ကျိုင်းတုံမြို့နယ်အတွင်း ပန်လိီ(အောက်)ရှိ အထက(ခွဲ)တွင် ကျောင်းသားကျောင်းသူများက ဒေသထွက်သီးနှံများဖြင့် ဆရာ၊ဆရာမများအား ပူဇော်ကန်တော့

ကျိုင်းတုံမြို့နယ်အတွင်း ပန်လိီ(အောက်)ရှိ အထက(ခွဲ)တွင် ကျောင်းသားကျောင်းသူများက ဒေသထွက်သီးနှံများဖြင့် ဆရာ၊ဆရာမများအား ပူဇော်ကန်တော့
အောက်တိုဘာ 9, 2019
By Tachileik News Agency

ကျိုင်းတုံမြို့နယ်အတွင်း ပန်လိီ(အောက်)ရှိ အထက(ခွဲ)တွင် ကျောင်းသားကျောင်းသူများက ဒေသထွက်သီးနှံများဖြင့် ဆရာ၊ဆရာမများအား ပူဇော်ကန်တော့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စုအတွင်း၊ ပန်လီ(အောက်)ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျောင်းသားကျောင်းသူများက ဆရာ၊ဆရာမများအား ပူဇော်ကန်တော့ပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့တွင်ကျင်းပရာ ဒေသထွက်သီးနှံများဖြင့် ပူဇော်ကန်တော့ကြသည်။

“သူတို့ ဒေသထွက် အသီးအနှံတွေ ယူလာပြီး ကန်တော့ကြတာ။ သူတို့ တောင်ယာတွေ လယ်တွေထဲ စိုက်ထားတဲ့ အသီးအနှံလေးတွေ ယူလာကြတာပေါ့။ မနှစ်ကလည်း အဲဒီလိုပဲ ကန်တော့တယ်။ ဒီနှစ်လည်း အဲဒီလို ကန်တော့ကြတယ်။ ကျွန်မတို့ တောင်ပေါ်ဒေသက တခြားဒေသတွေလို မဟုတ်ဘူး။ သူတို့လည်း မရှိကြတဲ့ သူတွေများတယ်။ ဒီမှာက ကျောင်းလုပ်ငန်းစဉ်လည်းရှိ၊ ရိုးရာလည်း မပျက်ရအောင်ဆိုပြီး လုပ်တော့ သူတို့လည်း အဆင်ပြေအောင် အခုက ကောက်သစ်ပေါ်ချိန် ထွက်တဲ့ အသီးအနှံလေးတွေ ယူခဲ့ကြတာ။ သူငယ်တန်း၊ တစ်တန်း ကလေးလေးတွေကအစ သခွားသီးနှစ်လုံးရှိရင် သခွားသီးယူလာကြတယ်။ သူတို့အိမ်မှာ ရှိတာလေးတွေ ယူလာကြတာ”ဟု ပန်လီ(အောက်)ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သီတင်းကျွတ်ဆရာကန်တော့ပွဲအနဖြေင့် ကျင်းပရာတွင် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၀)ကျော်က မိမိတို့၏ ဆရာ၊ဆရာမများကို အသီးအနှံများ ယူဆောင်ကန်တော့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ပန်းအိတင်


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

က်ဳိင္းတံုၿမိဳ႕နယ္အတြင္း ပန္လိီ(ေအာက္)ရွိ အထက(ခြဲ)တြင္ ေက်ာင္းသားေက်ာင္းသူမ်ားက ေဒသထြက္သီးႏွံမ်ားျဖင့္ ဆရာ၊ဆရာမမ်ားအား ပူေဇာ္ကန္ေတာ့

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းခြန္ေက်းရြာအုပ္စုအတြင္း၊ ပန္လီ(ေအာက္)ေက်းရြာရိွ အေျခခံပညာအထက္တန္းေက်ာင္းခြဲတြင္ ေက်ာင္းသားေက်ာင္းသူမ်ားက ဆရာ၊ဆရာမမ်ားအား ပူေဇာ္ကန္ေတာ့ပြဲကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔တြင္က်င္းပရာ ေဒသထြက္သီးႏွံမ်ားျဖင့္ ပူေဇာ္ကန္ေတာ့ၾကသည္။

“သူတို႔ ေဒသထြက္ အသီးအႏွံေတြ ယူလာၿပီး ကန္ေတာ့ၾကတာ။ သူတုိ႔ ေတာင္ယာေတြ လယ္ေတြထဲ စိုက္ထားတဲ့ အသီးအႏွံေလးေတြ ယူလာၾကတာေပါ့။ မႏွစ္ကလည္း အဲဒီလိုပဲ ကန္ေတာ့တယ္။ ဒီႏွစ္လည္း အဲဒီလို ကန္ေတာ့ၾကတယ္။ ကၽြန္မတုိ႔ ေတာင္ေပၚေဒသက တျခားေဒသေတြလို မဟုတ္ဘူး။ သူတုိ႔လည္း မရိွၾကတဲ့ သူေတြမ်ားတယ္။ ဒီမွာက ေက်ာင္းလုပ္ငန္းစဥ္လည္းရိွ၊ ရိုးရာလည္း မပ်က္ရေအာင္ဆိုၿပီး လုပ္ေတာ့ သူတို႔လည္း အဆင္ေျပေအာင္ အခုက ေကာက္သစ္ေပၚခ်ိန္ ထြက္တဲ့ အသီးအႏွံေလးေတြ ယူခဲ့ၾကတာ။ သူငယ္တန္း၊ တစ္တန္း ကေလးေလးေတြကအစ သခြားသီးႏွစ္လံုးရိွရင္ သခြားသီးယူလာၾကတယ္။ သူတို႔အိမ္မွာ ရိွတာေလးေတြ ယူလာၾကတာ”ဟု ပန္လီ(ေအာက္)ေက်းရြာ အေျခခံပညာအထက္တန္းေက်ာင္းခြဲမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသူဇာတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သီတင္းကၽြတ္ဆရာကန္ေတာ့ပြဲအေနျဖင့္ က်င္းပရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၄၀၀)ေက်ာ္က မိမိတို႔၏ ဆရာ၊ဆရာမမ်ားကို အသီးအႏွံမ်ား ယူေဆာင္ကန္ေတာ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ပန္းအိတင္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net