တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ

တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ
အောက်တိုဘာ 27, 2019
By 🌸
တာလေမြို့ ရန်အောင်ရွာတွင် တောင်သူ (၁၀၈)ဦးကို စိုက်ပျိုးနည်းပညာသင်တန်းပို့ချ
*********

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းအုပ်စု၊ ရန်အောင်ရွာ၌ တောင်သူများကို စိုက်ပျိုးရေး အလေ့အထကောင်းများနှင့် ဈေးကွက်ခိုင်မာသည့်သီးနှံများ ရွေးချယ်စိုက်ပျိုးတတ်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က သင်တန်းပို့ချရာ တောင်သူ (၁၀၈)ဦး တက်ရောက်ကြသည်။

ခေတ်နှင့်လျော်ညီသော စိုက်ပျိုးရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားလာစေခြင်းဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ကျလာစေရန် ရည်ရွယ်၍ သင်တန်းပေးခြင်းဖြစ်သည်ဟု သိရပြီး အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ GAP အသိအမှတ်ပြု လက်မှတ်ရရှိရေးနှင့် ဈေးကွက်ခိုင်မာသည့် သီးနှံများစိုက်ပျိုးစေရေး၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ပိုးသတ်ဆေး စနစ်တကျသုံးစွဲရေး၊ မြေသြဇာ အကျိုးရှိစွာ သုံးစွဲရေးတို့ကို တောင်သူများအား ရှင်းလင်းဆွေးနွေးကြသည်။

သင်တန်းတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်၊ ဒု-ပြည်နယ်ဦးစီးမှူး ဦးတင်ဦး၊ ခရိုင်ဦးစီးမှူး ဦးလှဝင်းနှင့် ခရိုင်မြေအသုံးချရေးဌာနခွဲ ဒေါ်မြဥမ္မာတို့က တောင်သူများအား ရှင်းလင်းဆွေးနွေးကြပြီးနောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန စွန့်ဦးလူငယ်ပညာရှင်များ(Young Scienticts Initiative: YSI) အဖွဲ့က စိုက်ပျိုးရေးဆိုင်ရာ (Mobile Applications) အသုံးပြုပုံနည်းစနစ်များကို တောင်သူများအား လက်တွေ့ရှင်းလင်းပြသခဲ့ကြသည်။

သင်တန်းတက်ရောက်လာသည့် တောင်သူများကို တောင်သူပညာပေးလက်ကမ်းစာစောင်များ၊ ရွက်ဖျန်းအားဆေးများ၊ ပိုးသတ်ဆေးနှင့် ကြွက်သတ်ဆေးများကို တက်ရောက်လာသော တောင်သူပေါင်း (၁၀၈) ဦးအား အခမဲ့ဖြန့်ဝေပေးခဲ့သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာေလၿမိဳ႕ ရန္ေအာင္ရြာတြင္ ေတာင္သူ (၁၀၈)ဦးကို စိုက္ပ်ိဳးနည္းပညာသင္တန္းပို႔ခ်
*********

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခ႐ိုင္၊ တာေလၿမိဳ႕၊ နားေယာင္းအုပ္စု၊ ရန္ေအာင္႐ြာ၌ ေတာင္သူမ်ားကို စိုက္ပ်ိဳးေရး အေလ့အထေကာင္းမ်ားႏွင့္ ေစ်းကြက္ခုိင္မာသည့္သီးႏွံမ်ား ေရြးခ်ယ္စိုက္ပ်ိဳးတတ္ေစေရးအတြက္ စိုက္ပ်ိဳးေရးဦးစီးဌာနက ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၇)ရက္ေန႔က သင္တန္းပို႔ခ်ရာ ေတာင္သူ (၁၀၈)ဦး တက္ေရာက္ၾကသည္။

ေခတ္ႏွင့္ေလ်ာ္ညီေသာ စိုက္ပ်ိဳးေရးဆိုင္ရာ အသိပညာဗဟုသုတမ်ား တိုးပြားလာေစျခင္းျဖင့္ ဆင္းရဲႏြမ္းပါးမႈ ေလ်ာ့က်လာေစရန္ ရည္ရြယ္၍ သင္တန္းေပးျခင္းျဖစ္သည္ဟု သိရၿပီး အဆိုပါသင္တန္းတြင္ စိုက္ပ်ိဳးေရးဆိုင္ရာ အေလ့အက်င့္ေကာင္းမ်ား GAP အသိအမွတ္ျပဳ လက္မွတ္ရရွိေရးႏွင့္ ေစ်းကြက္ခိုင္မာသည့္ သီးႏွံမ်ားစိုက္ပ်ိဳးေစေရး၊ မ်ိဳးေကာင္းမ်ိဳးသန္႔သုံးစြဲေရး၊ ပိုးသတ္ေဆး စနစ္တက်သုံးစြဲေရး၊ ေျမၾသဇာ အက်ိဳးရွိစြာ သုံးစြဲေရးတို႔ကို ေတာင္သူမ်ားအား ရွင္းလင္းေဆြးေႏြးၾကသည္။

သင္တန္းတြင္ ရွမ္းျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန၊ ျပည္နယ္ဦးစီးမွဴး ဦးတင္ဦးႀကိဳင္၊ ဒု-ျပည္နယ္ဦးစီးမႉး ဦးတင္ဦး၊ ခ႐ိုင္ဦးစီးမွဴး ဦးလွဝင္းႏွင့္ ခ႐ိုင္ေျမအသုံးခ်ေရးဌာနခြဲ ေဒၚျမဥမၼာတုိ႔က ေတာင္သူမ်ားအား ရွင္းလင္းေဆြးေႏြးၾကၿပီးေနာက္ ရွမ္းျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာန စြန္႔ဦးလူငယ္ပညာရွင္မ်ား(Young Scienticts Initiative: YSI) အဖြဲ႔က စိုက္ပ်ိဳးေရးဆိုင္ရာ (Mobile Applications) အသုံးျပဳပုံနည္းစနစ္မ်ားကို ေတာင္သူမ်ားအား လက္ေတြ႕ရွင္းလင္းျပသခဲ့ၾကသည္။

သင္တန္းတက္ေရာက္လာသည့္ ေတာင္သူမ်ားကို ေတာင္သူပညာေပးလက္ကမ္းစာေစာင္မ်ား၊ ႐ြက္ဖ်န္းအားေဆးမ်ား၊ ပိုးသတ္ေဆးႏွင့္ ႂကြက္သတ္ေဆးမ်ားကို တက္ေရာက္လာေသာ ေတာင္သူေပါင္း (၁၀၈) ဦးအား အခမဲ့ျဖန္႔ေဝေပးခဲ့သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net