ေတာင္ႀကီးတြင္ က်င္းပသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ ဂုတ္တြင္း တာဝန္က် ရဲဝန္ထမ္းကို အထူးကိစၥရပ္အျဖစ္ ရာထူးတိုးျမႇင့္ေပး

ေတာင္ႀကီးတြင္ က်င္းပသည့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွစ္ပတ္လည္ေန႔အခမ္းအနားတြင္ ဂုတ္တြင္း တာဝန္က် ရဲဝန္ထမ္းကို အထူးကိစၥရပ္အျဖစ္ ရာထူးတိုးျမႇင့္ေပး
အောက်တိုဘာ 1, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ ကျင်းပသည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ဂုတ်တွင်းရဲကင်းတာဝန်ကျ ရဲဝန်ထမ်းကို အထူးကိစ္စရပ်အဖြစ် ရာထူးတိုးမြှင့် ပေးလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင် (၂)ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင် (၈)ဦးနှင့် ပြည်သူ (၃)ဦးတို့ကို ဂုဏ်ပြုချီးမြှင့်သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို တစ်နိုင်ငံလုံး တပ်ဖွဲ့ဝင်များက ကျင်းပနခြေင်းဖြစ်ပြီး တောင်ကြီးမြို့တွင် ကျင်းပသည့်အခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ကလည်း တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အထူးကိစ္စရပ်အဖြစ် ရာထူးတိုးမြှင့်ခံရသည့် ရဲဝန်ထမ်းမှာ မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့၏ တိုက်ခိုက်မှုအတွင်း နောင်ချို ဂုတ်တွင်းရဲကင်း တာဝန်ကျခဲ့သူဖြစ်ပြီး အဆိုပါ ရဲဝန်ထမ်းကို ပြည်နယ်ဝန်ကြီးချုပ်က ရာထူးတိုးတံဆိပ် တပ်ဆင်ပေးခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဇော်ခင်အောင်က ရဲချုပ်၏ သဝဏ်လွှာအားဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်း ဖြစ်သည့်အတွက် ပြည်သူ့အကျိုးစီးပွားကို အလေးအနက်ထားပြီး ကာကွယ်စောင့်ရှောက်ပေးသွားကြရန်နှင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွက် ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာစွာတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်းဖြင့် မိမိဂုဏ်သိက္ခါနှင့်အတူ ရဲတပ်ဖွဲ့ဂုဏ်သိက္ခါကိုပါ မြှင့်တင်ကြရန် တိုက်တွန်းသွားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်၏အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်(၂)ဦး၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်(၂)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင် (၃)ဦးနှင့် ပြည်သူ(၁)ဦးတို့အား ရှမ်းပြည်နယ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်ကလည်းကောင်း၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး၏ အမှုထမ်းကောင်းလက်မှတ်ရရှိသူ တပ်ဖွဲ့ဝင်(၃)ဦးနှင့် ပြည်သူ(၁)ဦးတို့အား နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးကလည်းကောင်း အသီးသီး ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည်နယ် ပြန်ဆက်၊ KJN


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔မွ က်င္းပသည့္ (၅၅)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ႏွစ္ပတ္လည္ေန႔ အခမ္းအနားတြင္ ဂုတ္တြင္းရဲကင္းတာဝန္က် ရဲဝန္ထမ္းကို အထူးကိစၥရပ္အျဖစ္ ရာထူးတိုးျမႇင့္ ေပးလုိက္ၿပီး ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ခ်ဳပ္၏ အမႈထမ္းေကာင္းလက္မွတ္ရရိွသူ တပ္ဖြဲ႕ဝင္ (၂)ဦး၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး၏ အမႈထမ္းေကာင္းလက္မွတ္ရရွိသူ တပ္ဖြဲ႕ဝင္ (၈)ဦးႏွင့္ ျပည္သူ (၃)ဦးတို႔ကို ဂုဏ္ျပဳခ်ီးျမႇင့္သည္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ (၅၅)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို တစ္ႏုိင္ငံလံုး တပ္ဖြဲ႕ဝင္မ်ားက က်င္းပေနျခင္းျဖစ္ၿပီး ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပသည့္အခမ္းအနားသို႔ ျပည္နယ္အစိုးရအဖြဲ႕ကလည္း တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

အထူးကိစၥရပ္အျဖစ္ ရာထူးတိုးျမႇင့္ခံရသည့္ ရဲဝန္ထမ္းမွာ ေျမာက္ပိုင္းမဟာမိတ္(၃)ဖြဲ႕၏ တုိက္ခုိက္မႈအတြင္း ေနာင္ခ်ိဳ ဂုတ္တြင္းရဲကင္း တာဝန္က်ခဲ့သူျဖစ္ၿပီး အဆိုပါ ရဲဝန္ထမ္းကို ျပည္နယ္ဝန္ႀကီးခ်ဳပ္က ရာထူးတိုးတံဆိပ္ တပ္ဆင္ေပးခဲ့ျခင္းျဖစ္သည္။

အခမ္းအနားတြင္ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ေဇာ္ခင္ေအာင္က ရဲခ်ဳပ္၏ သဝဏ္လႊာအားဖတ္ၾကားခဲ့ၿပီး ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕သည္ ျပည္သူ႔ဝန္ထမ္း အဖြဲ႕အစည္း ျဖစ္သည့္အတြက္ ျပည္သူ႔အက်ိဳးစီးပြားကို အေလးအနက္ထားၿပီး ကာကြယ္ေစာင့္ေရွာက္ေပးသြားၾကရန္ႏွင့္ ဒီမိုကေရစီလူ႔အဖြဲ႕အစည္းအတြက္ ျပည္သူလူထုအေပၚ ပြင့္လင္းျမင္သာစြာတာဝန္ယူမႈ၊ တာဝန္ခံမႈမ်ားႏွင့္ လုပ္ငန္းတာဝန္မ်ားကို ေဆာင္႐ြက္ျခင္းျဖင့္ မိမိဂုဏ္သိကၡာႏွင့္အတူ ရဲတပ္ဖြဲ႕ဂုဏ္သိကၡာကိုပါ ျမႇင့္တင္ၾကရန္ တုိက္တြန္းသြားသည္။

ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ရဲခ်ဳပ္၏အမႈထမ္းေကာင္းလက္မွတ္ရရွိသူ တပ္ဖြဲ႕ဝင္(၂)ဦး၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး၏ အမႈထမ္းေကာင္းလက္မွတ္ရရွိသူ တပ္ဖြဲ႕ဝင္(၂)ဦးႏွင့္ ျပည္သူ(၁)ဦးတို႔အား ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က လည္းေကာင္း၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး၏ အမႈထမ္းေကာင္းလက္မွတ္ရရွိသူ တပ္ဖြဲ႕ဝင္ (၃)ဦးႏွင့္ ျပည္သူ(၁)ဦးတို႔အား ရွမ္းျပည္နယ္ ျပည္နယ္ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ ဦးႂကြယ္ႂကြယ္ကလည္းေကာင္း၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွဴး၏ အမႈထမ္းေကာင္းလက္မွတ္ရရွိသူ တပ္ဖြဲ႕ဝင္(၃)ဦးႏွင့္ ျပည္သူ(၁)ဦးတို႔အား နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးလွဦးကလည္းေကာင္း အသီးသီး  ဂုဏ္ျပဳလက္မွတ္မ်ား ခ်ီးျမႇင့္ၾကသည္။

Tachileik News Agency
ဓါတ္ပံု - ျပည္နယ္ ျပန္ဆက္ ၊ KJN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net