ကယားပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လအထိ ကြော်ငြာဆိုင်းဘုတ်အခွန်ငွေ (၄၂)သန်းကျော်ရရှိထား

ကယားပြည်နယ်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် သြဂုတ်လအထိ ကြော်ငြာဆိုင်းဘုတ်အခွန်ငွေ (၄၂)သန်းကျော်ရရှိထား
အောက်တိုဘာ 5, 2019
By 🌸
ကယားပြည်နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များအား အခွန်စည်းကြပ်ကောက်ခံရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်  သြဂုတ်လ အထိ အခွန်ငွေ (၄၂) သန်းကျော် ရရှိထားပြီဖြစ်ကြောင်းသိရသည်။

ပြည်နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များကို တစ်စတုရန်းပေလျှင် ကျပ် (၁၀၀၀)နှုန်း၊ မြေငှားရမ်းခအဖြစ် တစ်စတုရန်းပေလျှင် ကျပ်(၁၀၀၀)နှုန်းနှင့် နေ့အလိုက်အဖြစ် တစ်ရက်လျှင် တစ်စတုရန်းပေလျှင် (၄)ကျပ်နှုန်း အခွန်စည်းကြပ်နေခြင်းဖြစ်သည်။

ကယားပြည်နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များမှ အခွန်စည်းကြပ်ရငွေကို ပြည်နယ်ရန်ပုံငွေသို့ အပ်နှံပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ကြော်ငြာဆိုင်းဘုတ်များမှ အခွန်ငွေ(၄၂.၈၁ )သန်း ရရှိရန်လျာထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များနှင့်ပတ်သက်၍ အခွန်ကောက်ခံမှု နှုန်းထားများအားသိရှိလိုကြောင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ်မြောက် ကယားပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွိုင်ကော်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်မြင့်က မေးမြန်းသဖြင့် ကယားပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေး ဝန်ကြီး ဒေါက်တာအောင်ကျော်ဌေးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကယားျပည္နယ္တြင္ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ၾသဂုတ္လအထိ ေၾကာ္ျငာဆိုင္းဘုတ္အခြန္ေငြ (၄၂)သန္းေက်ာ္ရရွိထား
************
ကယားျပည္နယ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ ေၾကာ္ျငာဆိုင္းဘုတ္မ်ားအား အခြန္စည္းၾကပ္ေကာက္ခံရာ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္  ၾသဂုတ္လ အထိ အခြန္ေငြ (၄၂) သန္းေက်ာ္ ရရွိထားၿပီျဖစ္ေၾကာင္းသိရသည္။

ျပည္နယ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရိွ ေၾကာ္ျငာဆိုင္းဘုတ္မ်ားကို တစ္စတုရန္းေပလွ်င္ က်ပ္ (၁၀၀၀)ႏႈန္း၊ ေျမငွားရမ္းခအျဖစ္ တစ္စတုရန္းေပလွ်င္ က်ပ္(၁၀၀၀)ႏႈန္းႏွင့္ ေန႔အလိုက္အျဖစ္ တစ္ရက္လွ်င္ တစ္စတုရန္းေပလွ်င္ (၄)က်ပ္ႏႈန္း အခြန္စည္းၾကပ္ေနျခင္းျဖစ္သည္။

ကယားျပည္နယ္ စည္ပင္သာယာေရးနယ္နိမိတ္အတြင္းရွိ ေၾကာ္ျငာဆိုင္းဘုတ္မ်ားမွ အခြန္စည္းၾကပ္ရေငြကို ျပည္နယ္ရန္ပံုေငြသို႔ အပ္ႏွံၿပီး ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္အတြက္ ေၾကာ္ျငာဆုိင္းဘုတ္မ်ားမွ အခြန္ေငြ(၄၂.၈၁ )သန္း ရရွိရန္လ်ာထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္ စည္ပင္သာယာေရး နယ္နိမိတ္အတြင္းရွိ ေၾကာ္ျငာဆိုင္းဘုတ္မ်ားႏွင့္ပတ္သက္၍ အခြန္ေကာက္ခံမႈ ႏႈန္းထားမ်ားအားသိရွိလိုေၾကာင္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔က က်င္းပသည့္ ဒုတိယအႀကိမ္ေျမာက္ ကယားျပည္နယ္လႊတ္ေတာ္ (၁၅)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးတြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္ျမင့္က ေမးျမန္းသျဖင့္ ကယားျပည္နယ္ စည္ပင္သာယာေရးႏွင့္ လူမႈေရး ဝန္ႀကီး ေဒါက္တာေအာင္ေက်ာ္ေဌးက ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net