ဆီးချို သွေးချိုဖြစ်ပွားမှုနှုန်း အဆင့် (၅)တွင်ရှိနေသည့် မကွေးတွင် ဆီးချိုသွေးချိုရောဂါ ပညာပေး ကုသဆောင် ဖွင့်လှစ်

ဆီးချို သွေးချိုဖြစ်ပွားမှုနှုန်း အဆင့် (၅)တွင်ရှိနေသည့် မကွေးတွင် ဆီးချိုသွေးချိုရောဂါ ပညာပေး ကုသဆောင် ဖွင့်လှစ်
အောက်တိုဘာ 10, 2019
By 🌸
ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနှုန်း အဆင့် (၅)တွင်ရှိနေသည့် မကွေးတိုင်းရှိ တိုင်းပြည်သူ့ဆေးရုံကြီးတွင် ဆီးချို သွေးချို ရောဂါ ပညာပေးကုသဆောင်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုလ (၁၀)ရက်နေ့မှစ၍ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

 “မကွေးမှာ သမားတော်ကြီးတွေ အစုံရှိနေတယ်ဆိုပေမဲ့ ရောဂါစုံနဲ့ လာပြကြတာဆိုတော့ ရောဂါတစ်ခုကို ထောင့်ပေါင်းစုံကနေ အချိန်ပေးပြီး မကြည့်နိုင်ဘူး။ ဒီဆေးရုံကိုဖွင့်လိုက်တဲ့အတွက် ဆီးချို သွေးချိုရောဂါ ရှင်တွေကို သီးသန့်အချိန်ပေးပြီး ကြည့်နိုင်မယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေကို အပြည့်အဝ လုပ်ပေးနိုင်မယ်။ ဆီးချို သွေးချို ရောဂါကုသရေးနဲ့ ပတ်သက်ပြီး မကွေးက ဆရာဝန်တွေကို မြောက်ဥက္ကလာဆေးရုံကိုခေါ်ပြီး တစ်လလောက် သင်တန်းပေးသွားဖို့ အစီအစဉ်လည်းရှိပါတယ်”ဟု ဆေးတက္ကသိုလ်(၁)မှ ဆီးချိုနှင့်ဟိုမုန်း ရောဂါအထူးကုဌာန ပါမောက္ခ ဒေါက်တာကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာတစ်နိုင်ငံလုံး၌ ၂၀၁၄ ခုနှစ် စစ်တမ်းအရ အသက် (၂၅) နှစ်မှ (၆၅)နှစ်ကြားတွင် ဆီးချို သွေးချိုဖြစ်ပွားသူ (၁၀.၅ ) ရာခိုင်နှုန်းရှိပြီး မကွေးတိုင်းသည် ဆီးချို သွေးချို ဖြစ်ပွားမှု အဆင့် (၅)တွင် ရှိနေကြောင်း သိရသည်။

ယခုအဆောက်အဦးကို ဒိန်းမတ်နိုင်ငံ NOVO Nordisk ကုမ္ပဏီက Myanmar Diabetes Care Program ဖြင့် ၂၀၁၇  ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ(၄)နှစ်တာ စီမံချက်ကာလအတွင်း (၅) ခု မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျပ်သိန်း(၄၅၀)ဝန်းကျင် သုံးစွဲထားခြင်းဖြစ်ကြောင်းသိရသည်။

အလားတူ ကုသဆောင်များကို ရန်ကုန်မြို့ရှိ သင်္ကန်းကျွန်းစံပြဆေးရုံကြီးနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး တို့တွင် ဆက်လက်ဆောက်လုပ်ပေးသွားမည်ဖြစ်သည်။

စီမံချက်ကာလအတွင်း အင်ဆူလင်ဆေးများ၊ ဆီး ချိုရောဂါရှိ၊ မရှိ စစ်ဆေးသည့်စက်များကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဆီးချို သွေးချိုရောဂါနှင့်ပတ်သက်သည့် လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ (၂.၂)သန်း သုံးစွဲရန်လျာထားကြောင်း ဒိန်းမတ်သံအမတ် ကြီး Mr John Nielsen ၏ ပြောကြားချက်အရ သိရသည်။

ဆီးချိုသွေးချိုရောဂါကာကွယ်ရန်အတွက် အချို၊ အငံနှင့် အဆီအဆိမ့်များအား အလွန် အမင်းစားသုံးကြခြင်းကို ရှောင်ကြဉ်၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း၊ဓာတ်ပုံ #ဖီးနစ်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ဆီးခ်ိဳ ေသြးခ်ိဳျဖစ္ပြားမႈႏႈန္း အဆင့္ (၅)တြင္ရိွေနသည့္ မေကြးတြင္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ပညာေပး ကုသေဆာင္ ဖြင့္လွစ္
*************
ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ပြားမႈႏႈန္း အဆင့္ (၅)တြင္ရိွေနသည့္ မေကြးတိုင္းရိွ တုိင္းျပည္သူ႔ေဆးရံုႀကီးတြင္ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါ ပညာေပးကုသေဆာင္ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုလ (၁၀)ရက္ေန႔မွစ၍ ဖြင့္လွစ္လုိက္ၿပီျဖစ္သည္။

