မူးယစ်ဆေးမဟုတ်ကြောင်း ဓါတ်ခွဲအဖြေရရှိ၍ အဆိုတော် ဖြိုးပြည့်စုံနှင့် သူငယ်ချင်းနှစ်ဦးကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်

မူးယစ်ဆေးမဟုတ်ကြောင်း ဓါတ်ခွဲအဖြေရရှိ၍ အဆိုတော် ဖြိုးပြည့်စုံနှင့် သူငယ်ချင်းနှစ်ဦးကို ထိန်းသိမ်းထားရာမှ ပြန်လွှတ်
အောက်တိုဘာ 9, 2019
By 🌸
အဆိုတော် ဖြိုးပြည့်စုံနှင့် သူငယ်ချင်းနှစ်ဦးထံမှ ဖမ်းဆီးရမိသည့် ဆေးပြားများမှာ မူးယစ်ဆေးမဟုတ်ဟု ဓါတ်ခွဲ အဖြေထွက်လာသဖြင့် ဗဟန်းမြို့မရဲစခန်းတွင် ထိန်းသိမ်းခံထားရသည့် အဆိုတော်နှင့် သူငယ်ချင်းနှစ်ဦးကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

အဆိုတော် ဖြိုးပြည့်စုံ၊ တေးရေး ငြိမ်းချမ်းကိုနှင့် ရော်နီစန်းလွင်တို့ (၃)ဦးမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ညနေ (၅)နာရီခွဲအချိန်တွင် ဗဟန်းမြို့နယ်၊ မြန်မာပလာဇာရှိ ကော်ဖီဆိုင်၌ ထိုင်နေစဉ် မူးယစ်တပ်ဖွဲ့က သတင်းအရ စောင့်ဆိုင်းဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးမှုအတွင်း အဆိုတော် ဖြိုးပြည့်စုံ၏ မော်တော်ယာဉ်ပေါ်ရှိ ကျောပိုးအိတ်အတွင်းမှ Play စာတမ်းပါ ပလပ်စတစ်ဗူးဖြင့် ထည့်ထားသည့် ကတ်တမင်းဆေးပြားများနှင့် ပုံစံတူ (၁၀) ပြားကို စစ်ဆေးတွေ့ရသဖြင့် အဆိုတော်နှင့် သူငယ်ချင်းနှစ်ဦးအား မူးယစ်တပ်ဖွဲ့က ဗဟန်းမြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်တန်းချက် ဖွင့်လှစ်ကာ ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ထိန်းသိမ်းထားသူများအား လိုအပ်သည့်စစ်ဆေးမှုများ ပြုလုပ်ပြီး ဆေးပြားများကိုလည်း ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ရာ ဓါတ်ခွဲအဖြေအရ မူးယစ်ဆေးမဟုတ်သဖြင့် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အဆိုတော်နှင့် သူငယ်ချင်းနှစ်ဦးအား ကတ်တမင်းဆေးပြား (၁၀)ပြားဖြင့် ဖမ်းမိသည်ဟု မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က အောက်တိုဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သော်လည်း နာရီအနည်းငယ် အကြာတွင် အဆိုပါသတင်းကို ပြန်လည်ဖြုတ်ချခဲ့သည်ကို တွေ့ရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားခဲ့သည့်သတင်းဓါတ်ပုံတွင် ထိုင်းနိုင်ငံ၌ ရောင်းချလေ့ရှိသည့် Play More Candy ပူရှိန်းငုံဆေးပုလင်းနှင့် ပူရှိန်းငုံဆေးပြားများနှင့် တူသည့် ဆေးပြား (၁၁)ပြားကို တွေ့ရပြီး သတင်းထုတ်ပြန်ချက်တွင် ဆေးပြား (၁၀)ပြားဟု ဖေါ်ပြထားသည်ကိုလည်း တွေ့ရသည်။

ဖြိုးပြည့်စုံ၊ ရော်နီစန်းလွင်နှင့် ငြိမ်းချမ်းကိုတို့အား ဗဟန်းမြို့မရဲစခန်းတွင် မယ(ပ)၄၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အောက်တိုဘာလ (၇)ရက်နေ့ ညပိုင်းတွင် အမှုဖွင့်ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Phyo Pyae Sone Facebook Page

