မြန်မာ - ထိုင်း နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ ရေဒီယိုလှိုင်းနှုန်းတိုင်းတာခြင်းအဖြစ် တာချီလိတ်တွင် ပူးပေါင်းလုပ်ဆောင်

မြန်မာ - ထိုင်း နှစ်နိုင်ငံ ကျွမ်းကျင်ပညာရှင်အဖွဲ့မှ ရေဒီယိုလှိုင်းနှုန်းတိုင်းတာခြင်းအဖြစ် တာချီလိတ်တွင် ပူးပေါင်းလုပ်ဆောင်
အောက်တိုဘာ 7, 2019
By Tachileik News Agency

ထိုင်းနိုင်ငံမှ တယ်လီဖုန်းလိုင်းများ၏ ရေဒီယိုလှိုင်းနှုန်းနှောင့်ယှက်ခံရမှုများရှိနေကြောင်း တင်ပြလာ၍ မြန်မာနှင့် ထိုင်း ကျွမ်းကျင်သူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ရေဒီယို လှိုင်းနှုန်း တိုင်းတာရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ(၆) ရက်နေ့တွင် ဆောင်ရွက် နေသည်။

ထိုင်းနိုင်ငံမှ ဆက်သွယ်ရေးတာဝါတိုင်များမှ ရေဒီယိုလှိုင်းနှုန်းများမှာ နယ်စပ်မြို့ တာချီလိတ်ဘက်မှ နှောင့်ယှက်ခံရမှုများရှိနေသည်ဟု မြန်မာဘက်သို့ တင်ပြထားခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ နှစ်နိုင်ငံက လှိုင်းနှုန်းတူခြင်း မဖြစ်ဖို့နှစ်နိုင်ငံ High Technical Committee ကို တစ်နှစ် (၂)ကြိမ် လုပ်တယ်ဗျ။ ပြီးခဲ့တဲ့အစည်းအဝေးကတော့ ချင်းမိုင်မှာ လုပ်တယ်။ သူတို့ဘက်ကတင်ပြတဲ့ လှိုင်းနှုန်း အနှောက်အယှက်တွေပေါ့။ ကျွန်တော်တို့ ဒီနေ့လိုက်တိုင်းပြီး ဖြေရှင်းတာပေါ့။ (၈)ရက်နေ့အထိလုပ်မှာပါ။ သူတို့နဲ့တိုင်းတဲ့ ရလဒ်တွေကို ဆွေးနွေးကြမှာပေါ့။ ဒီနေ့တိုင်းတာတော့ သူတို့ပြောတဲ့ လိုင်းနှုန်း အနှောက်အယှက်ပေးတာတွေက မရှိဘူးပေါ့။ ရှိခဲ့ရင်လည်း ကျွန်တော်တို့က အခုတစ်ခါတည်း မဖြေရှင်း နိုင်ရင်တောင်မှ ကျွန်တော်တို့ကြားထဲမှာ နောက်ထပ် အစည်းအဝေးမတိုင်ခင်မှာ ကျွန်တော်တို့ဘက်က ဖြေရှင်းပေးရမှာပေါ့။ ကျွန်တော်တို့ဘက်မှာ အနှောက်အယှက်ဖြစ်တယ်ဆိုရင် သူတို့ ဖြေရှင်းပေးရမှာပေါ့"ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းနိုင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင်း ဆက်သွယ်ရေးအသုံးပြုမှုတွင် သတ်မှတ်ပေးထားသည့် လှိုင်းနှုန်းခွင်များအတိုင်း အသုံးပြုခြင်း ရှိ၊ မရှိနှင့် ခွင့်ပြုထားခြင်းမရှိသေးသော လှိုင်းနှုန်းများအတွင်း အသုံးပြုမှု ရှိ၊ မရှိတို့ကို မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦး၊ ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူ (၇) ဦးတို့ ပါဝင်သည့်အဖွဲ့ဖြင့် ရေဒီယို လှိုင်းနှုန်း တိုင်းတာရေးကို လုပ်ဆောင်နကြခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - KKM





~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ျမန္မာ - ထိုင္း ႏွစ္ႏုိင္ငံ ကြ်မ္းက်င္ပညာရွင္အဖြဲ႔မွ ေရဒီယိုလႈိင္းႏႈန္းတိုင္းတာျခင္းအျဖစ္ တာခ်ီလိတ္တြင္ ပူးေပါင္းလုပ္ေဆာင္

