ကွတ်ခိုင်နှင့် သိန်းနီကြား ပြည်ထောင်စုလမ်းမတွင် ဆက်ကြေးကောက်သည့် သတင်းကြောင့် နှစ်နာရီခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းခဲ့ရပြီး လက်ရှိတွင် ယာဉ်အသွားအလာ ပုံမှန်အတိုင်းပြန်ဖြစ်လာ

ကွတ်ခိုင်နှင့် သိန်းနီကြား ပြည်ထောင်စုလမ်းမတွင် ဆက်ကြေးကောက်သည့် သတင်းကြောင့် နှစ်နာရီခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းခဲ့ရပြီး လက်ရှိတွင် ယာဉ်အသွားအလာ ပုံမှန်အတိုင်းပြန်ဖြစ်လာ
အောက်တိုဘာ 25, 2019
By 🌸
ကွတ်ခိုင်နှင့် သိန်းနီကြား ပြည်ထောင်စုလမ်းမတွင် ဆက်ကြေးကောက်သည့် သတင်းကြောင့် နှစ်နာရီခန့် ယာဉ်အသွားအလာ ရပ်ဆိုင်းခဲ့ရပြီး လက်ရှိတွင် ယာဉ်အသွားအလာ ပုံမှန်အတိုင်းပြန်ဖြစ်လာ
************

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် သိန်းနီမြို့အကြား ပြည်ထောင်စုလမ်းမကြီး၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က မော်တော်ယာဉ်များကို ငွေကြေးတောင်းခံနေသည်ဟု သတင်းထွက်လာ၍ (၂)နာရီခန့် ယာဉ်အသွားအလာရပ်သွားခဲ့သော်လည်း နေ့လယ် (၁၁)နာရီခွဲမှစ၍ မော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာနေပြီဖြစ်ကြောင်း သိရသည်။

"လွိုင်ဆမ်ဆစ်တောင်ခြေနားမှာ မနက် (၈) ခွဲလောက်ကနေစပြီး TNLA  လက်နက်ကိုင်တပ်က ဆက်ကြေး ကောက်နေတယ်လို့ သတင်းကြားတယ်။ ကားတွေက အစ်မတို့နားထိ လာရပ်ထားကြတယ်။ ဆက်ကြေး ကောက်နေတဲ့ဘက်ကို တင့်ကားတွေရော၊ အမြောက်တွေရော အများကြီးသွားတာမြင်ပြီးမှ အသံနည်းနည်းစကြားရတယ်။ မနက် (၁၁) နာရီလောက်ကျမှ ကားတစ်ချို့ဖြတ်သွားကြတာ တွေ့တယ်" ဟု ကွတ်ခိုင်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 TNLA အဖွဲ့က ကွတ်ခိုင်မြို့အား အောက်တိုဘာလ (၂၅) ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်မည်ဟု အောက်တိုဘာလ (၂၀)ရက်နေ့ကတည်းက ကွတ်ခိုင်ဒေသခံများကြား၌ သတင်းပျံ့နှံ့နေခဲ့ပြီး အောက်တိုဘာလ (၂၅)ရက်နေ့တွင် လမ်းပိုင်း၌ ဆက်ကြေးကောက်သည်ဟု သတင်းများထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

"မနက်ကတော့ တိုးဂိတ်အကျော်ကနေစပြီး အပေါ်တက်တဲ့ကားတွေရပ်ထားကြတာ တွေ့တယ်။ လွိုင်ဆမ်ဆစ် တောင်ရဲ့ အရှေ့အရပ်ဘက်မှာက လက်နက်ကိုင်တွေ အမြဲတမ်းလှုပ်ရှားကြတဲ့ နယ်မြေတစ်ခုလို ဖြစ်နေတာ။ ပစ်တာခတ်တာကတော့ မကြားရဘူး။ မနက်ကတော့ သိန်းနီဘက်က ကားတွေကတော့ ရပ်ထားကြတုန်းပဲ။ ကွတ်ခိုင်ဘက်က ဆင်းလာတာ တစ်ချို့တစ်လေတော့ တွေ့ရတယ်" ဟု သိန်းနီမြို့မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ပြည်ထောင်စုလမ်းမပေါ်တွင် ငွေကြေးကောက်ခံနေကြောင်း သတင်းရနေရာအား တပ်မတော်က နယ်မြေရှင်းလင်းရေး သွားရောက်လုပ်ဆောင်ရာ ငွေကြေးတောင်းခံနေသည့်အဖွဲ့က လွိုင်ဆမ်ဆစ်ဘုရားကုန်းဘက်သို့ ထွက်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