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
မူးယစ္ေဆးမဟုတ္ေၾကာင္း ဓါတ္ခြဲအေျဖရရိွ၍ အဆိုေတာ္ ၿဖိဳးျပည့္စံုႏွင့္ သူငယ္ခ်င္းႏွစ္ဦးကို ထိန္းသိမ္းထားရာမွ ျပန္လႊတ္
***************
အဆိုေတာ္ ၿဖိဳးျပည့္စံုႏွင့္ သူငယ္ခ်င္းႏွစ္ဦးထံမွ ဖမ္းဆီးရမိသည့္ ေဆးျပားမ်ားမွာ မူးယစ္ေဆးမဟုတ္ဟု ဓါတ္ခြဲ အေျဖထြက္လာသျဖင့္ ဗဟန္းၿမိဳ႕မရဲစခန္းတြင္ ထိန္းသိမ္းခံထားရသည့္ အဆိုေတာ္ႏွင့္ သူငယ္ခ်င္းႏွစ္ဦးကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္သည္။

အဆိုေတာ္ ၿဖိဳးျပည့္စံု၊ ေတးေရး ၿငိမ္းခ်မ္းကိုႏွင့္ ေရာ္နီစန္းလြင္တို႔ (၃)ဦးမွာ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔ ညေန (၅)နာရီခြဲအခ်ိန္တြင္ ဗဟန္းၿမိဳ႕နယ္၊ ျမန္မာပလာဇာရွိ ေကာ္ဖီဆိုင္၌ ထုိင္ေနစဥ္ မူးယစ္တပ္ဖြဲ႕က သတင္းအရ ေစာင့္ဆိုင္းဖမ္းဆီးခံခဲ့ရျခင္း ျဖစ္သည္။

ဖမ္းဆီးမႈအတြင္း အဆိုေတာ္ ၿဖိဳးျပည့္စံု၏ ေမာ္ေတာ္ယာဥ္ေပၚရိွ ေက်ာပိုးအိတ္အတြင္းမွ Play စာတမ္းပါ ပလပ္စတစ္ဗူးျဖင့္ ထည့္ထားသည့္ ကတ္တမင္းေဆးျပားမ်ားႏွင့္ ပံုစံတူ (၁၀) ျပားကို စစ္ေဆးေတြ႔ရသျဖင့္ အဆိုေတာ္ႏွင့္ သူငယ္ခ်င္းႏွစ္ဦးအား မူးယစ္တပ္ဖြဲ႕က ဗဟန္းၿမိဳ႕မရဲစခန္းတြင္ ပထမသတင္းေပး တုိင္တန္းခ်က္ ဖြင့္လွစ္ကာ ထိန္းသိမ္းခဲ့ျခင္းျဖစ္သည္။

ယင္းေနာက္ ထိန္းသိမ္းထားသူမ်ားအား လိုအပ္သည့္စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ေဆးျပားမ်ားကိုလည္း ဓါတ္ခြဲစစ္ေဆးခဲ့ျခင္းျဖစ္ရာ ဓါတ္ခြဲအေျဖအရ မူးယစ္ေဆးမဟုတ္သျဖင့္ ျပန္လည္လြတ္ေျမာက္လာျခင္း ျဖစ္သည္။

အဆိုပါ ဖမ္းဆီးမႈႏွင့္ပတ္သက္ၿပီး အဆိုေတာ္ႏွင့္ သူငယ္ခ်င္းႏွစ္ဦးအား ကတ္တမင္းေဆးျပား (၁၀)ျပားျဖင့္ ဖမ္းမိသည္ဟု မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔က ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့ေသာ္လည္း နာရီအနည္းငယ္ အၾကာတြင္ အဆိုပါသတင္းကို ျပန္လည္ျဖဳတ္ခ်ခဲ့သည္ကို ေတြ႔ရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔က ထုတ္ျပန္ထားခဲ့သည့္သတင္းဓါတ္ပံုတြင္ ထုိင္းႏိုင္ငံ၌ ေရာင္းခ်ေလ့ရိွသည့္ Play More Candy ပူရွိန္းငံုေဆးပုလင္းႏွင့္ ပူရွိန္းငံုေဆးျပားမ်ားႏွင့္ တူသည့္ ေဆးျပား (၁၁)ျပားကို ေတြ႔ရၿပီး သတင္းထုတ္ျပန္ခ်က္တြင္ ေဆးျပား (၁၀)ျပားဟု ေဖၚျပထားသည္ကိုလည္း ေတြ႔ရသည္။

ၿဖိဳးျပည့္စုံ၊ ေရာ္နီစန္းလြင္ႏွင့္ ၿငိမ္းခ်မ္းကိုတို႔အား ဗဟန္းၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၄/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ ေအာက္တိုဘာလ (၇)ရက္ေန႔ ညပိုင္းတြင္ အမႈဖြင့္ထိန္းသိမ္းထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Phyo Pyae Sone Facebook Page

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net