တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် အောက်တိုဘာ (၃၀) ရက်နေ့အတွက် လမ်းကြောင်းများပြောင်းလဲသတ်မှတ်ထား

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် အောက်တိုဘာ (၃၀) ရက်နေ့အတွက် လမ်းကြောင်းများပြောင်းလဲသတ်မှတ်ထား
အောက်တိုဘာ 29, 2019
By Tachileik News Agency
တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် 
အောက်တိုဘာ (၃၀) ရက်နေ့အတွက် လမ်းကြောင်းများပြောင်းလဲသတ်မှတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် အောက်တိုဘာ (၃၀) ရက်နေ့တွင် မြို့တွင်းလမ်းများကို တစ်လမ်းမောင်းစနစ်၊ လမ်းလွှဲစနစ်များဖြင့် ပြောင်းလဲသတ်မှတ်ထားကြောင်း သိရသည်။

"ဒီနေ့(အောက်တိုဘာ ၂၉)က (၂) နာရီကနေစပြီးတော့ ကျောင်းတိုက်ထဲကို ဘယ်ကားမှပေး မဝင်တော့ဘူး။ မနက်ဖြန်(အောက်တိုဘာ ၃၀) က လာတဲ့ကားတွေ လဝကရုံးနဲ့ ဆောက်လုပ်ရေးရုံးထဲရပ်ဖို့ စီစဉ်ပေးထားတယ်။ လမ်းကိုလည်း တစ်လမ်းမောင်းစနစ်လုပ်မယ်။ ပုံလို့လမ်းကိုလည်း တစ်လမ်းမောင်းစနစ်သတ်မှတ်မယ်။ မြို့ပြင်ကတဲ့လာတဲ့ကားတွေက အမှတ် (၂) တံတားထိပ်ကနေ မြို့ရှောင်လမ်းကို လမ်းလွှဲမယ်။ အဝိုင်းကနေ မြို့ထဲကို ဝင်တဲ့ကားတွေကို စာတိုက်ကနေစပြီးတော့ မြို့ရှောင်လမ်းကို လမ်းလွှဲမယ်။ ပုံလို့မီးသင်္ဂြိုလ်စက်ကို သွားတဲ့လမ်းက အတက်လမ်းသတ်မှတ်မယ်။ ပြီးရင် ပုံလို့ဘုန်းကြီးကျောင်းကနေ အဆင်းလမ်းသတ်မှတ်မယ်"ဟု အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့တွင် မနက် (၁၀) နာရီမှစတင်ပြီး ဗိုလ်ချုပ်အောင်ဆမ်းလမ်းတစ်လျှောက်တွင် စာတိုက်လမ်းမှ အမှတ် (၂)တံတားထိပ်အထိ ယာဉ်များမဝင်ရောက်စေရေးအတွက် လမ်းလွှဲများပြုလုပ်ထားပြီး လမ်းမကြီးတစ်လျှောက်နှင့် လမ်းသွယ်များထိပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြည်သူစစ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ချထားပေးထားမည်ဖြစ်ကြောင်း၊ ပုံလို့လမ်းကို တစ်လမ်းမောင်းစနစ်ဖြင့်သတ်မှတ်ထားရာတွင် လွယ်စီတုံဘက်မှ မြို့ထဲသို့ သွားရောက်မည့် ယာဉ်များအနဖြေင့် အမှတ်(၂) မီးလင်းရေးရုံး(တောဝမီးစက်)ဘေးရှိ လမ်းလွှဲမှလည်းကောင်း၊ NICE ကျောင်းဘေးမှ ဝမ်မိုင်ရွာဘက်သို့ လမ်းလွှဲတစ်ခု၊ ရွှေမြေသာယာဈေး(လားဟူ)ဘေးလမ်းတွင် လမ်းလွှဲတစ်ခုထားရှိကြောင်း သိရသည်။

