တာချီလိတ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ယာဉ်ကြောပိတ်ဆို့မှု စံချိန်တင် ကြာမြင့်

တာချီလိတ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် ယာဉ်ကြောပိတ်ဆို့မှု စံချိန်တင် ကြာမြင့်
အောက်တိုဘာ 11, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် သီတင်းကျွတ် ကာလ အလုပ်ပိတ်ရက်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့၌ နံနက် (၈)နာရီကတည်းက ညနေ (၃)နာရီခွဲအထိ အချိန်ကြာမြင့်စွာ ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်းနိုင်ခြင်းမရှိသေးဘဲဖြစ်နေသည်ကို တွေ့ရသည်။

 “ခါတိုင်းက ပွိုင့်တစ်ပွိုင့်ကို နှစ်ယောက်ပဲ တာဝန်ယူရတယ်။ ဒီနေ့ကတော့ (၃)ယောက်တာဝန်ယူပြီး ရှင်းပေးနေရတယ်”ဟု မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားထိပ်တွင် ယာဉ်ကြောပိတ်ဆို့မှုအား ရှင်းလင်းပေးနေသည့်  ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဘက်မှ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားသည့် မော်တော်ယာဉ်များမှာ မယ်ဆိုင်ဘက် စစ်ဆေးရေးဂိတ်ဘက်မှနေ၍ တံတားထိပ်သို့ သွားသည့် ဗိုလ်ချုပ်လမ်းမကြီးတလျှောက်အထိ ပိတ်ဆို့နေသဖြင့် အဝိုင်းထိပ်မှစတင်ပြီး တံတားပေါ် မြန်မာအထွက် တံဆိပ်တုံးထုရာနေရာအထိ ယာဉ်ကြောနှစ်ထပ် ဖြစ်နေသည်ကို တွေ့ရသည်။

“ပုံမှန်အားဖြင့် ကား၊ဆိုင်ကယ်အပါအဝင် မော်တော်ယာဉ်က အစီးရေ (၁၆၀)၊ (၁၇၀)လောက် ဖြတ်ကြတာ။ ဒီနေ့လို အသွားအလာများတဲ့နေ့ဆိုရင် အစီးရေ (၂၀၀)ကျော်မယ်”ဟု အမှတ်(၁)ချစ်ကြည်ရေးတံတားရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယာဉ်ကြောပိတ်ဆို့နေသည့်အတွက် လဝကမှ အထွက်တုံးထုသည့်နေရာတွင် အချိန်မကြန့်ကြာစေရန် ဝန်ထမ်းများက ကားပေါ်ပါသူများကို အောက်မဆင်းစေဘဲ စာရွက်စာတမ်းများ ကိုယ်တိုင်ယူဆောင်ကာ တံဆိပ်တုံးထုပေးနေပြီး အဝိုင်းပတ်နေရာတွင်လည်း ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် (၃) ဦးက ယာဉ်ကြော ရှင်းလင်းပေး နေသော်လည်း တံတားပေါ်တွင် ပိတ်ဆို့နေသည့် ယာဉ်ကြောအား ဖြတ်ကျော်တက်ရန် ကြိုးစားသည့် မော်တော်ယာဉ်အချို့ကိုလည်း တွေ့ရသည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)မှ အိမ်စီးကားများ၊ ဆိုင်ကယ်များ၊ တစ်ပိုင်တစ်နိုင်ကုန်စည်တင်သည့် မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်ပြီး ချစ်ကြည်ရေးတံတား (၂)တွင် ကုန်စည်ပို့ဆောင်ရေးနှင့် ကျောင်းကြိုပို့ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပြုထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ရိွ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈ စံခ်ိန္တင္ ၾကာျမင့္
*****************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁) တြင္ သီတင္းကၽြတ္ ကာလ အလုပ္ပိတ္ရက္ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၁)ရက္ေန႔၌ နံနက္ (၈)နာရီကတည္းက ညေန (၃)နာရီခြဲအထိ အခ်ိန္ၾကာျမင့္စြာ ယာဥ္ေၾကာပိတ္ဆို႔မႈ ရွင္းလင္းႏုိင္ျခင္းမရိွေသးဘဲျဖစ္ေနသည္ကို ေတြ႔ရသည္။

