တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တွင် နိုဝင်ဘာလ (၁)ရက်နေ့၌ အမှိုက်ရှင်းလင်းခြင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်နိုင်

တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တွင် နိုဝင်ဘာလ (၁)ရက်နေ့၌ အမှိုက်ရှင်းလင်းခြင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်နိုင်
အောက်တိုဘာ 31, 2019
By Tachileik News Agency
တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တွင် နိုဝင်ဘာလ (၁)ရက်နေ့၌ အမှိုက်ရှင်းလင်းခြင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ ပူးပေါင်းပါဝင်နိုင်
****************

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုရှိ မြို့မသုသာန်သစ်(ပုံလို့)တွင် တာချီလိတ်မဟာမြတ်မုနိဆရာတော်၏ အန္တိမအဂ္ဂိဈာပနအပြီးတွင် ကျန်ခဲ့သည့်အမှိုက်များရှင်းလင်းခြင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၈)နာရီ၌ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်းဆောင်ရွက်ခဲ့ကြသော်လည်း အမှိုက်များရှင်းလင်းရန် ကျန်နေသေး၍ နိုဝင်ဘာလ (၁)ရက်နေ့၌ ဆက်လက်ရှင်းလင်းမည်ဖြစ်ရာ အများပြည်သူအနေဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်ကြမည်ဖြစ်သည်။

"မနက်ဖြန်(နိုဝင်ဘာ (၁)ရက်) မနက် (၇) နာရီမှာ အမှိုက်ထပ်ကောက်မယ်။ အမှိုက်တွေအများကြီးကျန်သေးတယ်။ တာချီလိတ်ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်နိုင်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှုးဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မြို့မသုသာန်သစ်(ပုံလို့)၌ အမှိုက်များရှင်းလင်းခြင်းအပြင် မဟာမြတ်မုနိဆရာတော်၏ အရိုးပြာကောက်ခြင်းကိုလည်း ဆောင်ရွက်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းနှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှဝန်ထမ်းများ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့၊ မဇ္ဇိမ လူမှုကူညီရေးအသင်းနှင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ ဒါယိကာ၊ ဒါယိကာမများ စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕မသုသာန္သစ္(ပံုလို႔)တြင္ ႏိုဝင္ဘာလ (၁)ရက္ေန႔၌ အမိႈက္ရွင္းလင္းျခင္း ဆက္လက္ေဆာင္ရြက္မည္ျဖစ္၍ ပူးေပါင္းပါဝင္ႏုိင္
****************

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ၀မ္လံုးေက်းရြာအုပ္စုရိွ ၿမို႕မသုသာန္သစ္(ပံုလို႔)တြင္ တာခ်ီလိတ္မဟာျမတ္မုနိဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနအၿပီးတြင္ က်န္ခဲ့သည့္အမိႈက္မ်ားရွင္းလင္းျခင္းကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၁)ရက္ေန႔ နံနက္ (၈)နာရီ၌ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႕မ်ားပူးေပါင္းေဆာင္ရြက္ခဲ့ၾကေသာ္လည္း အမိႈက္မ်ားရွင္းလင္းရန္ က်န္ေနေသး၍ ႏိုဝင္ဘာလ (၁)ရက္ေန႔၌ ဆက္လက္ရွင္းလင္းမည္ျဖစ္ရာ အမ်ားျပည္သူအေနျဖင့္ ပူးေပါင္းပါဝင္လုပ္ေဆာင္နုိင္ၾကမည္ျဖစ္သည္။

"မနက္ျဖန္(ႏို၀င္ဘာ (၁)ရက္) မနက္ (၇) နာရီမွာ အမိႈက္ထပ္ေကာက္မယ္။ အမိႈက္ေတြအမ်ားႀကီးက်န္ေသးတယ္။ တာခ်ီလိတ္ျပည္သူေတြအေနနဲ႔ ပူးေပါင္းပါ၀င္ႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယေန႔နံနက္ပိုင္းတြင္ ၿမိဳ႕မသုသာန္သစ္(ပံုလုိ႔)၌ အမိႈက္မ်ားရွင္းလင္းျခင္းအျပင္ မဟာျမတ္မုနိဆရာေတာ္၏ အရိုးျပာေကာက္ျခင္းကိုလည္း ေဆာင္ရြက္ၾကသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ၀န္ထမ္းမ်ား၊ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ မီးသတ္တပ္ဖြဲ႕၀င္မ်ား၊ ဗမာတိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕၊ မဇၨိမ လူမႈကူညီေရးအသင္းႏွင့္ မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ ဒါယိကာ၊ ဒါယိကာမမ်ား စုေပါင္းအမိႈက္ေကာက္ခဲ့ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net