ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အရပ်သား (၇)ဦး ထိခိုက်ခဲ့သည့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုလမ်းပေါ် မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာနေ

ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အရပ်သား (၇)ဦး ထိခိုက်ခဲ့သည့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုလမ်းပေါ် မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာနေ
အောက်တိုဘာ 9, 2019
By Tachileik News Agency
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်အတွင်း အရပ်သား (၇)ဦး ထိခိုက်ခဲ့သည့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နေ့လည်ပိုင်းတွင် ပြည်ထောင်စုလမ်းပေါ် မော်တော်ယာဉ်များ ပုံမှန်အတိုင်းသွားလာနေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၉)ရက်နေ့ နံနက် (၆)နာရီ မိနစ် (၂၀)ဝန်းကျင်မှစ၍ ပစ်ခတ်မှုဖြစ်ပွား၍ အရပ်သား (၇)ဦး ထိခိုက်ဒဏ်ရာရကာ ယာဉ်အသွားအလာ ပြတ်တောက်သွားသော်လည်း နေ့လယ် (၁၁) နာရီဝန်းကျင်မှစ၍ ယာဉ်အသွားအလာ ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်ကြောင်း သိရသည်။

"'ဒဏ်ရာရတဲ့ထဲက ဒူးဒဏ်ရာရတဲ့တစ်ယောက်က ပေါက်ကွဲစတွေ မှန်တာ၊ သွေးကြောတွေအနီးထိ စိုက်ဝင် ထိမှန်တာဖြစ်တဲ့အတွက် လားရှိုးကိုပို့ပြီး ခွဲစိပ်ကုသဖို့ အခုပို့ဆောင်ဖို့လုပ်နေပါတယ်။ ဒီမှာရှိတဲ့ လူမှုကူညီရေး အသင်းတွေက ပို့ဆောင်ပေးကြဖို့ လုပ်နေပါတယ်။ ယာဉ်အသွားအလာတွေကတော့ နေ့လယ် (၁၁) နာရီ ဝန်းကျင်လောက်မှာ ပုံမှန်ဖြစ်သွားပြီ။ တိုးဂိတ်တွေမှာ ယာဉ်တွေတားထားတာတွေလည်း ပြန်လွှတ်ပေးနပြေီလို့ ကြားတယ်"ဟု သိန္နီမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက တာချီလိတ် သတင်းအေဂျင်စီသို့ နေ့လယ် (၁၂)နာရီတွင် ပြောသည်။

နံနက် (၉)နာရီဝန်းကျင်၌ ပစ်ခတ်တိုက်ခိုက်မှုများ ပြီးဆုံးသွားချိန်တွင် အရပ်သားများဖြစ်ကြသည့် အသက် (၂၄)နှစ်အရွယ် စိုင်းဆိုင်လှိုင်၊ အသက် (၃၁)နှစ်အရွယ် ကိုဟန်ဝင်းအောင်၊ အသက် (၂၉)နှစ်အရွယ် မခင်နန်းစိုး၊ အသက် (၅၅)နှစ်အရွယ် နန်းအုံစိန်၊ အသက် (၃၃)နှစ်အရွယ် မသန်းသန်းနွယ်၊ အသက် (၂၅)နှစ်အရွယ် နန်းတင့်တင့်ထွန်းနှင့် အသက် (၄၇)နှစ်အရွယ် ဒေါ်နွမ်းစိမ်တို့ ထိခိုက်ဒဏ်ရာ ရသွားကြသည်။

“ဖြစ်တာက ပြည်ထောင်စုလမ်းမကြီးနဲ့ ရဲစခန်းနားတစ်ဝိုက်မှာဖြစ်တာ။ ကျွန်မတို့ အိမ်အနီးမှာဖြစ်တာ မြင်ရတာကတော့ မနက်က (၆)နာရီခွဲဝန်းကျင်လောက် ပစ်ခတ်သံကြားတယ်။ ချက်ချင်းပဲ စစ်တပ်က ယာဉ်တန်းတက်လာတယ်။ စစ်တပ်ယာဉ်တန်းက ရှေ့ကတစ်စီးကို အာပီဂျီနဲ့လှမ်းပစ်တယ်။ စစ်တပ်ကလည်း ပြန်ပစ်တာပေါ့။ ဒါက ကျွန်မအိမ်နားကဖြစ်တာမှာ မြင်သလောက်ပြောတာပါ။ ဟိုဘက်က ဘယ်အဖွဲ့က ပစ်တာလဲတော့ မသိဘူး” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရဲစခန်းနှင့်အနီးတစ်ဝိုက်ရှိ လူနေအိမ်များတွင် ကျည်ဆံထိမှန်မှုများ၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

