တာချီလိတ်ရှိ ဟိုတယ်နှင့် တည်းခိုခန်း (၈)ခုတွင် ထိုင်းဆက်သွယ်ရေးလိုင်းကို အသုံးပြုနေ၍ ထပ်မံအသုံးမပြုရန် ခံဝန်ကတိလက်မှတ်ထိုးထား

တာချီလိတ်ရှိ ဟိုတယ်နှင့် တည်းခိုခန်း (၈)ခုတွင် ထိုင်းဆက်သွယ်ရေးလိုင်းကို အသုံးပြုနေ၍ ထပ်မံအသုံးမပြုရန် ခံဝန်ကတိလက်မှတ်ထိုးထား
အောက်တိုဘာ 9, 2019
By Tachileik News Agency

တာချီလိတ်ရှိ ဟိုတယ်နှင့် တည်းခိုခန်း (၈)ခုတွင် ထိုင်းဆက်သွယ်ရေးလိုင်းကို အသုံးပြုနေ၍ ထပ်မံအသုံးမပြုရန် ခံဝန်ကတိလက်မှတ်ထိုးထား

ထိုင်းဆက်သွယ်ရေးလိုင်းကို ထပ်ဆင့်လွှင့်စက်တပ်ဆင် အသုံးပြုနေသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အတွင်းရှိ အချို့သော ဟိုတယ်နှင့် တည်းခိုခန်း (၈) ခုမှ စက်များကို ဖြုတ်သိမ်းပြီး ထပ်မံအသုံးမပြုရန် ခံဝန်ကတိရေးထိုးထားစေကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

"တာချီလိတ်မှာ ဘာတွေ့လဲဆိုတော့ ထိုင်းဖုန်းကို သုံးတယ်ဗျ။ ထိုင်းဖက်က ဖုန်းလိုင်းတွေကလည်း လှိုင်းနှုန်း တော်တော်လျော့သွားတယ်။ လျော့သွားတော့ ထိုင်းလိုင်းမိအောင်ဆိုပြီး ဟိုတယ်တွေ၊ တည်းခိုခန်းတွေက ထိုင်းဧည့်သည်တွေကို ဝန်ဆောင်မှုပေးချင်တော့ ထပ်ဆင့်လွှင့်စက်တွေ တပ်ထားတယ်"ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ဆက်သွယ်ရေးတာဝါတိုင်များတွင် တာချီလိတ်ဘက်မှ ရေဒီယိုလိုင်းနှုန်း နှောင့်ယှက်မှုများ ရှိနေကြောင်း ထိုင်းနိုင်ငံဘက်က အကြောင်းကြားလာသဖြင့် တာချီလိတ်မြို့တွင်း စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၇) အရ Repeater တွေ၊ ဝေါ်ကီတော်ကီတွေကအစပါတယ်။ ဆက်သွယ်ရေးပစ္စည်းတွေက မှတ်ပုံတင်လိုတာပေါ့။ Repeater တွေကတော့ ကျွန်တော်တို့က လုံးဝ ခွင့်မပြုပါဘူး။ ကျွန်တော်တို့ဆီ သွင်းမယ်ဆိုရင်လည်း ခွင့်မပြုပါဘူး။ တရားမဝင် ဝင်လာပြီး သုံးနကြေတာ များပါတယ်။ လက်ဝယ်ထားလို့လည်း မရဘူး။ သုံးစွဲလို့လည်း မရဘူး။ လူတွေကလည်း လိုင်းမကောင်းလို့ သုံးကြတာဗျ။ ဥပဒေအရသုံးစွဲခွင့်မရှိတော့ နောက်ပြီးတော့ လိုင်းနှုန်းအနှောင့်အယှက်တွဖြေစ်တော့ ကျွန်တော်တို့ကလိုက်ရှာပြီး ဖြုတ်သိမ်းရတာပေါ့။ လောလောဆယ်တော့ တရားစွဲ၊ အမှုဖွင့်၊ ရဲစခန်းပို့ရတဲ့အထိ မရှိသေးပါဘူး"ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ (၆၇) တွင် မည်သူမဆို လိုင်စင်ရယူပြီးမှသာ အသုံးပြုရန်သတ်မှတ်ထားသော ဆက်သွယ်ရေးပစ္စည်းတစ်ခုခုကို လိုင်စင်မရှိဘဲ လက်ဝယ်ထားရှိခြင်း သို့မဟုတ် အသုံးပြုခြင်းကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KKM