သတင်း #နေဖြိုးမြင့်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကြတ္ခုိင္ႏွင့္ သိန္းနီၾကား ျပည္ေထာင္စုလမ္းမတြင္ ဆက္ေၾကးေကာက္သည့္ သတင္းေၾကာင့္ ႏွစ္နာရီခန့္ ယာဥ္အသြားအလာ ရပ္ဆုိင္းခဲ့ရၿပီး လက္ရိွတြင္ ယာဥ္အသြားအလာ ပံုမွန္အတုိင္းျပန္ျဖစ္လာ
************

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကြတ္ခိုင္ၿမိဳ႕ႏွင့္ သိန္းနီၿမိဳ႕အၾကား ျပည္ေထာင္စုလမ္းမႀကီး၌ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္ပိုင္းတြင္ လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕က ေမာ္ေတာ္ယာဥ္မ်ားကို ေငြေၾကးေတာင္းခံေနသည္ဟု သတင္းထြက္လာ၍ (၂)နာရီခန္႔ ယာဥ္အသြားအလာရပ္သြားခဲ့ေသာ္လည္း ေန႔လယ္ (၁၁)နာရီခြဲမွစ၍ ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္အတုိင္း သြားလာေနၿပီျဖစ္ေၾကာင္း သိရသည္။

"လြိဳင္ဆမ္ဆစ္ေတာင္ေျခနားမွာ မနက္ (၈) ခြဲေလာက္ကေနစၿပီး TNLA  လက္နက္ကိုင္တပ္က ဆက္ေၾကး ေကာက္ေနတယ္လို႔ သတင္းၾကားတယ္။ ကားေတြက အစ္မတို႔နားထိ လာရပ္ထားၾကတယ္။ ဆက္ေၾကး ေကာက္ေနတဲ့ဘက္ကို တင့္ကားေတြေရာ၊ အေျမာက္ေတြေရာ အမ်ားႀကီးသြားတာျမင္ၿပီးမွ အသံနည္းနည္းစၾကားရတယ္။ မနက္ (၁၁) နာရီေလာက္က်မွ ကားတစ္ခ်ိဳ႕ျဖတ္သြားၾကတာ ေတြ႔တယ္" ဟု ကြတ္ခိုင္ၿမိဳ႕မွ ေဒသခံအမ်ိဳးသမီးတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 TNLA အဖြဲ႕က ကြတ္ခိုင္ၿမိဳ႕အား ေအာက္တိုဘာလ (၂၅) ရက္ေန႔တြင္ ဝင္ေရာက္တိုက္ခိုက္မည္ဟု ေအာက္တိုဘာလ (၂၀)ရက္ေန႔ကတည္းက ကြတ္ခုိင္ေဒသခံမ်ားၾကား၌ သတင္းပ်ံ႕ႏွ႔ံေနခဲ့ၿပီး ေအာက္တိုဘာလ (၂၅)ရက္ေန႔တြင္ လမ္းပိုင္း၌ ဆက္ေၾကးေကာက္သည္ဟု သတင္းမ်ားထြက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

"မနက္ကေတာ့ တိုးဂိတ္အေက်ာ္ကေနစၿပီး အေပၚတက္တဲ့ကားေတြရပ္ထားၾကတာ ေတြ႔တယ္။ လိြဳင္ဆမ္ဆစ္ ေတာင္ရဲ့ အေရွ႕အရပ္ဘက္မွာက လက္နက္ကိုင္ေတြ အၿမဲတမ္းလႈပ္ရွားၾကတဲ့ နယ္ေျမတစ္ခုလို ျဖစ္ေနတာ။ ပစ္တာခတ္တာကေတာ့ မၾကားရဘူး။ မနက္ကေတာ့ သိန္းနီဘက္က ကားေတြကေတာ့ ရပ္ထားၾကတုန္းပဲ။ ကြတ္ခိုင္ဘက္က ဆင္းလာတာ တစ္ခ်ိဳ႕တစ္ေလေတာ့ ေတြ႔ရတယ္" ဟု သိန္းနီၿမိဳ႕မွ ဝန္ထမ္းတစ္ဦးက ေျပာသည္။

ျပည္ေထာင္စုလမ္းမေပၚတြင္ ေငြေၾကးေကာက္ခံေနေၾကာင္း သတင္းရေနရာအား တပ္မေတာ္က နယ္ေျမရွင္းလင္းေရး သြားေရာက္လုပ္ေဆာင္ရာ ေငြေၾကးေတာင္းခံေနသည့္အဖြဲ႕က လြိဳင္ဆမ္ဆစ္ဘုရားကုန္းဘက္သို႔ ထြက္သြားခဲ့သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

သတင္း #ေနၿဖိဳးျမင့္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net