တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူထား

တာချီလိတ်တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးအရေးယူထား
အောက်တိုဘာ 6, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လာအိုနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာပြီး တရားမဝင် နေထိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ညပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ထွက်ခွာလာသည့် အဆိုပါ တရုတ်နိုင်ငံသား Zhan Zhengcheng သည် လာအိုနိုင်ငံ ကာစီနိုလောင်းကစားရုံ၌ စားဖိုမှူးအလုပ် လုပ်ကိုင်နေရာမှ လွန်ခဲ့သည့်တစ်လခန့်က တာချီလိတ်မြို့သို့ လာအိုနိုင်ငံမှ စက်လှေဖြင့် ဖြတ်ကူးဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်၊ ဟိုနားကျေးရွာရှိ သူငယ်ချင်းဖြစ်သူ အားရှင်းနှင့်တွေ့ဆုံပြီး စားသောက်ဆိုင်၌ အလုပ်ရမည်ဆို၍ တာချီလိတ်တွင်နေထိုင် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ဗီဇာမပါဘဲဝင်ရောက်လာသည့် တရုတ်နိုင်ငံသားကို တာချီလိတ်မြို့မရဲစခန်းတွင် ၁၉၄၇ ခုနှစ်၊ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ၊ ၃(၁) ကျူး/ ၁၃(ခ)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ တရားမဝင္ေနထုိင္သည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို ဖမ္းဆီးအေရးယူထား
************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ လာအိုႏုိင္ငံမွတစ္ဆင့္ ဝင္ေရာက္လာၿပီး တရားမဝင္ ေနထိုင္ေနသည့္ တရုတ္ႏုိင္ငံသားတစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၅)ရက္ေန႔ညပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

တရုတ္ႏုိင္ငံ၊ ဖူက်န္႔ျပည္နယ္မွ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ (၈)ရက္ေန႔တြင္ ထြက္ခြာလာသည့္ အဆုိပါ တရုတ္ႏုိင္ငံသား Zhan Zhengcheng သည္ လာအိုႏုိင္ငံ ကာစီႏိုေလာင္းကစားရံု၌ စားဖိုမွဴးအလုပ္ လုပ္ကိုင္ေနရာမွ လြန္ခဲ့သည့္တစ္လခန္႔က တာခ်ီလိတ္ၿမိဳ႕သို႔ လာအိုႏုိင္ငံမွ စက္ေလွျဖင့္ ျဖတ္ကူးဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ တာခ်ီလိတ္ၿမိဳ႕ ပါဆတ္ရပ္ကြက္၊ ဟိုနားေက်းရြာရိွ သူငယ္ခ်င္းျဖစ္သူ အားရွင္းႏွင့္ေတြ႔ဆံုၿပီး စားေသာက္ဆုိင္၌ အလုပ္ရမည္ဆို၍ တာခ်ီလိတ္တြင္ေနထုိင္ ေစာင့္ဆုိင္းေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု ဆိုသည္။

ျမန္မာႏုိင္ငံသို႔ ဗီဇာမပါဘဲဝင္ေရာက္လာသည့္ တရုတ္ႏုိင္ငံသားကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ၁၉၄၇ ခုႏွစ္၊ လူဝင္မႈႀကီးၾကပ္ေရး (လတ္တေလာျပဌာန္းခ်က္မ်ား) အက္ဥပေဒပုဒ္မ၊ ၃(၁) က်ဴး/ ၁၃(ခ)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net