ထိုင်းနိုင်ငံ ခရိုင် (၁၇)ခုမှ ဘဏ်လုပ်ငန်းအဖွဲ့ တာချီလိတ်သို့ လာရောက်ဆွေးနွေးမည်ဖြစ်၍ တက်ရောက်လိုသည့် လုပ်ငန်းရှင်များ စာရင်းပေးသွင်းနိုင်

ထိုင်းနိုင်ငံ ခရိုင် (၁၇)ခုမှ ဘဏ်လုပ်ငန်းအဖွဲ့ တာချီလိတ်သို့ လာရောက်ဆွေးနွေးမည်ဖြစ်၍ တက်ရောက်လိုသည့် လုပ်ငန်းရှင်များ စာရင်းပေးသွင်းနိုင်
အောက်တိုဘာ 9, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဘဏ်လုပ်ငန်း၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများကို ထိုင်းနိုင်ငံ ခရိုင် (၁၇)ခုရှိ ဘဏ်လုပ်ငန်းများမှ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂)ရက် နေ့၌ လာရောက်တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ တက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ပြီဟု သိရသည်။

“သူတို့ဘက်က (၂၂)ယောက်အဖွဲ့လာမယ်ဆိုတော့ ဒီဘက် ဆွေးနွေးမယ့်အဖွဲ့ကိုလည်း ကုန်သည်လုပ်ငန်းရှင်များ အပါအဝင် အယောက် (၃၀)ပဲ လက်ခံမှာဆိုတော့ လူဦးရေတော့ ကန့်သတ်ထားပါတယ်။ စိတ်ဝင်စားတယ် တက်ရောက်လိုတယ်ဆိုရင် ဆက်သွယ်စာရင်းပေးထားကြပါ။ ဦးရာလူစနစ်နဲ့ ကျမတို့ စာရင်းယူသွားပါမယ်”ဟု တာချီလိတ်နယ်စပ်ကုန်သည်အသင်းမှ ဒေါ်ရွှေစင်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံက ဘဏ်လုပ်ငန်းစနစ်များနှင့်ပတ်သက်၍ နယ်စပ်ဒေသ တာချီလိတ်မှ လုပ်ငန်းရှင်များ ဆက်သွယ်လုပ်ကိုင်နေရသည့် အခြေအနေများအား တာချီလိတ်မြို့ရှိ ရွှေနန်းတော်ကုန်တိုက်တွင် လာရောက်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

တာချီလိတ်မှ ထိုင်းဘဏ်များနှင့် ဆက်သွယ်လုပ်ကိုင်နေသူများအနေဖြင့် ဆွေးနွေးပွဲ တက်ရောက်လိုပါက အမည်၊ အလုပ်အကိုင်နှင့်တကွ တာချီလိတ်နယ်စပ်ကုန်သည်အသင်း ဖုန်း 09250474144 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းႏုိင္ငံ ခရိုင္ (၁၇)ခုမွ ဘဏ္လုပ္ငန္းအဖြဲ႕ တာခ်ီလိတ္သို႔ လာေရာက္ေဆြးေႏြးမည္ျဖစ္၍ တက္ေရာက္လိုသည့္ လုပ္ငန္းရွင္မ်ား စာရင္းေပးသြင္းနိုင္
***************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မွ ဘဏ္လုပ္ငန္း၊ ေငြလႊဲလုပ္ငန္းလုပ္ကိုင္သူမ်ားကို ထုိင္းႏုိင္ငံ ခရိုင္ (၁၇)ခုရိွ ဘဏ္လုပ္ငန္းမ်ားမွ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၂)ရက္ ေန႔၌ လာေရာက္ေတြ႔ဆံုေဆြးေႏြးမည္ျဖစ္၍ တက္ေရာက္လိုသူမ်ား စာရင္းေပးသြင္းႏိုင္ၿပီဟု သိရသည္။

“သူတုိ႔ဘက္က (၂၂)ေယာက္အဖြဲ႕လာမယ္ဆိုေတာ့ ဒီဘက္ ေဆြးေႏြးမယ့္အဖြဲ႕ကိုလည္း ကုန္သည္လုပ္ငန္းရွင္မ်ား အပါအဝင္ အေယာက္ (၃၀)ပဲ လက္ခံမွာဆိုေတာ့ လူဦးေရေတာ့ ကန္႔သတ္ထားပါတယ္။ စိတ္ဝင္စားတယ္ တက္ေရာက္လိုတယ္ဆိုရင္ ဆက္သြယ္စာရင္းေပးထားၾကပါ။ ဦးရာလူစနစ္နဲ႔ က်မတို႔ စာရင္းယူသြားပါမယ္”ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္အသင္းမွ ေဒၚေရႊစင္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုိင္းႏုိင္ငံက ဘဏ္လုပ္ငန္းစနစ္မ်ားႏွင့္ပတ္သက္၍ နယ္စပ္ေဒသ တာခ်ီလိတ္မွ လုပ္ငန္းရွင္မ်ား ဆက္သြယ္လုပ္ကိုင္ေနရသည့္ အေျခအေနမ်ားအား တာခ်ီလိတ္ၿမိဳ႕ရိွ ေရႊနန္းေတာ္ကုန္တုိက္တြင္ လာေရာက္ေတြ႔ဆံု ေဆြးေႏြးမည္ျဖစ္သည္။

တာခ်ီလိတ္မွ ထုိင္းဘဏ္မ်ားႏွင့္ ဆက္သြယ္လုပ္ကိုင္ေနသူမ်ားအေနျဖင့္ ေဆြးေႏြးပြဲ တက္ေရာက္လိုပါက အမည္၊ အလုပ္အကိုင္ႏွင့္တကြ တာခ်ီလိတ္နယ္စပ္ကုန္သည္အသင္း ဖုန္း 09250474144 သို႔ ဆက္သြယ္စာရင္းေပးသြင္းႏုိင္ၾကမည္ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net