တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ထင်ကျေးရွာတွင် ဆွမ်းသွားချက်သည့် အမျိုးသား (၁) ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ဝမ်ထင်ကျေးရွာတွင် ဆွမ်းသွားချက်သည့် အမျိုးသား (၁) ဦး တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရ
အောက်တိုဘာ 14, 2019
By 🌸
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်ကျေးရွာအုပ်စု ဝမ်ထင်ကျေးရွာတွင် အသက် (၆၀) အရွယ် အမျိုးသား (၁) ဦး ဘုန်းကြီးကျောင်းသို့ ဆွမ်းသွားချက်စဉ် တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရမှု ၂၀၁၉ ခုနှစ် အောက်တိုဘာ (၁၄) ရက်နေ့ နံနက်ပိုင်းတွင် ဖြစ်ပွားသည်။

ဘုန်းကြီးကျောင်းတွင် ဆွမ်းချက်ရန် နံနက် (၄) နာရီခန့်၌ နေအိမ်မှလမ်းလျှောက်သွားသည့် ဦးအိုက်လှကောင်(ခ) ဦးလာကွမ်းသည်  နေအိမ်နှင့် ကိုက် (၃၀) ခန့်အကွာရှိ လမ်းပေါ်၌ တူမီးသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ယာဘက်ရင်အုံအထက်နှင့် ညာဘက်လက်မောင်းတွင် ဒဏ်ရာအသီးသီးရသွားခဲ့ကြောင်း သိရသည်။

ဦးအိုက်လှကောင် (ခ) ဦးလာကွမ်းအား မိုင်းယောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရာမှ ဒဏ်ရာမှာ စိုးရိမ်ရသည့်အနေအထားရှိသဖြင့် တာချီလိတ်ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရကြောင်း သိရသည်။

တူမီးသေနတ်ဖြင့်ပစ်ခတ်သူအား မိုင်းယောင်းမြို့မရဲစခန်းတွင် (ပ)၃၂ / ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၀၇/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ခရိုင္ မိုင္းေယာင္းၿမိဳ႕နယ္ ဝမ္ထင္ေက်းရြာတြင္ ဆြမ္းသြားခ်က္သည့္ အမ်ိဳးသား (၁) ဦး တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရ
***********
တာခ်ီလိတ္ခရိုင္၊ မိုင္းေယာင္းၿမိဳ႕နယ္၊ ဝမ္တပ္ေက်းရြာအုပ္စု ဝမ္ထင္ေက်းရြာတြင္ အသက္ (၆၀) အရြယ္ အမ်ိဳးသား (၁) ဦး ဘုန္းႀကီးေက်ာင္းသို႔ ဆြမ္းသြားခ်က္စဥ္ တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရမႈ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ (၁၄) ရက္ေန႔ နံနက္ပိုင္းတြင္ ျဖစ္ပြားသည္။

ဘုန္းႀကီးေက်ာင္းတြင္ ဆြမ္းခ်က္ရန္ နံနက္ (၄) နာရီခန္႔၌ ေနအိမ္မွလမ္းေလွ်ာက္သြားသည့္ ဦးအိုက္လွေကာင္(ခ) ဦးလာကြမ္းသည္  ေနအိမ္ႏွင့္ ကိုက္ (၃၀) ခန္႔အကြာရိွ လမ္းေပၚ၌ တူမီးေသနတ္ျဖင့္ ပစ္ခတ္ခံရသျဖင့္ ယာဘက္ရင္အံုအထက္ႏွင့္ ညာဘက္လက္ေမာင္းတြင္ ဒဏ္ရာအသီးသီးရသြားခဲ့ေၾကာင္း သိရသည္။

ဦးအုိက္လွေကာင္ (ခ) ဦးလာကြမ္းအား မိုင္းေယာင္းျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရာမွ ဒဏ္ရာမွာ စိုးရိမ္ရသည့္အေနအထားရိွသျဖင့္ တာခ်ီလိတ္ေဆးရံုႀကီးသို႔ ဆက္လက္ပို႔ေဆာင္ကာ အတြင္းလူနာအျဖစ္ ကုသမႈခံယူေနရေၾကာင္း သိရသည္။

တူမီးေသနတ္ျဖင့္ပစ္ခတ္သူအား မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ (ပ)၃၂ / ၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၇/၃၂၆ ျဖင့္ အမႈဖြင့္အေရးယူထားၿပီး ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net