တာချီလိတ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးအတွက် ပြင်ဆင်ထားသည့် မြို့မသုဿာန်သစ်(ပုံလို့)တွင် ယာယီနားနေဆောင် (၂) ခု အမိုးလန်ပြိုလဲမှုဖြစ်

တာချီလိတ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးအတွက် ပြင်ဆင်ထားသည့် မြို့မသုဿာန်သစ်(ပုံလို့)တွင် ယာယီနားနေဆောင် (၂) ခု အမိုးလန်ပြိုလဲမှုဖြစ်
အောက်တိုဘာ 28, 2019
By Tachileik News Agency
တာချီလိတ်တွင် အချိန်အခါမဲ့ မိုးရွာသွန်းမှုကြောင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးအတွက် ပြင်ဆင်ထားသည့် မြို့မသုဿာန်သစ်(ပုံလို့)တွင် ယာယီနားနေဆောင် (၂) ခု အမိုးလန်ပြိုလဲမှုဖြစ်

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၂၈) ရက်နေ့ နေ့လည် (၁၁) နာရီဝန်းကျင်ကစတင် ရွာသွန်းခဲ့သည့် အချိန်အခါမဲ့မိုးကြောင့် မြို့မသုဿာန်သစ်(ပုံလို့)တွင် မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ဆရာတော်၏ အန္တိမအဂ္ဂိဈာပန ကျင်းပရေးအတွက် ပြင်ဆင်ထားသည့် ယာယီနားနေဆောင် (၂) ခုမှာ အမိုးလန်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"နားနေဆောင် (၂) ဆောင်ပေါ့။ အကြီးဆောင်က ပြိုသွားတယ်။ ဆရာတော်မီးပူဇော်မယ့် ကရသိတ်စင်ကတော့ သေချာတုပ်ထားတာဆိုတော့ ဒီတိုင်းပဲရှိသေးတယ်။ နားနေဆောင်တွေက အမိုးတွေအကုန်လန်သွားတာပေါ့"ဟု ပြင်ဆင်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အချိန်အခါမဲ့မိုးရွာသွန်းမှုနှင့် လပြေင်းတိုက်ခတ်မှုများကြောင့် ယာယီနားနေဆောင်အမိုးလန်ပျက်ဆီးခြင်း နှင့်အတူ တောင်ပေါ်တွင် ရေဝပ်မှုများဖြစ်ပေါ်ခဲ့ပြီး အချိန်မီပြန်လည်ပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - SLSK


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္တြင္ အခ်ိန္အခါမဲ့ မိုးရြာသြန္းမႈေၾကာင့္ မဟာျမတ္မုနိဆရာေတာ္ဘုရားႀကီး၏ အႏၱိမအဂၢိစ်ာပန က်င္းပေရးအတြက္ ျပင္ဆင္ထားသည့္  ၿမိဳ႕မသုႆာန္သစ္(ပံုလို႔)တြင္ ယာယီနားေနေဆာင္ (၂) ခု အမိုးလန္ၿပိဳလဲမႈျဖစ္

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုနွစ္ ေအာက္တိုဘာ (၂၈) ရက္ေန႔ ေန႔လည္ (၁၁) နာရီ၀န္းက်င္ကစတင္  ရြာသြန္းခဲ့သည့္ အခ်ိန္အခါမဲ့မိုးေၾကာင့္ ၿမို႕မသုႆာန္သစ္(ပံုလို႔)တြင္ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္ ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပန က်င္းပေရးအတြက္ ျပင္ဆင္ထားသည့္ ယာယီနားေနေဆာင္ (၂) ခုမွာ အမိုးလန္ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

"နားေနေဆာင္ (၂) ေဆာင္ေပါ့။ အႀကီးေဆာင္က ၿပိဳသြားတယ္။ ဆရာေတာ္မီးပူေဇာ္မယ့္ ကရသိတ္စင္ကေတာ့ ေသခ်ာတုပ္ထားတာဆိုေတာ့ ဒီတိုင္းပဲရိွေသးတယ္။ နားေနေဆာင္ေတြက အမိုးေတြအကုန္လန္သြားတာေပါ့"ဟု ျပင္ဆင္ေရးတြင္ ပါ၀င္ေဆာင္ရြက္ေနသည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အခ်ိန္အခါမဲ့မိုးရြာသြန္းမႈႏွင့္ ေလျပင္းတိုက္ခတ္မႈမ်ားေၾကာင့္ ယာယီနားေနေဆာင္အမိုးလန္ပ်က္ဆီးျခင္း ႏွင့္အတူ ေတာင္ေပၚတြင္ ေရ၀ပ္မႈမ်ားျဖစ္ေပၚခဲ့ၿပီး အခ်ိန္မီျပန္လည္ျပင္ဆင္ႏိုင္ေရးအတြက္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပနအခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၃၀) ရက္ေန႔တြင္ က်င္းပမည္ ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - SLSK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net