မြဝတီနှင့် မဲဆောက်ဆက်သွယ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) စတင်ဖွင့်လှစ်

မြဝတီနှင့် မဲဆောက်ဆက်သွယ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) စတင်ဖွင့်လှစ်
အောက်တိုဘာ 30, 2019
By 🌸
 မြဝတီနှင့် မဲဆောက်ဆက်သွယ်သည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) စတင်ဖွင့်လှစ်
*********

အရှေ့- အနောက် စီးပွားရေးစင်္ကြန်လမ်းကြောင်းဖြစ်လာဖွယ်ရှိသည့် မြဝတီ - မဲဆောက် ဆက်သွယ် ထားသော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

အဆိုပါတံတားကို နေ့စဉ် နံနက် ထိုင်းစံတော်ချိန် (၅)နာရီခွဲမှ ညနေ (၈)နာရီခွဲအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ည (၁၀)နာရီခွဲအထိ အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးကိုလည်း တင်ပြသွားမည်ဟု သိရသည်။
တံတားသစ်တွင် ကုန်တင်ယာဉ်ကြီးများ အဓိကဖြတ်သန်းမည်ဖြစ်ရာ အိမ်စီးကားများ၊ ခရီးသည်တင်မော်တောယာဉ်များနှင့် ကုန်တင်ယာဉ်ငယ်များမှာ တံတား (၁)မှသာ ဖြတ်သန်းရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တက်ခ်ခရိုင်နှင့် မြန်မာနိုင်ငံဘက်ခြမ်းမှ ကရင်ပြည်နယ်၊ မြဝတီမြို့တို့ကြားဆက်သွယ်ထားသည့် အဆိုပါတံတားဖွင့်လှစ်လိုက်ခြင်းဖြင့် ထိုင်းနိုင်ငံဘက်မှ ပို့ကုန်များကို မြန်မာမှ တတိယနိုင်ငံများသို့ တင်ပို့ရာတွင် အထောက်အကူဖြစ်လာမည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ထားသည်။

Source: Bangkok Post

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
 ျမဝတီႏွင့္ မဲေဆာက္ဆက္သြယ္သည့္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္ (၂) စတင္ဖြင့္လွစ္
*********

အေရွ႕- အေနာက္ စီးပြားေရးစႀကၤန္လမ္းေၾကာင္းျဖစ္လာဖြယ္ရိွသည့္ ျမဝတီ - မဲေဆာက္ ဆက္သြယ္ ထားေသာ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၂)ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ စတင္ဖြင့္လွစ္လုိက္ၿပီျဖစ္သည္။

အဆိုပါတံတားကို ေန႔စဥ္ နံနက္ ထုိင္းစံေတာ္ခ်ိန္ (၅)နာရီခြဲမွ ညေန (၈)နာရီခြဲအထိ ဖြင့္လွစ္သြားမည္ျဖစ္ၿပီး ည (၁၀)နာရီခြဲအထိ အခ်ိန္တိုးျမႇင့္ဖြင့္လွစ္ႏုိင္ေရးကိုလည္း တင္ျပသြားမည္ဟု သိရသည္။

တံတားသစ္တြင္ ကုန္တင္ယာဥ္ႀကီးမ်ား အဓိကျဖတ္သန္းမည္ျဖစ္ရာ အိမ္စီးကားမ်ား၊ ခရီးသည္တင္ေမာ္ေတာယာဥ္မ်ားႏွင့္ ကုန္တင္ယာဥ္ငယ္မ်ားမွာ တံတား (၁)မွသာ ျဖတ္သန္းရမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ တက္ခ္ခရိုင္ႏွင့္ ျမန္မာႏုိင္ငံဘက္ျခမ္းမွ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တုိ႔ၾကားဆက္သြယ္ထားသည့္ အဆိုပါတံတားဖြင့္လွစ္လုိက္ျခင္းျဖင့္ ထိုင္းႏုိင္ငံဘက္မွ ပို႔ကုန္မ်ားကို ျမန္မာမွ တတိယႏုိင္ငံမ်ားသို႔ တင္ပို႔ရာတြင္ အေထာက္အကူျဖစ္လာမည္ဟု ထုိင္းနိုင္ငံက ေမွ်ာ္လင့္ထားသည္။

Source: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net