အဆိုတော် ဖြိုးပြည့်စုံနှင့် အမျိုးသားနှစ်ဦးထံက သိမ်းဆည်းရမိသည့် ဆေးပြားများကို ဓာတ်ခွဲစစ်ဆေးနေဆဲ

အဆိုတော် ဖြိုးပြည့်စုံနှင့် အမျိုးသားနှစ်ဦးထံက သိမ်းဆည်းရမိသည့် ဆေးပြားများကို ဓာတ်ခွဲစစ်ဆေးနေဆဲ
အောက်တိုဘာ 8, 2019
By Tachileik News Agency

အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနှင့် ရော်နီစန်းလွင်တို့ (၃)ဦးတို့ကို ကတ်တမင်း မူးယစ်ဆေးနှင့် အတူ ဖမ်းမိသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်ပြီး အဆိုတော်အပါအဝင် (၃)ဦးကို ဗဟန်းမြို့မရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည့်သတင်းဖော်ပြပါ ဓာတ်ပုံတွင် ထိုင်းနိုင်ငံ၌ ရောင်းချလေ့ရှိသည့် Play More Candy ငုံဆေးပုလင်းနှင့် ငုံဆေးပြားများနှင့် တူသည့် ဆေးပြား (၁၁)ပြားကို တွေ့ရပြီး သတင်းဖော်ပြချက်တွင် ကတ်တမင်းဆေးပြား (၁၀)ပြား ဖမ်းမိသည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

၎င်းတို့ထံမှ သိမ်းဆည်းရမိထားသည့် ဆေးပြားများကို ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူထံမှ သိရသည်။

အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနှင့် ရော်နီစန်းလွင်တို့ (၃)ဦးမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက် မြန်မာပလာဇာရှိ  ကော်ဖီဆိုင်၌ ထိုင်နေစဉ် မူးယစ်တပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖြိုးပြည့်စုံ၏ မော်တော်ယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ Play စာတမ်းပါ ပလပ်စတစ်ဗူးဖြင့် ထည့်ထားသည့် ကတ်တမင်းဆေးပြား (၁၀) ပြားဖမ်းမိသည်ဟုဆိုကာ ဖြိုးပြည့်စုံ၊ ရော်နီစန်းလွင်နှင့် ငြိမ်းချမ်းကိုတို့အား ဗဟန်းမြို့မရဲစခန်းတွင် မယ(ပ)၄၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး၊ မူးယစ်


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

အဆိုေတာ္ ၿဖိဳးျပည့္စံုႏွင့္ အမ်ိဳးသားႏွစ္ဦးထံက သိမ္းဆည္းရမိသည့္ ေဆးျပားမ်ားကို ဓါတ္ခြဲစစ္ေဆးေနဆဲ
*****

အဆိုေတာ္ ၿဖိဳးျပည့္စံု၊ ေတးေရး ၿငိမ္းခ်မ္းကိုႏွင့္ ေရာ္နီစန္းလြင္တို႔ (၃)ဦးတို႔ကို ကတ္တမင္း မူးယစ္ေဆးႏွင့္ အတူ ဖမ္းမိသည္ဟု မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔က ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ သတင္းထုတ္ျပန္လုိက္ၿပီး အဆိုေတာ္အပါအဝင္ (၃)ဦးကို ဗဟန္းၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းထားသည္ဟု သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔က ထုတ္ျပန္ထားသည့္သတင္းေဖၚျပပါ ဓါတ္ပံုတြင္ ထုိင္းႏိုင္ငံ၌ ေရာင္းခ်ေလ့ရိွသည့္ Play More Candy ငံုေဆးပုလင္းႏွင့္ ငံုေဆးျပားမ်ားႏွင့္ တူသည့္ ေဆးျပား (၁၁)ျပားကို ေတြ႔ရၿပီး သတင္းေဖၚျပခ်က္တြင္ ကတ္တမင္းေဆးျပား (၁၀)ျပား ဖမ္းမိသည္ဟု ေဖၚျပထားသည္ကို ေတြ႔ရသည္။

၎တုိ႔ထံမွ သိမ္းဆည္းရမိထားသည့္ ေဆးျပားမ်ားကို ဓါတ္ခြဲစစ္ေဆးေနဆဲျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕တာဝန္ရိွသူထံမွ သိရသည္။

အဆိုေတာ္ ၿဖိဳးျပည့္စံု၊ ေတးေရး ၿငိမ္းခ်မ္းကိုႏွင့္ ေရာ္နီစန္းလြင္တို႔ (၃)ဦးမွာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔ ညေန (၅)နာရီခြဲအခ်ိန္တြင္ ဗဟန္းၿမိဳ႕နယ္၊ ဆရာစံရပ္ကြက္ ျမန္မာပလာဇာရွိ  ေကာ္ဖီဆိုင္၌ ထုိင္ေနစဥ္ မူးယစ္တပ္ဖြဲ႕က သတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ၿဖိဳးျပည့္စံု၏ ေမာ္ေတာ္ယာဥ္ေပၚရိွ ေက်ာပိုးအိတ္အတြင္းမွ Play စာတမ္းပါ ပလပ္စတစ္ဗူးျဖင့္ ထည့္ထားသည့္ ကတ္တမင္းေဆးျပား (၁၀) ျပားဖမ္းမိသည္ဟုဆိုကာ ၿဖိဳးျပည့္စုံ၊ ေရာ္နီစန္းလြင္ႏွင့္ ၿငိမ္းခ်မ္းကိုတို႔အား ဗဟန္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး၊ မူးယစ္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net