မိုင်းယုမြို့ နမ့်နော်ကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ရှာဖွေရာ အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ

မိုင်းယုမြို့ နမ့်နော်ကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ရှာဖွေရာ အမျိုးသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိ
အောက်တိုဘာ 7, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့၊ တာကြန့်ကျေးရွာအုပ်စု၊ နမ့်နော်(အောက်) ကျေးရွာတွင် မူးယစ်သတင်းရနေအိမ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ နံနက် (၁၀) နာရီခွဲဝန်းကျင်တွင် ဝင်ရောက်ရှာဖွေရာ အိမ်ရှင်အမျိုးသားကို စိတ်ကြွဆေးပြား (၁၈၉)ပြားနှင့် ဖမ်းမိကြောင်း သိရသည်။

နယ်မြေခံ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် နမ့်နော်(အောက်) ကျေးရွာရှိ ဦးမောခေါ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဦးမောခေါ်အား နေအိမ်တွင် တွေ့ရပြီး၎င်း၏ အင်္ကျီအိတ်ကပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၁၈၉)ပြားကို ဖမ်းမိခြင်းဖြစ်သည်ဟု သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိသည့် ဦးမောခေါ်အား မိုင်းယုနယ်မြေရဲစခန်းတွင် မယ(ပ)၂/၂၀၁၉၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။

Tachileik News Agency
သတင်း - ရွှေနမ့်လွေ

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊  တာခ်ီလိတ္ခ႐ိုင္၊ မိုင္းယုၿမိဳ႕၊ တာၾကန႔္ေက်း႐ြာအုပ္စု၊ နမ့္ေနာ္(ေအာက္)ေက်း႐ြာတြင္ မူးယစ္သတင္းရေနအိမ္အား ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔ နံနက္ (၁၀) နာရီခြဲဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြရာ အိမ္ရွင္အမ်ိဳးသားကို စိတ္ၾကြေဆးျပား (၁၈၉)ျပားႏွင့္ ဖမ္းမိေၾကာင္း သိရသည္။

နယ္ေျမခံ နယ္ျခားေစာင့္တပ္ဖြဲ႕၊ ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ နမ့္ေနာ္(ေအာက္) ေက်း႐ြာရိွ ဦးေမာေခၚ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဦးေမာေခၚအား ေနအိမ္တြင္ ေတြ႔ရၿပီး ၎၏ အက်ႌအိတ္ကပ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၁၈၉)ျပားကို ဖမ္းမိျခင္းျဖစ္သည္ဟု သိရသည္။       
   
မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးမိသည့္ ဦးေမာေခၚအား မိုင္းယုနယ္ေျမရဲစခန္းတြင္ မယ(ပ)၂/၂၀၁၉၊ မူး/စိတ္ ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။

Tachileik News Agency
သတင္း -  ေရႊနမ့္ေလြ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net