ထိုင်းနိုင်ငံတွင် ဘတ် (၅)သောင်းနှင့်အထက် ငွေလွှဲခြင်းများကို စစ်ဆေးမည့်အစီအစဉ် အစိုးရအတည်ပြု

ထိုင်းနိုင်ငံတွင် ဘတ် (၅)သောင်းနှင့်အထက် ငွေလွှဲခြင်းများကို စစ်ဆေးမည့်အစီအစဉ် အစိုးရအတည်ပြု
အောက်တိုဘာ 2, 2019
By Tachileik News Agency

ထိုင်းနိုင်ငံတွင် ဘတ် (၅)သောင်းနှင့်အထက် e – bank မှ ငွေလွှဲများအား စစ်ဆေးမည့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး၏ မူကြမ်းကို အစိုးရအဖွဲ့အစည်းအဝေးက အတည်ပြုပေးလိုက်ပြီဖြစ်ကြောင်း ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ထိုင်းမီဒီယာများတွင် ဖော်ပြထားရှိသည်။

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်များအား ထောက်ပံ့မှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများဖြင့် တိုင်းတာပါက ထိုင်းနိုင်ငံအနဖြေင့် လုပ်ဆောင်ရမည့်ကိစ္စရပ် (၁၇)ခုကို လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း တွေ့ရသဖြင့် ယင်းကဲ့သို့ အတည်ပြုပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ငွေကြေးအဖွဲ့အစည်းများနှင့် ကျောက်မျက်ပွဲစား၊ ကားပွဲစား သို့မဟုတ် အိမ်ခြံမြေအကျိုးဆောင်ကဲ့သို့ လုပ်ငန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၆ အရ ကြီးကြပ်မည်ဖြစ်ကြောင်း သိရသည်။

မည်သည့်ငွေလွှဲမဆို သံသယဖြစ်ဖွယ်ရှိပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံးသို့ အသိပေးတင်ပြကြရမည်ဖြစ်ကြောင်း သိရသည်။

ဘတ် (၅၀,ဝဝဝ)နှင့်အထက် နိုင်ငံရပ်ခြားငွေလွှဲပို့မှုများအနဖြေင့် ငွေလွှဲသူနှင့် တစ်ဖက်မှ ငွေလက်ခံမည့်သူများ၏ မှတ်ပုံတင်၊ ယခင်က ငွေလွှဲပို့ထားဖူးသည်များအပါအဝင် အချက်အလက်အပြည့်အစုံ တင်ပြကြရတော့မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထုိင္းႏုိင္ငံတြင္ ဘတ္ (၅)ေသာင္းႏွင့္အထက္ e – bank မွ ေငြလႊဲမ်ားအား စစ္ေဆးမည့္ ေငြေၾကးခဝါခ်မႈ တုိက္ဖ်က္ေရးရံုး၏ မူၾကမ္းကို အစိုးရအဖြဲ႕အစည္းအေဝးက အတည္ျပဳေပးလုိက္ၿပီျဖစ္ေၾကာင္း ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ ထိုင္းမီဒီယာမ်ားတြင္ ေဖာ္ျပထားရွိသည္။

ေငြေၾကးခဝါခ်မႈႏွင့္ အၾကမ္းဖက္မ်ားအား ေထာက္ပံ့မႈမ်ားကို ကာကြယ္ထိန္းခ်ဳပ္ႏုိင္ေရးႏွင့္ပတ္သက္၍ ႏုိင္ငံတကာစံႏႈန္းမ်ားျဖင့္ တုိင္းတာပါက ထုိင္းႏုိင္ငံအေနျဖင့္ လုပ္ေဆာင္ရမည့္ကိစၥရပ္ (၁၇)ခုကို လုပ္ေဆာင္ႏုိင္ျခင္းမရိွေၾကာင္း ေတြ႔ရသျဖင့္ ယင္းကဲ့သို႔ အတည္ျပဳေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေငြေၾကးအဖြဲ႕အစည္းမ်ားႏွင့္ ေက်ာက္မ်က္ပြဲစား၊ ကားပြဲစား သို႔မဟုတ္ အိမ္ၿခံေျမအက်ိဳးေဆာင္ကဲ့သို႔ လုပ္ငန္းမ်ားအပါအဝင္ စီးပြားေရးလုပ္ငန္းမ်ားမွာ ေငြေၾကးခဝါခ်မႈတုိက္ဖ်က္ေရးဥပေဒ အခန္း ၁၆ အရ ႀကီးၾကပ္မည္ျဖစ္ေၾကာင္း သိရသည္။

မည္သည့္ေငြလႊဲမဆို သံသယျဖစ္ဖြယ္ရိွပါက ေငြေၾကးခဝါခ်မႈတုိက္ဖ်က္ေရးရံုးသို႔ အသိေပးတင္ျပၾကရမည္ျဖစ္ေၾကာင္း သိရသည္။

ဘတ္ (၅၀,၀၀၀)ႏွင့္အထက္ ႏုိင္ငံရပ္ျခားေငြလႊဲပို႔မႈမ်ားအေနျဖင့္ ေငြလႊဲသူႏွင့္ တစ္ဖက္မွ ေငြလက္ခံမည့္သူမ်ား၏ မွတ္ပံုတင္၊ ယခင္က ေငြလႊဲပို႔ထားဖူးသည္မ်ားအပါအဝင္ အခ်က္အလက္အျပည့္အစံု တင္ျပၾကရေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net