အဆိုတော် ဖြိုးပြည့်စုံနှင့် အမျိုးသားနှစ်ဦးကို မူးယစ်တပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်၍ မူးယစ်ဆေး ဖမ်းမိခြင်း ရှိမရှိကို အတည်မပြုနိုင်သေး

အဆိုတော် ဖြိုးပြည့်စုံနှင့် အမျိုးသားနှစ်ဦးကို မူးယစ်တပ်ဖွဲ့က စစ်ဆေးနေဆဲဖြစ်၍ မူးယစ်ဆေး ဖမ်းမိခြင်း ရှိမရှိကို အတည်မပြုနိုင်သေး
အောက်တိုဘာ 7, 2019
By Tachileik News Agency

အဆိုတော် ဖြိုးပြည့်စုံအပါအဝင် အမျိုးသား (၃)ဦးကို ရန်ကုန်မြို့၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ည(၆)နာရီဝန်းကျင်က မူးယစ်တပ်ဖွဲ့က စစ်ဆေးနေကြောင်း ကနဦးအတည်ပြုချက် ရရှိသည်။

မူးယစ်တပ်ဖွဲ့က ညပိုင်းအချိန်ထိ စစ်ဆေးမှုများ ပြုလုပ်နေဆဲဟုသိရပြီး အဆိုတော်ထံမှ မူးယစ်ဆေးဝါး တွေ့ရှိခြင်း ရှိ၊မရှိစသည့် အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

လူမှုကွန်ယက်စာမျက်နှာတွင်လည်း မြန်မာပလာဇာရှိ ကော်ဖီဆိုင်တစ်ခု၌ အမျိုးသား (၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဗီဒီယိုဖိုင်တစ်ခုတက်လာပြီး အဆိုတော် ဖြိုးပြည့်စုံ ဖမ်းဆီးခံရသည်ဟု သတင်းများ ပြန့်နှံ့နခြေင်းဖြစ်သည်။

သံစဉ်များနဲ့ကမ္ဘာ အစီအစဉ်မှနေ၍ အောင်မြင်ကျော်ကြားလာသည့် အဆိုတော် ဖြိုးပြည့်စုံသည် အောင်မြင်သည့် တေးသီချင်းများစွာဖြင့် ပရိတ်သတ်အားပေးမှု များစွာရရှိထားသူဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

အဆိုေတာ္ ၿဖိဳးျပည့္စံုႏွင့္ အမ်ိဳးသားႏွစ္ဦးကို မူးယစ္တပ္ဖြဲ႕က စစ္ေဆးေနဆဲျဖစ္၍ မူးယစ္ေဆး ဖမ္းမိျခင္း ရိွမရိွကို အတည္မျပဳႏုိင္ေသး

အဆုိေတာ္ ျဖိဳးျပည့္စုံအပါအဝင္ အမ်ိဳးသား (၃)ဦးကို ရန္ကုန္ၿမိဳ႕၌ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၇) ရက္ေန႔ ည(၆)နာရီ၀န္းက်င္က  မူးယစ္တပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း ကနဦးအတည္ျပဳခ်က္ ရရိွသည္။

မူးယစ္တပ္ဖြဲ႕က ညပိုင္းအခ်ိန္ထိ စစ္ေဆးမႈမ်ား ျပဳလုပ္ေနဆဲဟုသိရၿပီး အဆိုေတာ္ထံမွ မူးယစ္ေဆးဝါး ေတြ႔ရိွျခင္း ရိွ၊မရိွစသည့္ အေသးစိတ္အခ်က္အလက္မ်ားကို အတည္ျပဳႏုိင္ျခင္းမရိွေသးေၾကာင္း တာဝန္ရိွသူတစ္ဦးက အတည္ျပဳ ေျပာၾကားသည္။

လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း ျမန္မာပလာဇာရိွ ေကာ္ဖီဆုိင္တစ္ခု၌ အမ်ိဳးသား (၂)ဦးကို ဖမ္းဆီးေခၚေဆာင္သြားသည့္ ဗီဒီယိုဖိုင္တစ္ခုတက္လာၿပီး အဆိုေတာ္ ၿဖိဳးျပည့္စံု ဖမ္းဆီးခံရသည္ဟု သတင္းမ်ား ျပန္႔ႏွံ႔ေနျခင္းျဖစ္သည္။

သံစဥ္မ်ားနဲ႔ကမၻာ အစီအစဥ္မွေန၍ ေအာင္ျမင္ေက်ာ္ၾကားလာသည့္ အဆိုေတာ္ ၿဖိဳးျပည့္စံုသည္ ေအာင္ျမင္သည့္ ေတးသီခ်င္းမ်ားစြာျဖင့္ ပရိတ္သတ္အားေပးမႈ မ်ားစြာရရိွထားသူျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net