ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဒုတိယအကြိမ်မြောက် မြန်မာ - ထိုင်း စုပေါင်း သီတင်းကျွတ်မီးထွန်းပွဲတော်အား အောက်တိုဘာလ(၁၃)ရက်နေ့အထိ ကျင်းပမည်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဒုတိယအကြိမ်မြောက် မြန်မာ - ထိုင်း စုပေါင်း သီတင်းကျွတ်မီးထွန်းပွဲတော်အား အောက်တိုဘာလ(၁၃)ရက်နေ့အထိ ကျင်းပမည်
အောက်တိုဘာ 12, 2019
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဒုတိယအကြိမ်မြောက် မြန်မာ - ထိုင်း စုပေါင်း သီတင်းကျွတ်မီးထွန်းပွဲတော်အား အောက်တိုဘာလ(၁၃)ရက်နေ့အထိ ကျင်းပမည်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ ပါစမ်းရွာရှိ နှီးဘုရားကျောင်းတွင် ဒုတိယအကြိမ်မြောက် မြန်မာ - ထိုင်း စုပေါင်း သီတင်းကျွတ်ပွဲတော်အား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က စတင်ကာ ကျင်းပနေလျက်ရှိပြီး (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အရင်နှစ်ကလည်း အဲဒီကျောင်းမှာပဲ။ ဒါပေမဲ့ မနှစ်က ဒီလောက်တော့ မခမ်းနားဘူးပေါ့။ လူသိပ်မသိလိုက်ဘူး။ ဒီနှစ်ကတော့ ပိုပြီးစည်ကားတာပေါ့။ မနက်ဖြန်တော့ ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ကလည်း လာမယ်။ ကျွန်တော်တို့ ဓမ္မစကူးကလည်းပါမယ်။ ဖျော်ဖြေမှုတွေ ပါဝင်မှာပေါ့”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နေ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှီးဘုရားကျောင်းတွင် ဒုတိယအကြိမ် စုပေါင်းလှူဒါနး်သီတင်းကျွတ်ပွဲတော်အား မယ်ဆိုင်မြို့အခြေစိုက် ဓမ္မစကူးလ်ကျောင်းတော် (မယ်ဆိုင်)၊ ဓမ္မအလင်းတန်း (ပါဟတ်)အသင်း၊ လူမှုဆက်ဆံရေး နာရေးကူညီမှုအသင်းတို့မှ ဦးဆောင်ကာ မယ်ဆိုင်မြို့ ရွှေ့ပြောင်းမြန်မာမိသားစုများနှင့် ဒေသခံ ထိုင်းပြည်သူများက စုပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် နှီးဘုရားဆရာတော်၊ မန္တလေးမြို့မှ ဓမ္မစရိယ သံဃာတော် (၃)ပါးတို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းမည်ဖြစ်ကာ ဆီမီးတစ်ထောင်၊ ပန်းတစ်ထောင်၊ ရေတစ်ထောင်၊ ရောင်စုံမီးပုံး၊ ဆီမီးခွက်များ၊ ထင်းရှုးမီးတိုင်များ၊ ငွေပဒေသာပင်များဖြင့် နှီးဘုရားကျောင်းတွင် စုပေါင်း မီးကြာစံခြင်း၊ ဝတ်အသင်းများက ရွတ်ဖတ်ခြင်း၊ မြန်မာ့ရိုးရာစားစရာပွဲဈေးတန်းနှင့် ကစားနည်းမျိုးစုံတို့ဖြင့် ကျင်းပမည်ဖြစ်သည်။

ယင်းအပြင် အောက်တိုဘာလ (၁၃)ရက်နေ့ ည (၆)နာရီမှ ည (၁၂)နာရီအထိ တာချီလိတ်မြို့မှ ဗမာယဉ်ကျေးမှုအဖွဲ့၊ မယ်ဆိုင်မြို့ ဝါသနာရှင်များ၏ ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဦးထွန်း(မယ်ဆိုင်)



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕တြင္ ဒုတိယအႀကိမ္ေျမာက္  ျမန္မာ - ထုိင္း စုေပါင္း သီတင္းကၽြတ္မီးထြန္းပြဲေတာ္အား  ေအာက္တိုဘာလ(၁၃)ရက္ေန႔အထိ က်င္းပမည္

