တရုတ်လေကြောင်းလိုင်းသစ်နှစ်ခု ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းသည့်ခရီးစဉ်များ ထပ်တိုး

တရုတ်လေကြောင်းလိုင်းသစ်နှစ်ခု ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းသည့်ခရီးစဉ်များ ထပ်တိုး
အောက်တိုဘာ 28, 2019
By 🌸
တရုတ်လေကြောင်းလိုင်းသစ်နှစ်ခု ရန်ကုန်နှင့် တိုက်ရိုက်ပျံသန်းသည့်ခရီးစဉ်များ ထပ်တိုး
************

တရုတ်လေကြောင်းလိုင်းများဖြစ်သည့် Qingdao လေကြောင်းလိုင်းနှင့် Ruili လေကြောင်းလိုင်းတို့က ရန်ကုန်မြို့နှင့် လေကြောင်းခရီးစဉ်သစ်များ စတင်လိုက်သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆက်သွယ်ပျံသန်းနေသည့် တရုတ်လေကြောင်းလိုင်း စုစုပေါင်း (၁၃)ခုရှိပြီဖြစ်သည်။

တရုတ်နိုင်ငံ၊ ရှီကျင်းပြည်နယ်ရှိ နင်းပေါ်မြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို ချိတ်ဆက်ပျံသန်းသည့် Qingdao လေကြောင်းလိုင်း၏ ပထမဆုံးခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့၌ စတင်လိုက်ခြင်း ဖြစ်ပြီး  Ruili လေကြောင်းလိုင်း၏ သယ်ဟုန် (Dehong) - ရန်ကုန် ခရီးစဉ်ကို အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

Qingdao လေကြောင်းလိုင်းသည် ရန်ကုန် - နင်းပေါ်ခရီးစဉ်ကို အပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲမည်ဖြစ်ပြီး Ruili လေကြောင်းလိုင်း၏ သယ်ဟုန် (Dehong) - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲမည်ဖြစ်သည်။

Ruili လေကြောင်းလိုင်းက မန်ရှီး - မန္တလေး ခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့ကတည်းက စတင်ပျံသန်းပြေးဆွဲပြီးနေခြင်းဖြစ်ရာ သယ်ဟုန် (Dehong) - ရန်ကုန်ခရီးစဉ်မှာ အဆိုပါလေကြောင်းလိုင်း၏ မြန်မာနှင့်ချိတ်ဆက် ပျံသန်းသည့် ဒုတိယမြောက်ခရီးစဉ်ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တရုတ္ေလေၾကာင္းလုိင္းသစ္ႏွစ္ခု ရန္ကုန္ႏွင့္ တုိက္ရုိက္ပ်ံသန္းသည့္ခရီးစဥ္မ်ား ထပ္တိုး
************

တရုတ္ေလေၾကာင္းလုိင္းမ်ားျဖစ္သည့္ Qingdao ေလေၾကာင္းလိုင္းႏွင့္ Ruili ေလေၾကာင္းလိုင္းတို႔က ရန္ကုန္ၿမိဳ႕ႏွင့္ ေလေၾကာင္းခရီးစဥ္သစ္မ်ား စတင္လုိက္သျဖင့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ႏွင့္ ဆက္သြယ္ပ်ံသန္းေနသည့္ တရုတ္ေလေၾကာင္းလုိင္း စုစုေပါင္း (၁၃)ခုရိွၿပီျဖစ္သည္။

တ႐ုတ္ႏိုင္ငံ၊ ရွီက်င္းျပည္နယ္ရွိ နင္းေပၚၿမိဳ႕ႏွင့္ ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕တုိ႔ကို ခ်ိတ္ဆက္ပ်ံသန္းသည့္ Qingdao ေလေၾကာင္းလိုင္း၏ ပထမဆံုးခရီးစဥ္ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၈) ရက္ေန႔၌ စတင္လုိက္ျခင္း ျဖစ္ၿပီး  Ruili ေလေၾကာင္းလိုင္း၏ သယ္ဟုန္ (Dehong) - ရန္ကုန္ ခရီးစဥ္ကို ေအာက္တိုဘာလ (၂၇) ရက္ေန႔က စတင္ခဲ့ျခင္းျဖစ္သည္။

Qingdao ေလေၾကာင္းလိုင္းသည္ ရန္ကုန္ - နင္းေပၚခရီးစဥ္ကို အပတ္စဥ္ တနလၤာႏွင့္ ေသာၾကာေန႔တုိင္း ပ်ံသန္းေျပးဆြဲမည္ျဖစ္ၿပီး Ruili ေလေၾကာင္းလိုင္း၏ သယ္ဟုန္ (Dehong) - ရန္ကုန္ ခရီးစဥ္ကို အပတ္စဥ္ တနလၤာ၊ ဗုဒၶဟူး၊ ေသာၾကာႏွင့္ တနဂၤေႏြေန႔တုိင္း ေျပးဆြဲမည္ျဖစ္သည္။

Ruili ေလေၾကာင္းလိုင္းက မန္ရွီး - မႏၲေလး ခရီးစဥ္ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၃၁) ရက္ေန႔ကတည္းက စတင္ပ်ံသန္းေျပးဆြဲၿပီးေနျခင္းျဖစ္ရာ သယ္ဟုန္ (Dehong) - ရန္ကုန္ခရီးစဥ္မွာ အဆိုပါေလေၾကာင္းလုိင္း၏ ျမန္မာႏွင့္ခ်ိတ္ဆက္ ပ်ံသန္းသည့္ ဒုတိယေျမာက္ခရီးစဥ္ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net