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနသို့ လာရောက်သူများအနဖြေင့် VIP ကတ်ရရှိထားသည့်ယာဉ်များမှာ ပုံလို့သုဿန်ရှေ့ရှိ ယာဉ်ရပ်နားကွင်းတွင်ရပ်နားထားရမည်ဖြစ်ပြီး VIP ကတ်မပါရှိသည့် ယာဉ်များအနဖြေင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာ မုဒ်ဦးဆိုင်းဘုတ်ရှေ့ရှိ ယာဉ်ရပ်နားကွင်းနှင့် သော်တာဝင်းကျောက်ထုတ်လုပ်ရေးဝင်းများအတွင်း ယာဉ်များရပ်နားထားရမည်ဖြစ်ပြီး လူများမှာ ပုံလို့သုဿာန်သို့ စီစဉ်ထားသည့်ကြိုပို့ယာဉ်များဖြင့်သာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားတွင် ကုသိုလ်ပြုလှူဒါန်းကျွေးမွေးမည့်အဖွဲ့များအနဖြေင့် ပုံလို့သုဿာန်ရှေ့ရှိ မိမိတို့ မဏ္ဍပ်များတွင် လှူဒါန်းမည့်ပစ္စည်းများကို အောက်တိုဘာလ(၃၀) ရက်နေ့ နေ့လည် (၁၂) ထက်မကျော်စေဘဲယာဉ်များဖြင့် သယ်ပို့ပေးထားရမည်ဖြစ်ပြီး မဏ္ဍပ်ရှေ့များတွင် မည်သည့်ယာဉ်မှ ရပ်နားခွင့်ပြုမည် မဟုတ်ကြောင်း၊ အတက်လမ်းတစ်လျှောက်တွင် ယာဉ်ရပ်နားမှုမရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် စည်းကမ်းထိန်းသိမ်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~



   
မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပမည့် ၂၀၁၉ ခုနှစ် အောက်တိုဘာ (၃၀) ရက်နေ့တွင် မနက် (၁၀) နာရီမှစတင်ပြီး ဗိုလ်ချုပ်အောင်ဆမ်းလမ်းတစ်လျှောက်တွင် စာတိုက်လမ်းမှ အမှတ် (၂)တံတားထိပ်အထိ ယာဉ်များမ၀င်ရောက်စေရေးအတွက် လမ်းလွှဲများပြုလုပ်ထားပြီး လမ်းမကြီးတစ်လျှောက်နှင့် လမ်းသွယ်များထိပ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ပြည်သူစစ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ချထားပေးထားမည်ဖြစ်ကြောင်း၊ ပုံလို့လမ်းကို တစ်လမ်းမောင်းစနစ်ဖြင့်သတ်မှတ်ထားရာတွင် လွယ်စီတုံဘက်မှ  မြို့ထဲသို့ သွားရောက်မည့် ယာဉ်များအနေဖြင့် အမှတ်(၂) မီးလင်းရေးရုံး(တာဝေမီးစက်)ဘေးရှိ လမ်းလွှဲမှလည်းကောင်း၊ NICE ကျောင်းဘေးမှ ၀မ်မိုင်ရွာဘက်သို့ လမ်းလွှဲတစ်ခု၊ ရွှေမြေသာယာဈေး(လားဟူ)ဘေးလမ်းတွင် လမ်းလွှဲတစ်ခုထားရှိကြောင်း သိရသည်။

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနသို့ လာရောက်သူများအနေဖြင့် VIP ကတ်ရရှိထားသည့်ယာဉ်များမှာ ပုံလို့သုဿန်ရှေ့ရှိ ယာဉ်ရပ်နားကွင်းတွင်ရပ်နားထားရမည်ဖြစ်ပြီး VIP ကတ်မပါရှိသည့် ယာဉ်များအနေဖြင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာ မုဒ်ဦးဆိုင်းဘုတ်ရှေ့ရှိ ယာဉ်ရပ်နားကွင်းနှင့် သော်တာဝင်းကျောက်ထုတ်လုပ်ရေးဝင်းများအတွင်း ယာဉ်များရပ်နားထားရမည်ဖြစ်ပြီး လူများမှာ ပုံလို့သုဿာန်သို့ စီစဉ်ထားသည့်ကြိုပို့ယာဉ်များဖြင့်သာ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

မဟာမြတ်မုနိဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားတွင် ကုသိုလ်ပြုလှူဒါန်းကျွေးမွေးမည့်အဖွဲ့များအနေဖြင့် ပုံလို့သုဿာန်ရှေ့ရှိ မိမိတို့ မဏ္ဍပ်များတွင် လှူဒါန်းမည့်ပစ္စည်းများကို အောက်တိုဘာလ(၃၀) ရက်နေ့ နေ့လည် (၁၂) ထက်မကျော်စေဘဲယာဉ်များဖြင့် သယ်ပို့ပေးထားရမည်ဖြစ်ပြီး မဏ္ဍပ်ရှေ့များတွင် မည်သည့်ယာဉ်မှ ရပ်နားခွင့်ပြုမည် မဟုတ်ကြောင်း၊ အတက်လမ်းတစ်လျှောက်တွင် ယာဉ်ရပ်နားမှုမရှိစေရေးအတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မော်တော်ဆိုင်ကယ် (၂) စီးဖြင့် စည်းကမ်းထိန်းသိမ်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net