မယ်ဆိုင်တွင် မြန်မာများက နယ်စပ်ဖြတ်ကျော် စီးကရက်မှောင်ခိုရောင်းနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဈေးများတွင် ဝင်ရောက်စစ်ဆေးကာ သိမ်းဆည်း

မယ်ဆိုင်တွင် မြန်မာများက နယ်စပ်ဖြတ်ကျော် စီးကရက်မှောင်ခိုရောင်းနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဈေးများတွင် ဝင်ရောက်စစ်ဆေးကာ သိမ်းဆည်း
အောက်တိုဘာ 10, 2019
By Tachileik News Agency
မယ်ဆိုင်တွင် မြန်မာများက နယ်စပ်ဖြတ်ကျော် စီးကရက်မှောင်ခိုရောင်းနေကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့် ဈေးများတွင် ဝင်ရောက်စစ်ဆေးကာ သိမ်းဆည်း

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ရှိ ဒွိုင်ဝေါင်းဈေးနှင့်အနီးတစ်ဝိုက်ဈေးများတွင် နိုင်ငံခြားဖြစ် စီးကရက်များ မှောင်ခို ရောင်းချနေသူများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ နံနက်နှင့်နေ့လည်ပိုင်းက ပူးပေါင်းအဖွဲ့က ရှာဖွေဖမ်းဆီးရာ စီးကရက် မှောင်ခိုရောင်းသူများက ပစ္စည်းများထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြကြောင်း သိရသည်။

ဒွိုင်ဝေါင်းနှင့် ဆေးဂျွိုင်းဈေးများတွင် မြန်မာများက အကောက်ခွန်မဆောင်ဘဲ နယ်စပ်ဖြတ်ကျော် သယ်ဆောင်လာသည့် နိုင်ငံခြားဖြစ်စီးကရက်များ မှောင်ခိုရောင်းချကြောင်း သတင်းအရ ချင်းရိုင်းနှင့် မယ်ဆိုင်တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့၏ စစ်ဆေးရှာဖွေမှုအတွင်း စီးကရက်ရောင်းသူများက အထုပ်များအား ထားခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကြသဖြင့် နိုင်ငံခြားဖြစ် စီးကရက်မျိုးစုံ (၁၅၀၀) ကာတွန်ကို ပိုင်ရှင်မဲ့ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် တင်သွင်းလာမှုဖြင့် သိမ်းဆည်းရမိသည့် အဆိုပါစီးကရက်များကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Chiang Mai News



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မယ္ဆုိင္တြင္ ျမန္မာမ်ားက နယ္စပ္ျဖတ္ေက်ာ္ စီးကရက္ေမွာင္ခိုေရာင္းေနေၾကာင္း သတင္းအရ ပူးေပါင္းအဖြဲ႔ျဖင့္  ေစ်းမ်ားတြင္ ဝင္ေရာက္စစ္ေဆးကာ သိမ္းဆည္း

ထုိင္းႏိုင္ငံ၊ မယ္ဆုိင္ရိွ ဒိြဳင္ေဝါင္းေစ်းႏွင့္အနီးတစ္ဝိုက္ေစ်းမ်ားတြင္ ႏုိင္ငံျခားျဖစ္ စီးကရက္မ်ား ေမွာင္ခို ေရာင္းခ်ေနသူမ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔ နံနက္ႏွင့္ေန႔လည္ပိုင္းက ပူးေပါင္းအဖြဲ႔က ရွာေဖြဖမ္းဆီးရာ စီးကရက္ ေမွာင္ခိုေရာင္းသူမ်ားက ပစၥည္းမ်ားထားခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားၾကေၾကာင္း သိရသည္။

ဒိြဳင္ေဝါင္းႏွင့္ ေဆးဂိၽြဳင္းေစ်းမ်ားတြင္ ျမန္မာမ်ားက အေကာက္ခြန္မေဆာင္ဘဲ နယ္စပ္ျဖတ္ေက်ာ္ သယ္ေဆာင္လာသည့္ ႏုိင္ငံျခားျဖစ္စီးကရက္မ်ား ေမွာင္ခိုေရာင္းခ်ေၾကာင္း သတင္းအရ ခ်င္းရိုင္းႏွင့္ မယ္ဆုိင္တာဝန္ရိွသူမ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕၏ စစ္ေဆးရွာေဖြမႈအတြင္း စီးကရက္ေရာင္းသူမ်ားက အထုပ္မ်ားအား ထားခဲ့ၿပီး ထြက္ေျပးလြတ္ေျမာက္သြားၾကသျဖင့္ ႏုိင္ငံျခားျဖစ္ စီးကရက္မ်ဳိးစံု (၁၅၀၀) ကာတြန္ကို ပိုင္ရွင္မဲ့ ဖမ္းမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ တင္သြင္းလာမႈျဖင့္ သိမ္းဆည္းရမိသည့္ အဆိုပါစီးကရက္မ်ားကို ဖ်က္ဆီးပစ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Chiang Mai News

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net