 “မေကြးမွာ သမားေတာ္ႀကီးေတြ အစံုရိွေနတယ္ဆိုေပမဲ့ ေရာဂါစံုနဲ႔ လာျပၾကတာဆိုေတာ့ ေရာဂါတစ္ခုကို ေထာင့္ေပါင္းစံုကေန အခ်ိန္ေပးၿပီး မၾကည့္ႏိုင္ဘူး။ ဒီေဆးရံုကိုဖြင့္လိုက္တဲ့အတြက္ ဆီးခ်ိဳ ေသြးခ်ိဳေရာဂါ ရွင္ေတြကို သီးသန္႔အခ်ိန္ေပးၿပီး ၾကည့္ႏိုင္မယ္။ လိုအပ္တဲ့စစ္ေဆးမႈေတြကို အျပည့္အဝ လုပ္ေပးႏိုင္မယ္။ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါကုသေရးနဲ႔ ပတ္သက္ၿပီး မေကြးက ဆရာဝန္ေတြကို ေျမာက္ဥကၠလာေဆးရံုကိုေခၚၿပီး တစ္လေလာက္ သင္တန္းေပးသြားဖို႔ အစီအစဥ္လည္းရိွပါတယ္”ဟု ေဆးတကၠသိုလ္(၁)မွ ဆီးခ်ိဳႏွင့္ဟိုမုန္း ေရာဂါအထူးကုဌာန ပါေမာကၡ ေဒါက္တာကိုကိုက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာတစ္ႏုိင္ငံလံုး၌ ၂၀၁၄ ခုႏွစ္ စစ္တမ္းအရ အသက္ (၂၅) ႏွစ္မွ (၆၅)ႏွစ္ၾကားတြင္ ဆီးခ်ိဳ ေသြးခ်ိဳျဖစ္ပြားသူ (၁၀.၅ ) ရာခိုင္ႏွဳန္းရိွၿပီး မေကြးတိုင္းသည္ ဆီးခ်ိဳ ေသြးခ်ိဳ ျဖစ္ပြားမႈ အဆင့္ (၅)တြင္ ရိွိေနေၾကာင္း သိရသည္။

ယခုအေဆာက္အဦးကို ဒိန္းမတ္ႏိုင္ငံ NOVO Nordisk ကုမၸဏီက Myanmar Diabetes Care Program ျဖင့္ ၂၀၁၇  ခုႏွစ္မွ ၂၀၂၀ ခုႏွစ္အထိ(၄)နွစ္တာ စီမံခ်က္ကာလအတြင္း (၅) ခု ေျမာက္ဖြင့္လွစ္ျခင္းျဖစ္ၿပီး က်ပ္သိန္း(၄၅၀)ဝန္းက်င္ သံုးစြဲထားျခင္းျဖစ္ေၾကာင္းသိရသည္။

အလားတူ ကုသေဆာင္မ်ားကို ရန္ကုန္ၿမိဳ႕ရိွ သကၤန္းကၽြန္းစံျပေဆးရံုႀကီးႏွင့္ ေမာ္လၿမိဳင္ျပည္သူ႔ေဆးရံုႀကီး တို႔တြင္ ဆက္လက္ေဆာက္လုပ္ေပးသြားမည္ျဖစ္သည္။

စီမံခ်က္ကာလအတြင္း အင္ဆူလင္ေဆးမ်ား၊ ဆီး ခ်ိဳေရာဂါရိွ၊ မရိွ စစ္ေဆးသည့္စက္မ်ားကိုလည္း ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး ဆီးခ်ိဳ ေသြးခ်ိဳေရာဂါႏွင့္ပတ္သက္သည့္ လုပ္ငန္းမ်ားအတြက္ အေမရိကန္ေဒၚလာ (၂.၂)သန္း သံုးစြဲရန္လ်ာထားေၾကာင္း ဒိန္းမတ္သံအမတ္ ႀကီး Mr John Nielsen ၏ ေျပာၾကားခ်က္အရ သိရသည္။

ဆီးခ်ိဳေသြးခ်ိဳေရာဂါကာကြယ္ရန္အတြက္ အခ်ိဳ၊ အငံႏွင့္ အဆီအဆိမ့္မ်ားအား အလြန္ အမင္းစားသံုးၾကျခင္းကို ေရွာင္ၾကဥ္၍ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းျဖင့္ ကာကြယ္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓာတ္ပံု #ဖီးနစ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net