တာချီလိတ်တွင် စိတ်ကြွဆေး (၁၉၉၇)ပြား သယ်လာသည့် လူငယ်နှစ်ဦး ရဲတပ်ဖွဲ့လှည့်ကင်းနှင့်တွေ့၍ ဖမ်းဆီးခံရ

တာချီလိတ်တွင် စိတ်ကြွဆေး (၁၉၉၇)ပြား သယ်လာသည့် လူငယ်နှစ်ဦး ရဲတပ်ဖွဲ့လှည့်ကင်းနှင့်တွေ့၍ ဖမ်းဆီးခံရ
အောက်တိုဘာ 10, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ နံနက် (၁)နာရီခွဲဝန်းကျင်၌ ဆိုင်ကယ်စီးနင်းလာသည့် လူငယ်နှစ်ဦးထံမှ ဆေးပြားစုစုပေါင်း (၁၉၉၇)ပြားကို လှည့်ကင်းဆောင်ရွက်သည့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည်။

ဝမ်ကောင်းရပ်ကွက်အတွင်း ဂေါက်ကွင်းသွားလမ်း၌ စိုင်းအွတ်ဆိုသူ မောင်းနှင်လာပြီး အပွိုင့် (ခ) အောင်ကျော်ထက် လိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးအား စစ်ဆေးရာ အပွိုင့် (ခ) အောင်ကျော်ထက်၏ အကျီ ၤအိတ်အတွင်း စိတ်ကြွဆေးပြား (၁၉၉၇)ပြား ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်းသိရသည်။

မူးယစ်ဆေးနှင့်အတူ တွေ့ရသည့် အသက် (၂၀)နှစ်အရွယ် အပွိုင့် (ခ) အောင်ကျော်ထက်နှင့် အတူတွေ့ရသည့် အသက် (၂၈)နှစ်အရွယ် စိုင်းအွတ်တို့ကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်ကိုလည်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္တြင္ စိတ္ၾကြေဆး (၁၉၉၇)ျပား သယ္လာသည့္ လူငယ္ႏွစ္ဦး ရဲတပ္ဖြဲ႕လွည့္ကင္းႏွင့္ေတြ႕၍ ဖမ္းဆီးခံရ
************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔ နံနက္ (၁)နာရီခြဲဝန္းက်င္၌ ဆိုင္ကယ္စီးနင္းလာသည့္ လူငယ္ႏွစ္ဦးထံမွ ေဆးျပားစုစုေပါင္း (၁၉၉၇)ျပားကို လွည့္ကင္းေဆာင္ရြက္သည့္ ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားသည္။

ဝမ္ေကာင္းရပ္ကြက္အတြင္း ေဂါက္ကြင္းသြားလမ္း၌ စိုင္းအြတ္ဆိုသူ ေမာင္းႏွင္လာၿပီး အပိြဳင့္ (ခ) ေအာင္ေက်ာ္ထက္ လုိက္ပါလာသည့္ ဆုိင္ကယ္တစ္စီးအား စစ္ေဆးရာ အပိြဳင့္ (ခ) ေအာင္ေက်ာ္ထက္၏ အက်ီ ၤအိတ္အတြင္း စိတ္ၾကြေဆးျပား (၁၉၉၇)ျပား ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္းသိရသည္။

မူးယစ္ေဆးႏွင့္အတူ ေတြ႔ရသည့္ အသက္ (၂၀)ႏွစ္အရြယ္ အပိြဳင့္ (ခ) ေအာင္ေက်ာ္ထက္ႏွင့္ အတူေတြ႔ရသည့္ အသက္ (၂၈)ႏွစ္အရြယ္ စိုင္းအြတ္တုိ႔ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆုိင္ရာ ဥပေဒျဖင့္ အမႈဖြင့္ စစ္ေဆးေနၿပီး ၎တို႔စီးနင္းလာသည့္ ဆုိင္ကယ္ကိုလည္း သိမ္းဆည္းလုိက္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႕

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net