ထိုင်းနိုင်ငံတွင် လျှပ်စစ်မီး ပြုပြင်ရန်ရှိသည့်အတွက် တာချီလိတ် တစ်မြို့လုံး နိုဝင်ဘာလ (၂)ရက်နေ့၌ လျှပ်စစ်မီး နေ့ပိုင်း ပြတ်တောက်မည်

ထိုင်းနိုင်ငံတွင် လျှပ်စစ်မီး ပြုပြင်ရန်ရှိသည့်အတွက် တာချီလိတ် တစ်မြို့လုံး နိုဝင်ဘာလ (၂)ရက်နေ့၌ လျှပ်စစ်မီး နေ့ပိုင်း ပြတ်တောက်မည်
အောက်တိုဘာ 31, 2019
By Tachileik News Agency
ထိုင်းနိုင်ငံတွင် လျှပ်စစ်မီး ပြုပြင်ရန်ရှိသည့်အတွက် တာချီလိတ် တစ်မြို့လုံး 
နိုဝင်ဘာလ (၂)ရက်နေ့၌ လျှပ်စစ်မီး နေ့ပိုင်း ပြတ်တောက်မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၂) ရက်နေ့၌ နံနက် (၈)နာရီခွဲမှစ၍ (၈)နာရီကြာ လျှပ်စစ်မီး ပြတ်တောက်မည်ဖြစ်၍ တာချီလိတ်ဘက်မှ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)တွင် ယာယီ နယ်စပ်ဖြတ်သန်းခွင့် (တံတားကူးလက်မှတ်) လုပ်ဆောင်မည့်သူများ မှတ်ပုံတင်မိတ္တူ (၂)စောင် ယူဆောင်လာရန် အသိပေးကြေညာထားသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်လျှပ်စစ်ဓာတ်အားခွဲစက်ရုံတွင် ပြုပြင်ထိန်းသိမ်းမှုလုပ်မည်ဖြစ်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂)ရက်နေ့ နံနက် (၈)နာရီခွဲမှ ညနေ (၄)နာရီခွဲအထိ အချိန်(၈)နာရီအကြာ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်နေစဉ်ကာလအတွင်း တာချီလိတ်မြို့ဘက်တွင် မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား တာလော့ရပ်ကွက်ရှိ 22KV ပါဝါလိုင်းကြိုး လဲလှယ်တပ်ဆင်ခြင်း၊ မြန်မာ - ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားရှိ ပါဝါလိုင်းအား ပြန်လည်ပြုပြင်ခြင်းများကို တစ်ပြိုင်တည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်ချိန်အတွင်း လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ကွန်ပျူတာစာရင်းသွင်းသည့် လုပ်ငန်းများ လုပ်ဆောင်နိုင်မည်မဟုတ်၍ တံတားကူးလက်မှတ်လုပ်ဆောင်ရန် မှတ်ပုံတင်မိတ္တူများ လိုအပ်မည်ဖြစ်သည့်အတွက် မိတ္တူများကို ကြိုတင်ကူးထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာဘက်ခြမ်းမှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက တံတားလက်မှတ်နှင့် မှတ်ပုံတင်မိတ္တူတွဲ၍ ပေးအပ်မည်ကို ထိုင်းနိုင်ငံဘက်မှ လက်ခံပေးရန် မယ်ဆိုင်ဘက်ခြမ်းမှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနှင့် ညှိနှိုင်းထားခြင်းဖြစ်သည်ဟု တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

" နိုဝင်ဘာလ (၂) ရက်နေ့မှာ သွားချင်တဲ့သူတွေ (၁) ရက်နေ့မှာ တံတားကူးလက်မှတ် ကြိုပြီးလုပ်ထားလို့လည်းရတယ်"ဟု တာချီလိတ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် (၁) တံတားမှ နေ့စဉ်တံတားကူးလက်မှတ် (ယာယီဖြတ်သန်းခွင့်လက်မှတ်)ဖြင့် ထိုင်းနိုင်ငံဖက်သို့သွားရောက်သူ ပျမ်းမျှ (၃,ဝဝဝ) ဦး ခန့်ရှိနပြေီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစတင်ကာ တံတားကူးလက်မှတ်ထုတ်ပေးရာတွင် လက်ဗွေစနစ်ဖြင့် မှတ်တမ်းတင်၍ တံတားကူးလက်မှတ် ထုတ်ပေးနခြေင်းဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်ချိန်တွင် အရေးပေါ်အသုံးပြုနိုင်ရန် စီစဉ်နိုင်ခြင်းမရှိသဖြင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးပြတ်တောက်သွားချိန်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)၌ တံတားကူးလက်မှတ် ပြုလုပ်မည့်သူ (၄၀၀) ကျော်ခန့် စုပြုံသွားခဲ့ရသည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ထိုင္းႏုိင္ငံတြင္ လွ်ပ္စစ္မီး ျပဳျပင္ရန္ရွိသည့္အတြက္ တာခ်ီလိတ္ တစ္ၿမိဳ႕လံုး ႏိုဝင္ဘာလ (၂)ရက္ေန႔၌ 
လွ်ပ္စစ္မီး ေန႔ပိုင္း  ျပတ္ေတာက္မည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာ (၂) ရက္ေန႔၌ နံနက္ (၈)နာရီခြဲမွစ၍ (၈)နာရီၾကာ လွ်ပ္စစ္မီး ျပတ္ေတာက္မည္ျဖစ္၍ တာခ်ီလိတ္ဘက္မွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)တြင္ ယာယီ နယ္စပ္ျဖတ္သန္းခြင့္ (တံတားကူးလက္မွတ္) လုပ္ေဆာင္မည့္သူမ်ား မွတ္ပံုတင္မိတၱဴ (၂)ေစာင္ ယူေဆာင္လာရန္ အသိေပးေၾကညာထားသည္။

