တာချီလိတ်တွင် လျှပ်စစ်မီးပြတ်တောက်မည့် နိုဝင်ဘာလ (၂)ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတားမှ တံတားကူးလက်မှတ်ပြုလုပ်မည့်သူများ မှတ်ပုံတင်မိတ္တူနှစ်စောင် ယူဆောင်လာရန်လိုအပ်

တာချီလိတ်တွင် လျှပ်စစ်မီးပြတ်တောက်မည့် နိုဝင်ဘာလ (၂)ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတားမှ တံတားကူးလက်မှတ်ပြုလုပ်မည့်သူများ မှတ်ပုံတင်မိတ္တူနှစ်စောင် ယူဆောင်လာရန်လိုအပ်
အောက်တိုဘာ 26, 2019
By 🌸
တာချီလိတ်တွင် လျှပ်စစ်မီးပြတ်တောက်မည့် နိုဝင်ဘာလ (၂)ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေး တံတားမှ တံတားကူးလက်မှတ်ပြုလုပ်မည့်သူများ မှတ်ပုံတင်မိတ္တူနှစ်စောင် ယူဆောင်လာရန်လိုအပ်
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂) ရက်နေ့၌ ထိုင်းနိုင်ငံမှ လျှပ်စစ်မီး (၈)နာရီကြာ ဖြတ်တောက်ထားမည်ဖြစ်၍ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)တွင် ယာယီ နယ်စပ်ဖြတ်သန်းခွင့် (တံတားကူးလက်မှတ်) လုပ်ဆောင်မည့်သူများ မှတ်ပုံတင်မိတ္တူ (၂)စောင် ယူလာကြရန် အသိပေးထားသည်။

ထိုင်းနိုင်ငံဘက်က ဓါတ်အားလိုင်းပြုပြင်မည်ဖြစ်၍ တာချီလိတ်မြို့တွင် နံနက် (၈)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ရာ လျှပ်စစ်မီးပြတ်တောက်ချိန်အတွင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ကွန်ပျူတာစာရင်းသွင်းသည့်လုပ်ငန်းများ လုပ်ဆောင်နိုင်မည်မဟုတ်၍ မှတ်ပုံတင်မိတ္တူများ လိုအပ်ခြင်းဖြစ် ကြောင်း သိရသည်။

"ထိုင်းဖက် လဝကနဲ့လည်း ဒီမနက်ပြောထားပြီးပြီ။ မှတ်ပုံတင်မိတ္တူကို တံတားကူးလက်မှတ်ပေါ်မှာ စတက်ပလာနဲ့ညှပ်ပြီး လွှတ်လိုက်မယ်။ သူတို့ဘက်က ခွင့်ပြုပေးဖို့။ သူတို့ကလည်း လက်ခံတယ်။ ကျန်တဲ့ တစ်စောင်က ရုံးမှာသိမ်းထားဖို့။ မှတ်ပုံတင်မိတ္တူပေါ်မှာ တံတားကူးလက်မှတ်နံပါတ် မှတ်ထားမှာပေါ့။ မီးလာချိန်မှာ ကွန်ပျူတာထဲ အချက်အလက်တွေ သွင်းရမှာ။ နိုဝင်ဘာလ (၂) ရက်နေ့မှာ သွားချင်တဲ့သူတွေ (၁) ရက်နေ့မှာ တံတားကူးလက်မှတ် ကြိုပြီးလုပ်ထားလို့လည်း ရတယ်။ (၁၀) ရက်ကြိုပြီးကြေငြာထားတာပေါ့။ တံတားကူးမယ့်သူတွေ အဆင်ပြေအောင်"ဟု တာချီလိတ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားမှ နေ့စဉ်တံတားကူးလက်မှတ် (ယာယီဖြတ်သန်းခွင့်လက်မှတ်)ဖြင့် ထိုင်းနိုင်ငံဖက်သို့သွားရောက်သူ ပျမ်းမျှ (၃၀၀၀) ဦးခန့်ရှိနေပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ တံတားကူးလက်မှတ်ထုတ်ပေးရာတွင် လက်ဗွေစနစ်ဖြင့် မှတ်တမ်းတင်၍ တံတားကူးလက်မှတ် ထုတ်ပေးနေခြင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အရေးပေါ်အသုံးပြုနိုင်ရန် စီစဉ်နိုင်ခြင်းမရှိသဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ နေ့လယ်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ လမ်းပန်းခရိုင်ဘက်တွင် ဓါတ်အားလိုင်း မိုးကြိုးထိမှန်ခြင်းနှင့် တာချီလိတ်မြို့၊ တာလော့ရပ်ကွက်တွင် ဝါယာကြိုးများလောင်သွားခြင်းတို့ကြောင့် လျှပ်စစ်မီး (၃)နာရီကျော်ပြတ်တောက်ခဲ့ချိန်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁) ၌ တံတားကူးလက်မှတ် ပြုလုပ်မည့်သူ (၄၀၀) ကျော်ခန့်ကို လက်မှတ်ထုတ်ပေးနိုင်ခြင်းမရှိဘဲ စုပြုံနေ၍ တံတားကူးလက်မှတ်များတွင် အမည်နှင့်မှတ်ပုံတင်နံပါတ်များကို လက်ရေးဖြင့်ရေးသွင်းပြီး ထုတ်ပေးခဲ့ရကာ ထိုင်းနိုင်ငံဘက်မှ လက်ခံပေးရန် ညှိနှိုင်းခဲ့ရကြောင်း သိရသည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ လွ်ပ္စစ္မီးျပတ္ေတာက္မည့္ ႏိုဝင္ဘာလ (၂)ရက္ေန႔၌ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရး တံတားမွ တံတားကူးလက္မွတ္ျပဳလုပ္မည့္သူမ်ား မွတ္ပံုတင္မိတၱဴႏွစ္ေစာင္ ယူေဆာင္လာရန္လိုအပ္
**********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ (၂) ရက္ေန႔၌ ထုိင္းႏုိင္ငံမွ လွ်ပ္စစ္မီး (၈)နာရီၾကာ ျဖတ္ေတာက္ထားမည္ျဖစ္၍ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)တြင္ ယာယီ နယ္စပ္ျဖတ္သန္းခြင့္ (တံတားကူးလက္မွတ္) လုပ္ေဆာင္မည့္သူမ်ား မွတ္ပံုတင္မိတၱဴ (၂)ေစာင္ ယူလာၾကရန္ အသိေပးထားသည္။