ထုိင္းႏုိင္ငံမွ တယ္လီဖုန္းလိုင္းမ်ား၏ ေရဒီယိုလိႈင္းႏႈန္းေနွာင့္ယွက္ခံရမႈမ်ားရိွေနေၾကာင္း တင္ျပလာ၍ ျမန္မာႏွင့္ ထုိင္း ကၽြမ္းက်င္သူမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္း ေရဒီယို လိႈင္းႏႈန္း တုိင္းတာေရးလုပ္ငန္းမ်ားကို ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ(၆) ရက္ေန႔တြင္ ေဆာင္ရြက္ ေနသည္။

ထုိင္းႏုိင္ငံမွ ဆက္သြယ္ေရးတာဝါတုိင္မ်ားမွ ေရဒီယိုလိႈင္းႏႈန္းမ်ားမွာ နယ္စပ္ၿမိဳ႕ တာခ်ီလိတ္ဘက္မွ ေနွာင့္ယွက္ခံရမႈမ်ားရိွေနသည္ဟု ျမန္မာဘက္သို႔ တင္ျပထားျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ႏွစ္ႏိုင္ငံက လိႈင္းႏႈန္းတူျခင္း မျဖစ္ဖို႔ႏွစ္ႏိုင္ငံ High Technical Committee ကို တစ္ႏွစ္ (၂)ႀကိမ္ လုပ္တယ္ဗ်။ ၿပီးခဲ့တဲ့အစည္းအေဝးကေတာ့ ခ်င္းမိုင္မွာ လုပ္တယ္။ သူတို႔ဘက္ကတင္ျပတဲ့ လိႈင္းႏႈန္း အေႏွာက္အယွက္ေတြေပါ့။ ကၽြန္ေတာ္တို႔ ဒီေန႔လိုက္တိုင္းၿပီး ေျဖရွင္းတာေပါ့။ (၈)ရက္ေန႔အထိလုပ္မွာပါ။ သူတို႔နဲ႔တိုင္းတဲ့ ရလဒ္ေတြကို ေဆြးေႏြးၾကမွာေပါ့။ ဒီေန႔တိုင္းတာေတာ့ သူတို႔ေျပာတဲ့ လိုင္းႏႈန္း အေႏွာက္အယွက္ေပးတာေတြက မရိွဘူးေပါ့။ ရိွခဲ့ရင္လည္း ကၽြန္ေတာ္တို႔က အခုတစ္ခါတည္း မေျဖရွင္း ႏိုင္ရင္ေတာင္မွ ကၽြန္ေတာ္တို႔ၾကားထဲမွာ ေနာက္ထပ္ အစည္းအေဝးမတိုင္ခင္မွာ ကၽြန္ေတာ္တို႔ဘက္က ေျဖရွင္းေပးရမွာေပါ့။ ကၽြန္ေတာ္တို႔ဘက္မွာ အေႏွာက္အယွက္ျဖစ္တယ္ဆိုရင္ သူတို႔ ေျဖရွင္းေပးရမွာေပါ့"ဟု ဆက္သြယ္ေရးညႊန္ၾကားမႈဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးထြန္းထြန္းႏိုင္က တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ဆက္သြယ္ေရးအသံုးျပဳမႈတြင္ သတ္မွတ္ေပးထားသည့္ လိႈင္းႏႈန္းခြင္မ်ားအတိုင္း အသံုးျပဳျခင္း ရိွ၊ မရိွႏွင့္ ခြင့္ျပဳထားျခင္းမရိွေသးေသာ လိႈင္းႏႈန္းမ်ားအတြင္း အသံုးျပဳမႈ ရွိ၊ မရိွတို႔ကို ျမန္မာႏိုင္ငံဘက္မွ တာဝန္ရိွသူ (၇) ဦး၊ ထိုင္းႏိုင္ငံဘက္မွ တာဝန္ရိွသူ (၇) ဦးတို႔ ပါဝင္သည့္အဖြဲ႕ျဖင့္ ေရဒီယို လိႈင္းႏႈန္း တိုင္းတာေရးကို လုပ္ေဆာင္ေနၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း  - ဟန္စိုးထုိက္
ဓါတ္ပံု - KKM

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net