တာချီလိတ်မြို့ရှောင်လမ်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်(၁၈၅၂) သန်း ခွင့်ပြုမည်

တာချီလိတ်မြို့ရှောင်လမ်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်(၁၈၅၂) သန်း ခွင့်ပြုမည်
အောက်တိုဘာ 25, 2019
By 🌸
တာချီလိတ်မြို့ရှောင်လမ်းအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေမှ ကျပ်(၁၈၅၂) သန်း ခွင့်ပြုမည်
************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဖောက်လုပ်မည့် မြို့ရှောင်လမ်းအတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ရန်ပုံငွေ ကျပ် (၁၈၅၂)သန်း ခွင့်ပြုပေးသွားမည်ဖြစ်ပြီး  မြို့ရှောင်လမ်းဧရိယာ၌ ပါဝင်မည့်မြေနေရာအတွက် လျော်ကြေးပေးရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့အထိ (၃၀)ဦး ကျန်နေသေးကြောင်း သိရသည်။

"လုပ်ငန်းတွေက စလို့မရသေးဘူး။ တင်ဒါလုပ်ငန်းတွေ ရှိသေးတယ်။ တင်ဒါတွေ ခေါ်ရဦးမယ်။ အခုမှ လုပ်ငန်းလျာထားချက်ပဲ ရှိသေးတာ။ ဘတ်ဂျက်ကျမယ်လို့ လျာထားဆဲပဲ ရှိသေးတာ။ မြေယာ လျော်ကြေးအတွက် အယောက် (၃၀) လောက် ကျန်သေးတယ်။ တစ်ချို့ပိုင်ရှင်တွေက ဆက်သွယ်လို့ မရသေးတာပေါ့"ဟု တာချီလိတ်မြို့နယ် လမ်းဦးစီးမှူး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှောင်လမ်းကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၂) အနီးမှနေ၍ မယ်ဆိုင်ချောင်းတလျှောက် မိုင်းဖုန်းကျေးရွာအုပ်စုရှိ စက်မှုဇုန်နှင့် ဝမ်ပုံဖြတ်လမ်း ဦးထွန်းအောင်ဂိတ်အထိ ဖောက်လုပ်မည်ဖြစ်ပြီး လမ်းဧရိယာအတွင်း ပါဝင်မည့်မြေဧရိယာများအတွက် မြေယာပိုင်ရှင် (၁၉၆)ဦးကို မြေယာလျော်ကြေး ပေးအပ်နေရာ မြေယာပိုင်ရှင်(၃၀) ဦးက လျော်ကြေးယူရန် ကျန်ရှိနေခြင်းဖြစ်သည်။

ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် တာချီလိတ်မြို့ရှောင်လမ်း မြေသားတာဘောင်တည်ဆောက်ခြင်းအတွက် ကျပ်(၈၇၅) သန်း၊ သံကူကွန်ကရစ် Box Culvert (၁၆) စင်းတည်ဆောက်ခြင်းအတွက ကျပ် (၃၂၀) သန်း၊ (၁၀) ပေအရှည် သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းအတွက် ကျပ် (၃၇) သန်း၊ (၁၅) ပေအရှည် သံကူကွန်ကရစ် တံတား (၂) စင်းတည်ဆောက်ခြင်းအတွက် ကျပ်(၆၂၀) သန်းခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမို႕ေရွာင္လမ္းအတြက္ ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ရန္ပံုေငြမွ က်ပ္(၁၈၅၂) သန္း ခြင့္ျပဳမည္
************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ေဖာက္လုပ္မည့္ ၿမို႕ေရွာင္လမ္းအတြက္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕က ၂၀၁၉-၂၀ ဘ႑ာႏွစ္တြင္ ရန္ပံုေငြ က်ပ္ (၁၈၅၂)သန္း ခြင့္ျပဳေပးသြားမည္ျဖစ္ၿပီး  ၿမိဳ႕ေရွာင္လမ္းဧရိယာ၌ ပါဝင္မည့္ေျမေနရာအတြက္ ေလ်ာ္ေၾကးေပးရန္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔အထိ (၃၀)ဦး က်န္ေနေသးေၾကာင္း သိရသည္။

"လုပ္ငန္းေတြက စလို႔မရေသးဘူး။ တင္ဒါလုပ္ငန္းေတြ ရိွေသးတယ္။ တင္ဒါေတြ ေခၚရဦးမယ္။ အခုမွ လုပ္ငန္းလ်ာထားခ်က္ပဲ ရိွေသးတာ။ ဘတ္ဂ်က္က်မယ္လို႔ လ်ာထားဆဲပဲ ရိွေသးတာ။ ေျမယာ ေလ်ာ္ေၾကးအတြက္ အေယာက္ (၃၀) ေလာက္ က်န္ေသးတယ္။ တစ္ခ်ိဳ႕ပိုင္ရွင္ေတြက ဆက္သြယ္လို႔ မရေသးတာေပါ့"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လမ္းဦးစီးမွဴး ဦးျမင့္ေဇာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းကို ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၂) အနီးမွေန၍ မယ္ဆုိင္ေခ်ာင္းတေလွ်ာက္ မိုင္းဖုန္းေက်းရြာအုပ္စုရိွ စက္မႈဇုန္ႏွင့္ ဝမ္ပံုျဖတ္လမ္း ဦးထြန္းေအာင္ဂိတ္အထိ ေဖာက္လုပ္မည္ျဖစ္ၿပီး လမ္းဧရိယာအတြင္း ပါဝင္မည့္ေျမဧရိယာမ်ားအတြက္ ေျမယာပိုင္ရွင္ (၁၉၆)ဦးကို ေျမယာေလ်ာ္ေၾကး ေပးအပ္ေနရာ ေျမယာပိုင္ရွင္(၃၀) ဦးက ေလ်ာ္ေၾကးယူရန္ က်န္ရိွေနျခင္းျဖစ္သည္။

ျပည္နယ္အစိုးရဘတ္ဂ်က္ျဖင့္ တာခ်ီလိတ္ၿမို႕ေရွာင္လမ္း ေျမသားတာေဘာင္တည္ေဆာက္ျခင္းအတြက္ က်ပ္(၈၇၅) သန္း၊ သံကူကြန္ကရစ္ Box Culvert (၁၆) စင္းတည္ေဆာက္ျခင္းအတြက က်ပ္ (၃၂၀) သန္း၊ (၁၀) ေပအရွည္ သံကူကြန္ကရစ္တံတားတည္ေဆာက္ျခင္းအတြက္ က်ပ္ (၃၇) သန္း၊ (၁၅) ေပအရွည္ သံကူကြန္ကရစ္ တံတား (၂) စင္းတည္ေဆာက္ျခင္းအတြက္ က်ပ္(၆၂၀) သန္းခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net