မကွေး မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် (၁၉)ကြိမ်မြောက် သစ်သီး၊ ဆွမ်းနှင့် ပန်း(၉၀၀၀)ကပ်လှူပူဇော်

မကွေး မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် (၁၉)ကြိမ်မြောက် သစ်သီး၊ ဆွမ်းနှင့် ပန်း(၉၀၀၀)ကပ်လှူပူဇော်
အောက်တိုဘာ 13, 2019
By Tachileik News Agency
မကွေး မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် (၁၉)ကြိမ်မြောက် သစ်သီး၊ ဆွမ်းနှင့် ပန်း(၉၀၀၀)ကပ်လှူပူဇော်

မကွေးမြို့ မြသလွန်စေတီတော်၏ (၂၅၈၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် (၁၉) ကြိမ်မြောက် သစ်သီး၊ ဆွမ်းနှင့် ပန်း (၉၀၀၀) ကပ်လှူပူဇော်ပွဲကို အဘိဓမ္မာအခါတော်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့ နံနက် (၅) နာရီအချိန်က ပြုလုပ်သည်။

“နှစ်စဉ်ကပ်လှူလာခဲ့တာ အခုအကြိမ်က (၁၉) ကြိမ်မြောက်ဖြစ်ပါတယ်။ ညနေပိုင်းနဲ့ ညပိုင်းမှာလည်း ဒေသထွက် နှမ်းဆီ၊ ပဲဆီ ပိဿါချိန်(၂၃၀)ကျော်နဲ့ ဆီမီး(၉၀၀၀) ပူဇော်ပွဲကြီးကို ကျင်းပပြုလုပ် ကြဦးမှာပါ”ဟု မြသလွန်စေတီတော် ဂေါပကအဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်သီး၊ ဆွမ်းနှင့် ပန်း(၉၀၀၀)ကပ်လှူပူဇော်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုး ညိုနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဌ ဦးဇော်မျိုးဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်၍ ဆွမ်း၊ ရေချမ်း၊ ပန်း၊ဆီမီးများ ဆက်ကပ်လှူဒါန်း ပူဇော်ကြသည်။

ထိုသို့ ကပ်လှူပူဇော်ရာတွင် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် သီလရှင်ဆရာလေးများ၊ ဝတ်အသင်းများက အရပ်(၁၀)မျက်နှာ မေတ္တာပို့ အမျှပေးဝကြေသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မေကြး ျမသလြန္ေစတီေတာ္ ဗုဒၶပူဇနိယပြဲေတာ္တြင္ (၁၉)ႀကိမ္ေျမာက္ 
သစ္သီး၊ ဆြမ္းႏွင့္ ပန္း(၉၀၀၀)ကပ္လွူပူေဇာ္

မေကြးၿမိဳ႕ ျမသလြန္ေစတီေတာ္၏ (၂၅၈၃) ႀကိမ္ေျမာက္ ဗုဒၶပူဇနိယပြဲေတာ္တြင္ (၁၉) ႀကိမ္ေျမာက္ သစ္သီး၊ ဆြမ္းႏွင့္ ပန္း (၉၀၀၀) ကပ္လွဴပူေဇာ္ပြဲကို အဘိဓမၼာအခါေတာ္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ (၁၃)ရက္ေန႔ နံနက္ (၅) နာရီအခ်ိန္က ျပဳလုပ္သည္။

“ႏွစ္စဥ္ကပ္လွဴလာခဲ့တာ အခုအႀကိမ္က (၁၉) ႀကိမ္ေျမာက္ျဖစ္ပါတယ္။ ညေနပိုင္းနဲ႔ ညပိုင္းမွာလည္း ေဒသထြက္ ႏွမ္းဆီ၊ ပဲဆီ ပိႆာခ်ိန္(၂၃၀)ေက်ာ္နဲ႔ ဆီမီး(၉၀၀၀) ပူေဇာ္ပဲြႀကီးကို က်င္းပျပဳလုပ္ ၾကဦးမွာပါ”ဟု ျမသလြန္ေစတီေတာ္ ေဂါပကအဖဲြ႔ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သစ္သီး၊ ဆြမ္းႏွင့္ ပန္း(၉၀၀၀)ကပ္လွဴပူေဇာ္ပဲြသို႔ မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုး ညိဳႏွင့္ အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီးလႊတ္ေတာ္ ဒုတိယ ဥကၠဌ ဦးေဇာ္မ်ိဳးဝင္းႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာအႀကီးအကဲမ်ား တက္ေရာက္၍ ဆြမ္း၊ ေရခ်မ္း၊ ပန္း၊ဆီမီးမ်ား ဆက္ကပ္လွူဒါန္း ပူေဇာ္ၾကသည္။

ထိုသို႔ ကပ္လွဴပူေဇာ္ရာတြင္ ဗုဒၶေဝယ်ာဝစၥအသင္းမ်ားႏွင့္ သီလရွင္ဆရာေလးမ်ား၊ ဝတ္အသင္းမ်ားက အရပ္(၁၀)မ်က္ႏွာ ေမတၱာပို႔ အမၽွေပးေဝၾကသည္။

သတင္း - ဖီးနစ္
ဓာတ္ပံု - သန္းႏိုင္ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net