ထုိင္းႏုိင္ငံဘက္က ဓါတ္အားလုိင္းျပဳျပင္မည္ျဖစ္၍ တာခ်ီလိတ္ၿမိဳ႕တြင္ နံနက္ (၈)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ လွ်ပ္စစ္မီးျဖတ္ေတာက္ထားမည္ျဖစ္ရာ လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္အတြင္း လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန၏ ကြန္ပ်ဴတာစာရင္းသြင္းသည့္လုပ္ငန္းမ်ား လုပ္ေဆာင္ႏုိင္မည္မဟုတ္၍ မွတ္ပံုတင္မိတၱဴမ်ား လုိအပ္ျခင္းျဖစ္ ေၾကာင္း သိရသည္။

"ထိုင္းဖက္ လဝကနဲ႔လည္း ဒီမနက္ေျပာထားၿပီးၿပီ။ မွတ္ပံုတင္မိတၱဴကို တံတားကူးလက္မွတ္ေပၚမွာ စတက္ပလာနဲ႔ညႇပ္ၿပီး လႊတ္လိုက္မယ္။ သူတို႔ဘက္က ခြင့္ျပဳေပးဖို႔။ သူတို႔ကလည္း လက္ခံတယ္။ က်န္တဲ့ တစ္ေစာင္က ရံုးမွာသိမ္းထားဖို႔။ မွတ္ပံုတင္မိတၱဴေပၚမွာ တံတားကူးလက္မွတ္နံပါတ္ မွတ္ထားမွာေပါ့။ မီးလာခ်ိန္မွာ ကြန္ပ်ဴတာထဲ အခ်က္အလက္ေတြ သြင္းရမွာ။ ႏိုဝင္ဘာလ (၂) ရက္ေန႔မွာ သြားခ်င္တဲ့သူေတြ (၁) ရက္ေန႔မွာ တံတားကူးလက္မွတ္ ႀကိဳၿပီးလုပ္ထားလို႔လည္း ရတယ္။ (၁၀) ရက္ႀကိဳၿပီးေၾကျငာထားတာေပါ့။ တံတားကူးမယ့္သူေတြ အဆင္ေျပေအာင္"ဟု တာခ်ီလိတ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕ရိွ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးအမွတ္ (၁) တံတားမွ ေန႔စဥ္တံတားကူးလက္မွတ္ (ယာယီျဖတ္သန္းခြင့္လက္မွတ္)ျဖင့္ ထိုင္းႏိုင္ငံဖက္သို႔သြားေရာက္သူ ပ်မ္းမွ် (၃၀၀၀) ဦးခန္႔ရိွေနၿပီး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁) ရက္ေန႔မွစတင္ကာ တံတားကူးလက္မွတ္ထုတ္ေပးရာတြင္ လက္ေဗြစနစ္ျဖင့္ မွတ္တမ္းတင္၍ တံတားကူးလက္မွတ္ ထုတ္ေပးေနျခင္းျဖစ္သည္။

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္တြင္ အေရးေပၚအသံုးျပဳႏုိင္ရန္ စီစဥ္ႏုိင္ျခင္းမရိွသျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔ ေန႔လယ္ပိုင္းကလည္း ထုိင္းနုိင္ငံ၊ လမ္းပန္းခရိုင္ဘက္တြင္ ဓါတ္အားလိုင္း မိုးႀကိဳးထိမွန္ျခင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕၊ တာေလာ့ရပ္ကြက္တြင္ ဝါယာႀကိဳးမ်ားေလာင္သြားျခင္းတုိ႔ေၾကာင့္ လွ်ပ္စစ္မီး (၃)နာရီေက်ာ္ျပတ္ေတာက္ခဲ့ခ်ိန္တြင္ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား (၁) ၌ တံတားကူးလက္မွတ္ ျပဳလုပ္မည့္သူ (၄၀၀) ေက်ာ္ခန္႔ကို လက္မွတ္ထုတ္ေပးႏိုင္ျခင္းမရိွဘဲ စုၿပံဳေန၍ တံတားကူးလက္မွတ္မ်ားတြင္ အမည္ႏွင့္မွတ္ပံုတင္နံပါတ္မ်ားကို လက္ေရးျဖင့္ေရးသြင္းၿပီး ထုတ္ေပးခဲ့ရကာ ထုိင္းႏုိင္ငံဘက္မွ လက္ခံေပးရန္ ညိႇႏိႈင္းခဲ့ရေၾကာင္း သိရသည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net