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္ရွိ ဟိုတယ္ႏွင့္ တည္းခိုခန္း (၈)ခုတြင္ ထုိင္းဆက္သြယ္ေရးလိုင္းကို အသံုးျပဳေန၍  ထပ္မံအသံုးမျပဳရန္ ခံဝန္ကတိလက္မွတ္ထိုးထား

ထုိင္းဆက္သြယ္ေရးလုိင္းကို ထပ္ဆင့္လႊင့္စက္တပ္ဆင္ အသံုးျပဳေနသည့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕အတြင္းရွိ အခ်ဳိ႕ေသာ ဟိုတယ္ႏွင့္ တည္းခိုခန္း (၈) ခုမွ စက္မ်ားကို ျဖဳတ္သိမ္းၿပီး ထပ္မံအသံုးမျပဳရန္ ခံဝန္ကတိေရးထိုးထားေစေၾကာင္း ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနထံမွ သိရသည္။

"တာခ်ီလိတ္မွာ ဘာေတြ႕လဲဆိုေတာ့ ထိုင္းဖုန္းကို သံုးတယ္ဗ်။ ထိုင္းဖက္က ဖုန္းလုိင္းေတြကလည္း လိႈင္းႏႈန္း ေတာ္ေတာ္ေလ်ာ့သြားတယ္။ ေလ်ာ့သြားေတာ့ ထိုင္းလိုင္းမိေအာင္ဆိုၿပီး ဟိုတယ္ေတြ၊ တည္းခိုခန္းေတြက ထိုင္းဧည့္သည္ေတြကို ဝန္ေဆာင္မႈေပးခ်င္ေတာ့ ထပ္ဆင့္လႊင့္စက္ေတြ တပ္ထားတယ္"ဟု ဆက္သြယ္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထိုင္းႏိုင္ငံဘက္မွ ဆက္သြယ္ေရးတာဝါတုိင္မ်ားတြင္ တာခ်ီလိတ္ဘက္မွ ေရဒီယိုလိုင္းႏႈန္း ေႏွာင့္ယွက္မႈမ်ား ရွိေနေၾကာင္း ထုိင္းနိုင္ငံဘက္က အေၾကာင္းၾကားလာသျဖင့္ တာခ်ီလိတ္ၿမိဳ႕တြင္း စစ္ေဆးမႈမ်ား လုပ္ေဆာင္ခဲ့ရျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ ဆက္သြယ္ေရးဥပေဒ ပုဒ္မ (၆၇) အရ Repeater ေတြ၊ ေဝၚကီေတာ္ကီေတြကအစပါတယ္။ ဆက္သြယ္ေရးပစၥည္းေတြက မွတ္ပံုတင္လိုတာေပါ့။ Repeater ေတြကေတာ့ ကၽြန္ေတာ္တို႔က လံုးဝ ခြင့္မျပဳပါဘူး။ ကၽြန္ေတာ္တို႔ဆီ သြင္းမယ္ဆိုရင္လည္း ခြင့္မျပဳပါဘူး။ တရားမဝင္ ဝင္လာၿပီး သံုးေနၾကတာ မ်ားပါတယ္။ လက္ဝယ္ထားလို႔လည္း မရဘူး။ သံုးစြဲလို႔လည္း မရဘူး။ လူေတြကလည္း လိုင္းမေကာင္းလို႔ သံုးၾကတာဗ်။ ဥပေဒအရသံုးစြဲခြင့္မရိွေတာ့ ေနာက္ၿပီးေတာ့ လိုင္းႏႈန္းအေႏွာင့္အယွက္ေတြျဖစ္ေတာ့ ကၽြန္ေတာ္တို႔ကလိုက္ရွာၿပီး ျဖဳတ္သိမ္းရတာေပါ့။ ေလာေလာဆယ္ေတာ့ တရားစြဲ၊ အမႈဖြင့္၊ ရဲစခန္းပို႔ရတဲ့အထိ မရိွေသးပါဘူး"ဟု ဆက္သြယ္ေရးညႊန္ၾကားမႈ ဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။       

ဆက္သြယ္ေရးဥပေဒပုဒ္မ (၆၇) တြင္ မည္သူမဆို လိုင္စင္ရယူၿပီးမွသာ အသံုးျပဳရန္သတ္မွတ္ထားေသာ ဆက္သြယ္ေရးပစၥည္းတစ္ခုခုကို လိုင္စင္မရိွဘဲ လက္ဝယ္ထားရိွျခင္း သို႔မဟုတ္ အသံုးျပဳျခင္းကို က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူအား တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ေစ ခ်မွတ္ရမည္ဟု ေဖာ္ျပထားသည္။

Tachileik News Agency
သတင္း  - ဟန္စိုးထုိက္
ဓါတ္ပံု - KKM

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net