"မနက်က ပစ်ခတ်မှုတွေမှာ ရဲစခန်းကိုတော့ ထိမှန်တာမျိုးမရှိပါဘူး။ ထိခိုက်ဒဏ်ရာရသူလည်း ဝန်ထမ်းထဲမှာ မရှိဘူး။ အခုနေ့လယ်ပိုင်းမှာတော့ မြို့ထဲမြို့ပြင်မှာ အသွားအလာတွေ ပုံမှန်ဖြစ်နေပါပြီ။ ဈေးထဲမှာတော့ ဈေးဆိုင်တွေ တော်တော်များများက ပိတ်သွားကြတယ်" ဟု သိန္နီမြို့မစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများမှာ မည်သည့်အဖွဲ့များကြား ဖြစ်ပွားသည်ကို ဆက်သွယ်မေးမြန်းထားသည့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူတို့က အတည်ပြု ပြောကြားနိုင်ခြင်း မရှိကြောင်း ဖြကြေားကြသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နေမျိုး


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ရွမ္းျပည္ေျမာက္ပိုင္း သိႏၷီၿမိဳ႕နယ္အတြင္း အရပ္သား (၇)ဦး ထိခိုက္ခဲ့သည့္   ပစ္ခတ္မႈ ျဖစ္ပြားၿပီးေနာက္ ေန႔လည္ပိုင္းတြင္ ျပည္ေထာင္စုလမ္းေပၚ ေမာ္ေတာ္ယာဥ္မ်ား ပံုမွန္အတုိင္းသြားလာေန

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိႏၷီၿမိဳ႕နယ္အတြင္း ျပည္ေထာင္စုလမ္းမႀကီးတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၉)ရက္ေန႔ နံနက္ (၆)နာရီ မိနစ္ (၂၀)ဝန္းက်င္မွစ၍ ပစ္ခတ္မႈျဖစ္ပြား၍ အရပ္သား (၇)ဦး ထိခိုက္ဒဏ္ရာရကာ ယာဥ္အသြားအလာ ျပတ္ေတာက္သြားေသာ္လည္း ေန႔လယ္ (၁၁) နာရီဝန္းက်င္မွစ၍ ယာဥ္အသြားအလာ ပံုမွန္ျပန္ျဖစ္သြားၿပီျဖစ္ေၾကာင္း သိရသည္။

"'ဒဏ္ရာရတဲ့ထဲက ဒူးဒဏ္ရာရတဲ့တစ္ေယာက္က ေပါက္ကြဲစေတြ မွန္တာ၊ ေသြးေၾကာေတြအနီးထိ စိုက္ဝင္ ထိမွန္တာျဖစ္တဲ့အတြက္ လားရိႈးကိုပို႔ၿပီး ခြဲစိပ္ကုသဖို႔ အခုပို႔ေဆာင္ဖို႔လုပ္ေနပါတယ္။ ဒီမွာရွိတဲ့ လူမႈကူညီေရး အသင္းေတြက ပို႔ေဆာင္ေပးၾကဖို႔ လုပ္ေနပါတယ္။ ယာဥ္အသြားအလာေတြကေတာ့ ေန႔လယ္ (၁၁) နာရီ ဝန္းက်င္္ေလာက္မွာ ပံုမွန္ျဖစ္သြားၿပီ။ တိုးဂိတ္ေတြမွာ ယာဥ္ေတြတားထားတာေတြလည္း ျပန္လႊတ္ေပးေနၿပီလို႔ ၾကားတယ္"ဟု သိႏၷီၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ထားရီက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေန႔လယ္ (၁၂)နာရီတြင္ ေျပာသည္။