ထုိင္းႏိုင္ငံ မယ္ဆုိင္လွ်ပ္စစ္ဓါတ္အားခြဲစက္ရံုတြင္ ျပဳျပင္ထိန္းသိမ္းမႈလုပ္မည္ျဖစ္၍ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလ (၂)ရက္ေန႔ နံနက္ (၈)နာရီခြဲမွ ညေန (၄)နာရီခြဲအထိ အခ်ိန္(၈)နာရီအၾကာ လွ်ပ္စစ္မီးျဖတ္ေတာက္ထားမည္ျဖစ္ၿပီး လွ်ပ္စစ္မီးျပတ္ေတာက္ေနစဥ္ကာလအတြင္း တာခ်ီလိတ္ၿမိဳ႕ဘက္တြင္ ျမန္မာ - ထုိင္း အမွတ္(၁) ခ်စ္ၾကည္ေရးတံတား တာေလာ့ရပ္ကြက္ရိွ 22KV ပါဝါလိုင္းႀကိဳး လဲလွယ္တပ္ဆင္ျခင္း၊ ျမန္မာ - ထုိင္း အမွတ္(၂)ခ်စ္ၾကည္ေရးတံတားရိွ ပါ၀ါလိုင္းအား ျပန္လည္ျပဳျပင္ျခင္းမ်ားကို တစ္ၿပိဳင္တည္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လွ်ပ္စစ္ဓါတ္အား ျပတ္ေတာက္ခ်ိန္အတြင္း လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန၏ ကြန္ပ်ဴတာစာရင္းသြင္းသည့္ လုပ္ငန္းမ်ား လုပ္ေဆာင္ႏုိင္မည္မဟုတ္၍ တံတားကူးလက္မွတ္လုပ္ေဆာင္ရန္ မွတ္ပံုတင္မိတၱဴမ်ား လုိအပ္မည္ျဖစ္သည့္အတြက္ မိတၱဴမ်ားကို ႀကိဳတင္ကူးထားရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာဘက္ျခမ္းမွ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက တံတားလက္မွတ္ႏွင့္ မွတ္ပံုတင္မိတၱဴတြဲ၍ ေပးအပ္မည္ကို ထုိင္းႏုိင္ငံဘက္မွ လက္ခံေပးရန္ မယ္ဆုိင္ဘက္ျခမ္းမွ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနွင့္ ညိႇႏိႈင္းထားျခင္းျဖစ္သည္ဟု တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

" ႏိုဝင္ဘာလ (၂) ရက္ေန႔မွာ သြားခ်င္တဲ့သူေတြ (၁) ရက္ေန႔မွာ တံတားကူးလက္မွတ္ ႀကိဳၿပီးလုပ္ထားလို႔လည္းရတယ္"ဟု တာခ်ီလိတ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕ရိွ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးအမွတ္ (၁) တံတားမွ ေန႔စဥ္တံတားကူးလက္မွတ္ (ယာယီျဖတ္သန္းခြင့္လက္မွတ္)ျဖင့္ ထိုင္းႏိုင္ငံဖက္သို႔သြားေရာက္သူ ပ်မ္းမွ် (၃,၀၀၀) ဦး ခန္႔ရိွေနၿပီး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁) ရက္ေန႔မွစတင္ကာ တံတားကူးလက္မွတ္ထုတ္ေပးရာတြင္ လက္ေဗြစနစ္ျဖင့္ မွတ္တမ္းတင္၍ တံတားကူးလက္မွတ္ ထုတ္ေပးေနျခင္းျဖစ္သည္။

လွ်ပ္စစ္မီးျပတ္ေတာက္ခ်ိန္တြင္ အေရးေပၚအသံုးျပဳႏုိင္ရန္ စီစဥ္ႏုိင္ျခင္းမရိွသျဖင့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၄) ရက္ေန႔ ေန႔လယ္ပိုင္းက ထိုင္းႏုိင္ငံဘက္မွ လွ်ပ္စစ္မီးျပတ္ေတာက္သြားခ်ိန္တြင္ ျမန္မာ - ထိုင္းခ်စ္ၾကည္ေရးတံတား (၁) ၌ တံတားကူးလက္မွတ္ ျပဳလုပ္မည့္သူ (၄၀၀) ေက်ာ္ခန္႔ စုၿပံဳသြားခဲ့ရသည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net