တာချီလိတ်ခရိုင် တာလမြေို့တွင် ယာဉ်/လမ်း စည်ကမ်းနားလည်ရေး လက်ကမ်းစာရွက်များ ဖြနေ့်ဝ

တာချီလိတ်ခရိုင် တာလမြေို့တွင် ယာဉ်/လမ်း စည်ကမ်းနားလည်ရေး လက်ကမ်းစာရွက်များ ဖြနေ့်ဝ
အောက်တိုဘာ 2, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလမြေို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း သိရှိနားလည်နို်င်ရေးအတွက် စုပေါင်းအဖွဲ့ဖြင့် လက်ကမ်းစာရွက်များဖြနေ့်ဝ အသိပညာပေးမှုကို ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(တာလေ)ရှေ့ရှိ လမ်းမကြီးတွင် နံနက်(၆)နာရီခွဲမှ နံနက်(၈)နာရီအချိန်အထိ လက်ကမ်းစာရွက်များ ဖြနေ့်ဝခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍ နံနက်(၉)နာရီအချိန်အတွင် အထက်တန်းကျောင်းအတွင်း၌ အသိပညာပေးဟောပြောပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"မြို့အုပ်ချုပ်ရေးမှူးရယ်၊ စည်ပင်ရယ်၊ မီးသတ်ရယ်၊ ရဲရယ်၊ ကျောင်းဆရာ/ဆရာမရယ်ပေါ့၊ ပြီးတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရယ်၊ ဌာနဆိုင်ရာအားလုံးပေါင်းပြီး လုပ်တာ၊ နံနက်(၉)နာရီမှာ ယာဉ်စည်းကမ်းနဲ့ ပတ်သက်ပြီး ကျောင်းထဲမှာ ဟောပြောပွဲရှိတယ်၊"ဟု တာလမြေို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလမြေို့နေ ပြည်သူများအနဖြေင့် ဆိုင်ကယ်မောင်းမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ မေးသိုင်းကြိုးတပ်ရင်၊ (၂)ဦးထက်ပိုမစီးရန်၊ ပါဝါအိတ်ဇောကြီးများ တပ်ဆင်၍ မောင်းနှင်ခြင်းမပြုလုပ်ရန် နှင့် ဆိုင်ကယ်အား အမြန်မမောင်းရန် စသည့် စည်းကမ်းချက်များအား သိရှိနားလည်စေရန်အတွက် ပေးေဝခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - TZL



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း သိရှိနားလည်နိုင်ရေးအတွက် စုပေါင်းအဖွဲ့ဖြင့် လက်ကမ်းစာရွက်များဖြန့်ဝေ အသိပညာပေးမှုကို ၂၀၁၉ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နံနက်အစောပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(တာလေ)ရှေ့ရှိ လမ်းမကြီးတွင် နံနက်(၆)နာရီခွဲမှ နံနက်(၈)နာရီအချိန်အထိ လက်ကမ်းစာရွက်များ ဖြန့်ဝေခဲ့ကြခြင်းဖြစ်ပြီး ဆက်လက်၍ နံနက်(၉)နာရီအချိန်အတွင် အထက်တန်းကျောင်းအတွင်း၌ အသိပညာပေးဟောပြောပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"မြို့အုပ်ချုပ်ရေးမှူးရယ်၊ စည်ပင်ရယ်၊ မီးသတ်ရယ်၊ ရဲရယ်၊ ကျောင်းဆရာ/ဆရာမရယ်ပေါ့၊ ပြီးတော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရယ်၊ ဌာနဆိုင်ရာအားလုံးပေါင်းပြီး လုပ်တာ၊ နံနက်(၉)နာရီမှာ ယာဉ်စည်းကမ်းနဲ့ ပတ်သက်ပြီး ကျောင်းထဲမှာ ဟောပြောပွဲရှိတယ်၊"ဟု တာလေမြို့ ရပ်ကွက်(၃)အုပ်ချုပ်ရေးမှူး ဦးစိုင်းသန့်ဇင်လတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာလေမြို့နေ ပြည်သူများအနေဖြင့် ဆိုင်ကယ်မောင်းမည်ဆိုပါက ဆိုင်ကယ်စီးဦးထုပ်ဆောင်းကာ မေးသိုင်းကြိုးတပ်ရင်၊ (၂)ဦးထက်ပိုမစီးရန်၊ ပါဝါအိတ်ဇောကြီးများ တပ်ဆင်၍ မောင်းနှင်ခြင်းမပြုလုပ်ရန် နှင့် ဆိုင်ကယ်အား အမြန်မမောင်းရန် စသည့် စည်းကမ်းချက်များအား သိရှိနားလည်စေရန်အတွက် ပေးဝေခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - TZL

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net