နံနက္ (၉)နာရီဝန္းက်င္၌ ပစ္ခတ္တိုက္ခုိက္မႈမ်ား ၿပီးဆံုးသြားခ်ိန္တြင္ အရပ္သားမ်ားျဖစ္ၾကသည့္ အသက္ (၂၄)ႏွစ္အရြယ္ စိုင္းဆိုင္လႈိင္၊ အသက္ (၃၁)ႏွစ္အရြယ္ ကိုဟန္ဝင္းေအာင္၊ အသက္ (၂၉)ႏွစ္အရြယ္ မခင္နန္းစိုး၊ အသက္ (၅၅)ႏွစ္အရြယ္ နန္းအံုစိန္၊ အသက္ (၃၃)ႏွစ္အရြယ္ မသန္းသန္းႏြယ္၊ အသက္ (၂၅)ႏွစ္အရြယ္ နန္းတင့္တင့္ထြန္းႏွင့္ အသက္ (၄၇)ႏွစ္အရြယ္ ေဒၚႏြမ္းစိမ္တို႔ ထိခိုက္ဒဏ္ရာ ရသြားၾကသည္။

“ျဖစ္တာက ျပည္ေထာင္စုလမ္းမႀကီးနဲ႔ ရဲစခန္းနားတစ္ဝိုက္မွာျဖစ္တာ။ ကၽြန္မတို႔ အိမ္အနီးမွာျဖစ္တာ ျမင္ရတာကေတာ့ မနက္က (၆)နာရီခြဲဝန္းက်င္ေလာက္ ပစ္ခတ္သံၾကားတယ္။ ခ်က္ခ်င္းပဲ စစ္တပ္က ယာဥ္တန္းတက္လာတယ္။ စစ္တပ္ယာဥ္တန္းက ေရွ႕ကတစ္စီးကို အာပီဂ်ီနဲ႔လွမ္းပစ္တယ္။ စစ္တပ္ကလည္း ျပန္ပစ္တာေပါ့။ ဒါက ကြ်န္မအိမ္နားကျဖစ္တာမွာ ျမင္သေလာက္ေျပာတာပါ။ ဟိုဘက္က ဘယ္အဖြဲ႕က ပစ္တာလဲေတာ့ မသိဘူး” ဟု ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚနန္းခင္ထားရီက ေျပာသည္။

အဆိုပါ ပစ္ခတ္တုိက္ခိုက္မႈမ်ားအတြင္း ရဲစခန္းႏွင့္အနီးတစ္ဝိုက္ရွိ လူေနအိမ္မ်ားတြင္ က်ည္ဆံထိမွန္မႈမ်ား၊ လက္နက္ႀကီး က်ေရာက္ေပါက္ကြဲမႈမ်ား ျဖစ္ပြားခဲ့သည္ဟု သိရသည္။

"မနက္က ပစ္ခတ္မႈေတြမွာ ရဲစခန္းကိုေတာ့ ထိမွန္တာမ်ိဳးမရွိပါဘူး။ ထိခိုက္ဒဏ္ရာရသူလည္း ဝန္ထမ္းထဲမွာ မရွိဘူး။ အခုေန႔လယ္ပိုင္းမွာေတာ့ ၿမိဳ႕ထဲၿမိဳ႕ျပင္မွာ အသြားအလာေတြ ပံုမွန္ျဖစ္ေနပါၿပီ။ ေစ်းထဲမွာေတာ့ ေစ်းဆိုင္ေတြ ေတာ္ေတာ္မ်ားမ်ားက ပိတ္သြားၾကတယ္" ဟု သိႏၷီၿမိဳ႕မစခန္း တာဝန္က် ရဲတပ္ဖြဲ႕ဝင္က ေျပာသည္။

အဆိုပါ ပစ္ခတ္တုိက္ခုိက္မႈမ်ားမွာ မည္သည့္အဖြဲ႕မ်ားၾကား ျဖစ္ပြားသည္ကို ဆက္သြယ္ေမးျမန္းထားသည့္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္၊ ရဲတပ္ဖြဲ႕ႏွင့္ ေဒသခံျပည္သူတုိ႔က အတည္ျပဳ ေျပာၾကားႏုိင္ျခင္း မရိွေၾကာင္း ေျဖၾကားၾကသည္။

Tachileik News Agency
သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ေနမ်ိဳး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net