ထုိင္းႏုိင္ငံ၊ မယ္ဆုိင္ၿမိဳ႕ ပါစမ္းရြာရွိ ႏွီးဘုရားေက်ာင္းတြင္  ဒုတိယအႀကိမ္ေျမာက္ ျမန္မာ - ထုိင္း စုေပါင္း သီတင္းကၽြတ္ပြဲေတာ္အား ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁၂)ရက္ေန႔က စတင္ကာ က်င္းပေနလ်က္ရွိၿပီး (၁၃)ရက္ေန႔အထိ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အရင္ႏွစ္ကလည္း အဲဒီေက်ာင္းမွာပဲ။ ဒါေပမဲ့ မႏွစ္က ဒီေလာက္ေတာ့ မခမ္းနားဘူးေပါ့။ လူသိပ္မသိလုိက္ဘူး။ ဒီႏွစ္ကေတာ့ ပိုၿပီးစည္ကားတာေပါ့။ မနက္ျဖန္ေတာ့ ဗမာတုိင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕ကလည္း လာမယ္။ ကၽြန္ေတာ္တုိ႔ ဓမၼစကူးကလည္းပါမယ္။ ေဖ်ာ္ေျဖမႈေတြ ပါဝင္မွာေပါ့”ဟု ထိုင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေန ဦးထြန္း(မယ္ဆုိင္)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ႏွီးဘုရားေက်ာင္းတြင္ ဒုတိယအႀကိမ္ စုေပါင္းလွဴဒါနး္သီတင္းကၽြတ္ပြဲေတာ္အား မယ္ဆုိင္ၿမိဳ႕အေျခစိုက္ ဓမၼစကူးလ္ေက်ာင္းေတာ္ (မယ္ဆုိင္)၊  ဓမၼအလင္းတန္း (ပါဟတ္)အသင္း၊ လူမႈဆက္ဆံေရး နာေရးကူညီမႈအသင္းတုိ႔မွ ဦးေဆာင္ကာ မယ္ဆုိင္ၿမိဳ႕ ေရႊ႕ေျပာင္းျမန္မာမိသားစုမ်ားႏွင့္ ေဒသခံ ထုိင္းျပည္သူမ်ားက စုေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သီတင္းကၽြတ္လျပည့္ေန႔ျဖစ္သည့္ ေအာက္တိုဘာလ (၁၃)ရက္ေန႔ နံနက္ပိုင္းတြင္ ႏွီးဘုရားဆရာေတာ္၊ မႏၱေလးၿမိဳ႕မွ ဓမၼစရိယ သံဃာေတာ္ (၃)ပါးတုိ႔အား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းမည္ျဖစ္ကာ ဆီမီးတစ္ေထာင္၊ ပန္းတစ္ေထာင္၊ ေရတစ္ေထာင္၊ ေရာင္စံုမီးပံုး၊ ဆီမီးခြက္မ်ား၊ ထင္းရႈးမီးတုိင္မ်ား၊ ေငြပေဒသာပင္မ်ားျဖင့္ ႏွီးဘုရားေက်ာင္းတြင္ စုေပါင္း မီးၾကာစံျခင္း၊ ဝတ္အသင္းမ်ားက ရြတ္ဖတ္ျခင္း၊ ျမန္မာ့ရိုးရာစားစရာပြဲေစ်းတန္းႏွင့္ ကစားနည္းမ်ိဳးစံုတုိ႔ျဖင့္ က်င္းပမည္ျဖစ္သည္။

ယင္းအျပင္ ေအာက္တိုဘာလ (၁၃)ရက္ေန႔ ည (၆)နာရီမွ ည (၁၂)နာရီအထိ တာခ်ီလိတ္ၿမိဳ႕မွ ဗမာယဥ္ေက်းမႈအဖြဲ႕၊  မယ္ဆုိင္ၿမိဳ႕ ဝါသနာရွင္မ်ား၏ ေဖ်ာ္ေျဖမႈမ်ား ပါဝင္မည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဦးထြန္း(မယ္ဆိုင္)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net