 “ခါတုိင္းက ပိြဳင့္တစ္ပိြဳင့္ကို ႏွစ္ေယာက္ပဲ တာဝန္ယူရတယ္။ ဒီေန႔ကေတာ့ (၃)ေယာက္တာဝန္ယူၿပီး ရွင္းေပးေနရတယ္”ဟု ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားထိပ္တြင္ ယာဥ္ေၾကာပိတ္ဆို႔မႈအား ရွင္းလင္းေပးေနသည့္  ယာဥ္ထိန္းတပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ဘက္မွ ထုိင္းနုိင္ငံ မယ္ဆုိင္ဘက္သို႔ သြားသည့္ ေမာ္ေတာ္ယာဥ္မ်ားမွာ မယ္ဆိုင္ဘက္ စစ္ေဆးေရးဂိတ္ဘက္မွေန၍ တံတားထိပ္သို႔ သြားသည့္ ဗိုလ္ခ်ဳပ္လမ္းမႀကီးတေလွ်ာက္အထိ ပိတ္ဆို႔ေနသျဖင့္ အ၀ိုင္းထိပ္မွစတင္ၿပီး တံတားေပၚ ျမန္မာအထြက္ တံဆိပ္တံုးထုရာေနရာအထိ ယာဥ္ေၾကာႏွစ္ထပ္ ျဖစ္ေနသည္ကို ေတြ႔ရသည္။

“ပံုမွန္အားျဖင့္ ကား၊ဆိုင္ကယ္အပါအဝင္ ေမာ္ေတာ္ယာဥ္က အစီးေရ (၁၆၀)၊ (၁၇၀)ေလာက္ ျဖတ္ၾကတာ။ ဒီေန႔လို အသြားအလာမ်ားတဲ့ေန႔ဆိုရင္ အစီးေရ (၂၀၀)ေက်ာ္မယ္”ဟု အမွတ္(၁)ခ်စ္ၾကည္ေရးတံတားရိွ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနမွ တာဝန္က်ဝန္ထမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယာဥ္ေၾကာပိတ္ဆို႔ေနသည့္အတြက္ လဝကမွ အထြက္တံုးထုသည့္ေနရာတြင္ အခ်ိန္မၾကန္႔ၾကာေစရန္ ဝန္ထမ္းမ်ားက ကားေပၚပါသူမ်ားကို ေအာက္မဆင္းေစဘဲ စာရြက္စာတမ္းမ်ား ကိုယ္တိုင္ယူေဆာင္ကာ တံဆိပ္တံုးထုေပးေနၿပီး အဝိုင္းပတ္ေနရာတြင္လည္း ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္ (၃) ဦးက ယာဥ္ေၾကာ ရွင္းလင္းေပး ေနေသာ္လည္း တံတားေပၚတြင္ ပိတ္ဆို႔ေနသည့္ ယာဥ္ေၾကာအား ျဖတ္ေက်ာ္တက္ရန္ ႀကိဳးစားသည့္ ေမာ္ေတာ္ယာဥ္အခ်ိဳ႕ကိုလည္း ေတြ႔ရသည္။

ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား(၁)မွ အိမ္စီးကားမ်ား၊ ဆိုင္ကယ္မ်ား၊ တစ္ပိုင္တစ္ႏုိင္ကုန္စည္တင္သည့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းခြင့္ျပဳထားျခင္းျဖစ္ၿပီး ခ်စ္ၾကည္ေရးတံတား (၂)တြင္ ကုန္စည္ပို႔ေဆာင္ေရးနွင့္ ေက်ာင္းႀကိဳပို႔ယာဥ္မ်ားကိုသာ ျဖတ္သန္းခြင့္ျပဳထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net