ဂျပန်နိုင်ငံတွင် အင်အားပြင်း တိုင်ဖွန်းဝင်နိုင်၍ ဂျပန်ရောက်မြန်မာများ အကူအညီလိုအပ်ပါက သံရုံးကို ဆက်သွယ်ကြရန် အသိပေးထား

ဂျပန်နိုင်ငံတွင် အင်အားပြင်း တိုင်ဖွန်းဝင်နိုင်၍ ဂျပန်ရောက်မြန်မာများ အကူအညီလိုအပ်ပါက သံရုံးကို ဆက်သွယ်ကြရန် အသိပေးထား
အောက်တိုဘာ 11, 2019
By 🌸
ဂျပန်နိုင်ငံတွင် အင်အားပြင်း တိုင်ဖွန်းဝင်ရောက်ဖွယ်ရှိ၍ ဂျပန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ်သတိပေးချက်၊ ထုတ်ပြန်နှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် အကူအညီလိုအပ်ပါက မြန်မာသံရုံးသို့ ဆက်သွယ်သတင်းပို့ကြရန် သတင်းထုတ်ပြန်ထားသည်။

 အင်အားပြင်းထန်သည့် တိုင်ဖွန်း ဟာဂီးဘီးစ် (Hagibis) သည် ဂျပန်နိုင်ငံအရှေ့ပိုင်းမှ ကုန်းတွင်းပိုင်းသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက်နေ့တွင် စတင်ဝင်ရောက်ရန်ရှိပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ (၁၄၀ )ရှိလာနိုင်သည်ဟု ထုတ်ပြန်ထားသည်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဒေသန္တရ အုပ်ချုပ်ရေးရုံးများနှင့် ဂျပန်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် အေဂျင်စီများမှ အချိန်နှင့်တပြေးညီ ထုတ်ပြန်နှိုးဆော်ချက်များအား လိုက်နာ ဆောင်ရွက်ကြရန် မြန်မာသံရုံးက တိုက်တွန်းထားသည်။

သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့် တပြေးညီ အကူအညီပေးနိုင်ရေးနှင့် ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာသံရုံးက စီစဉ်ဆောင်ရွက်ထားသည့် "on line" သတင်း ပို့မှု ( http://www.myanmar-embassy-tokyo.net/2016/report/ ) စနစ်ဖြင့် ဆက်သွယ်သတင်းပို့ထားကြရန် မေတ္တာရပ်ခံအပ်ပါသည်ဟု သံရုံးထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

မြန်မာနိုင်ငံသားများအနေဖြင့် သဘာဝဘေးအန္တရာယ် အခက်အခဲများ ကြုံတွေ့လာပါက အချိန်နှင့် တပြေးညီသံရုံးမှ ကူညီဆောင်ရွက်ပေးနိုင်ရန် သံရုံး၏ ဖုန်းနံ ပါတ် - ၀၃ ၃၄၄၁ ၉၂၉၁ သို့ လည်းကောင်း၊ အရေးပေါ် ဖုံးနံ ပါတ် - (+ ၈၁) ၀၇၀ ၄၄၁၃ ၇၃၈၃ သို့ လည်း ကောင်း ၊ သံရုံး အီးမေးလ် - contact@ myanmar-embassy-tokyo.net အား လည်းကောင်း ဆက်သွယ်အကြောင်းကြားနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ဂ်ပန္ႏိုင္ငံတြင္ အင္အားျပင္း တုိင္ဖြန္းဝင္ႏုိင္၍ ဂ်ပန္ေရာက္ျမန္မာမ်ား အကူအညီလိုအပ္ပါက သံရံုးကို ဆက္သြယ္ၾကရန္ အသိေပးထား
***************
ဂ်ပန္ႏိုင္ငံတြင္ အင္အားျပင္း တုိင္ဖြန္းဝင္ေရာက္ဖြယ္ရိွ၍ ဂ်ပန္ေရာက္ ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ သဘာဝေဘးအႏၱရာယ္သတိေပးခ်က္၊ ထုတ္ျပန္ႏိႈးေဆာ္ခ်က္မ်ားအား လုိက္နာေဆာင္ရြက္ၾကရန္ႏွင့္ အကူအညီလိုအပ္ပါက ျမန္မာသံရံုးသို႔ ဆက္သြယ္သတင္းပို႔ၾကရန္ သတင္းထုတ္ျပန္ထားသည္။

 အင္အားျပင္းထန္သည့္ တိုင္ဖြန္း ဟာဂီးဘီးစ္ (Hagibis) သည္ ဂ်ပန္ႏိုင္ငံအေရွ႕ပိုင္းမွ ကုန္းတြင္းပိုင္းသို႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၂)ရက္ေန႔တြင္ စတင္ဝင္ေရာက္ရန္ရိွၿပီး အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ ကီလိုမီတာ (၁၄၀ )ရိွလာႏုိင္သည္ဟု ထုတ္ျပန္ထားသည္။

ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ေဒသႏၲရ အုပ္ခ်ဳပ္ေရး႐ုံးမ်ားႏွင့္ ဂ်ပန္ႏိုင္ငံ၏ သဘာဝေဘးအႏၲရာယ္ ေအဂ်င္စီမ်ားမွ အခ်ိန္ႏွင့္တေျပးညီ ထုတ္ျပန္ႏႈိးေဆာ္ခ်က္မ်ားအား လိုက္နာ ေဆာင္႐ြက္ၾကရန္ ျမန္မာသံရံုးက တုိက္တြန္းထားသည္။

သဘာဝေဘးအႏၲရာယ္ က်ေရာက္လာပါက အခ်ိန္ႏွင့္ တေျပးညီ အကူအညီေပးႏိုင္ေရးႏွင့္ ဂ်ပန္ႏိုင္ငံရွိ သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ျမန္မာသံ႐ုံးက စီစဥ္ေဆာင္႐ြက္ထားသည့္ "on line" သတင္း ပို႔မႈ ( http://www.myanmar-embassy-tokyo.net/2016/report/ ) စနစ္ျဖင့္ ဆက္သြယ္သတင္းပို႔ထားၾကရန္ ေမတၱာရပ္ခံအပ္ပါသည္ဟု သံရံုးထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

ျမန္မာႏုိင္ငံသားမ်ားအေနျဖင့္ သဘာဝေဘးအႏၲရာယ္ အခက္အခဲမ်ား ႀကဳံေတြ႕လာပါက အခ်ိန္ႏွင့္ တေျပးညီသံ႐ုံးမွ ကူညီေဆာင္႐ြက္ေပးႏိုင္ရန္ သံ႐ုံး၏ ဖုန္းနံ ပါတ္ - ၀၃ ၃၄၄၁ ၉၂၉၁ သို႔ လည္းေကာင္း၊ အေရးေပၚ ဖုံးနံ ပါတ္ - (+ ၈၁) ၀၇၀ ၄၄၁၃ ၇၃၈၃ သို႔ လည္း ေကာင္း ၊ သံ႐ုံး အီးေမးလ္ - contact@ myanmar-embassy-tokyo.net အား လည္းေကာင္း ဆက္သြယ္အေၾကာင္းၾကားႏုိင္ၾကမည္ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net