်သည့် သာသနာနုဂ္ဂဟအသင်း (ဗဟို)ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေပါဝင်သည့် အဖွဲ့သည် တာချီလိတ်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဒုတိယအကြိမ် မဲခေါင်မြစ်ဝှမ်းဓမ္မခရီးစဉ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားသို႔ မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံ၏ ဓမၼခရီးစဥ္အတြက္ ျမန္မာကိုယ္စားျပဳ ဆရာေတာ္မ်ား တာခ်ီလိတ္သို႔ ၾကြေရာက္

မဲေခါင္ျမစ္ဝွမ္း (၅) ႏိုင္ငံမွ သံဃာေတာ္မ်ား၏ ဓမၼခရီးစဥ္အျဖစ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ား၌ ၾကြေရာက္ရာတြင္ အခမ္းအနားမ်ားက်င္းပရန္အတြက္ ျမန္မာကိုယ္စားျပဳဆရာေတာ္မ်ား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၄) ရက္ေန႔၌ တာခ်ီလိတ္ၿမိဳ႕သို႔ ၾကြေရာက္လာၿပီျဖစ္သည္။

ျမန္မာ၊ ထုိင္း၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားမွ သံဃာေတာ္မ်ားသည္ ေအာက္တိုဘာလ (၁၄) ရက္ေန႔မွ ေအာက္တိုဘာလ (၃၁) ရက္ေန႔အထိ (၅) ႏိုင္ငံ ဓမၼခရီးၾကြေရာက္ရာတြင္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားသို႔ ေအာက္တိုဘာလ (၁၆)ရက္ေန႔မွ (၁၈)ရက္ေန႔အထိ ၾကြေရာက္ၾကမည္ ျဖစ္သည္။

တာခ်ီလိတ္ႏွင့္ က်ိဳင္းတံုၿမိဳ႕မ်ားသို႔ ၾကြေရာက္စဥ္ ဆရာေတာ္၊ သံဃာေတာ္မ်ားက ပရိတ္တရားေတာ္မ်ား ႐ြတ္ဖတ္ပူေဇာ္ျခင္း၊ ဗုဒၶဂါယာမွ ယူေဆာင္လာေသာ မဟာေဗာဓိေညာင္ပင္မ်ား စိုက္ပ်ိဳးျခင္းစေသာ အခမ္းအနားမ်ားက်င္းပရန္ ျမန္မာကိုယ္စားျပဳ ဆရာေတာ္မ်ားျဖစ္သည့္ ႏိုင္ငံေတာ္သံဃမဟာနာယက အက်ိဳးေတာ္ေဆာင္ဆရာေတာ္ ၊ ႏိုင္ငံေတာ္ပရိယတၱိတကၠသိုလ္ ပါေမာကၡခ်ဳပ္ဆရာေတာ္၊ တိပိဋက (၁၁) ပါးေျမာက္ ဆရာေတာ္၊ က်ိဳက္ထီးေဆာင္းဆရာေတာ္ႏွင့္ သံဃာေတာ္မ်ားႏွင့္ အဆိုပါဓမၼခရီးစဥ္ကို စီစဥ္သည့္ သာသနာႏုဂၢဟအသင္း (ဗဟို)ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေ႐ႊပါဝင္သည့္ အဖြဲ႕သည္ တာခ်ီလိတ္ၿမိဳ႕သို႔ ေရာက္ရိွလာျခင္းျဖစ္သည္။

ဒုတိယအႀကိမ္ မဲေခါင္ျမစ္ဝွမ္းဓမၼခရီးစဥ္အျဖစ္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းႏွင့္ ထိုင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္း၍ စီစဥ္ျခင္းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net