နယ်စပ်ဒေသ တာချီလိတ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း (၁၀၀) ကျော်ဖြင့် ၂၀၂၀ ခုနှစ်အတွင်း CCTV များ တပ်ဆင်နိုင်မည်

နယ်စပ်ဒေသ တာချီလိတ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း (၁၀၀) ကျော်ဖြင့် ၂၀၂၀ ခုနှစ်အတွင်း CCTV များ တပ်ဆင်နိုင်မည်
အောက်တိုဘာ 27, 2019
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ်သန်း (၁၀၀) ကျော်ဖြင့် ၂၀၂၀ ခုနှစ်အတွင်း CCTV များ တပ်ဆင်နိုင်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင်း လုံခြုံရေးအတွက် CCTV ကင်မရာများတပ်ဆင်ရန် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေ ကျပ်သန်း (၁၀၉.၉၀၇) ကို ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလနောက်ပိုင်းတွင် စတင်အကောင်အထည်ဖော်နိုင်ဖွယ်ရှိသည်ဟု သိရသည်။

"၂၀၁၉-၂၀ မှာ အကောင်အထည်ဖော်ရမှာပေါ့။ ၂၀၁၉-၂၀၂၀ ပြည်နယ်ဘတ်ဂျက်မှာ ချပေးလိုက်တာပေါ့။ ဒီလပိုင်းကစပြီးတော့ နောက်နှစ် (၄) လပိုင်းအတွင်း အကောင်အထည်ဖော်ရမှာပေါ့။ တစ်နှစ်ထက်တစ်နှစ် ဘတ်ဂျက်တွေကျလာရင် Control Center ပုံစံမျိုးထိဖြစ်လာမှာပေါ့။ ရှမ်းအစိုးရကနေ တင်ဒါခေါ်မှာ။ တင်ဒါခေါ်ပြီး အောင်တဲ့ကုမ္ပဏီက လုပ်ရမှာပေါ့"ဟု ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရစီမံကိန်းနှင့်ဘဏ္ဍာရေး စီစစ်ရေးကော်မတီ ဥက္ကဌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း နေရာပေါင်း (၂၄) နေရာတွင် CCTV ကင်မရာများ တပ်ဆင်သွားရန်စီစဉ်ထားပြီး ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် နေရာ (၆) နေရာတွင် ခရိုင်စီမံခန့်ခွဲရေးကော်မတီက ဒေသရန်ပုံငွဖြေင့် တပ်ဆင်ထားပြီးဖြစ်သည်။

ယခင်က တာချီလိတ်မြို့တွင် တပ်ဆင်ထားသည့် CCTV ကင်မရာများမှာ သက်တမ်းကြာမြင့်သဖြင့် ကောင်းစွာ အလုပ် မလုပ်တော့ဘဲဖြစ်နေရာ လမ်းမကြီးပေါ်ရှိ မီးပွိုင့်တွင် သေနတ်ဖြင့်ပစ်သတ်၍ လုပ်ကြံမှုများအထိ ဖြစ်ပွားခဲ့သဖြင့် CCTV များ ကိုယ်ထူကိုယ်ထတပ်ဆင်ရန် မြို့မီးလင်းရေးကော်မတီက ကျပ်သိန်း (၂၀၀) နှင့် Eastern Eagle MC အဖွဲ့မှ ကျပ်သိန်း (၄၀) အသီးသီးလှူဒါန်းထားကြသဖြင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီကို ခရိုင်စီမံခန့်ခွဲရေးကော်မတီက ရှာဖွေနခြေင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် အချက်အချာကျသည့်နေရာများ၌ CCTV ကင်မရာများ တပ်ဆင်ထားပြီး Control Center မှ စောင့်ကြည့်သည့် စနစ်ကို စတင်အကောင်အထည်ဖော်နပြေီးနောက် ခရိုင်မြို့များတွင် ဆက်လက်ဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~




တာချီလိတ်မြို့တွင်း နေရာပေါင်း (၂၄) နေရာတွင် CCTV ကင်မရာများ တပ်ဆင်သွားရန်စီစဉ်ထားပြီး ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် နေရာ (၆) နေရာတွင် ခရိုင်စီမံခန့်ခွဲရေးကော်မတီက ဒေသရန်ပုံငွေဖြင့် တပ်ဆင်ထားပြီးဖြစ်သည်။

ယခင်က တာချီလိတ်မြို့တွင် တပ်ဆင်ထားသည့် CCTV ကင်မရာများမှာ သက်တမ်းကြာမြင့်သဖြင့် ကောင်းစွာ အလုပ် မလုပ်တော့ဘဲဖြစ်နေရာ လမ်းမကြီးပေါ်ရှိ မီးပွိုင့်တွင် သေနတ်ဖြင့်ပစ်သတ်၍ လုပ်ကြံမှုများအထိ ဖြစ်ပွားခဲ့သဖြင့် CCTV များ ကိုယ်ထူကိုယ်ထတပ်ဆင်ရန် မြို့မီးလင်းရေးကော်မတီက ကျပ်သိန်း (၂၀၀) နှင့် Eastern Eagle MC အဖွဲ့မှ ကျပ်သိန်း (၄၀) အသီးသီးလှူဒါန်းထားကြသဖြင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီကို ခရိုင်စီမံခန့်ခွဲရေးကော်မတီက ရှာဖွေနေခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊ လားရှိုးနှင့် ကျိုင်းတုံမြို့များတွင် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် အချက်အချာကျသည့်နေရာများ၌ CCTV ကင်မရာများ တပ်ဆင်ထားပြီး Control Center မှ စောင့်ကြည့်သည့် စနစ်ကို စတင်အကောင်အထည်ဖေါ်နေပြီးနောက် ခရိုင်မြို့များတွင် ဆက်လက်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net