မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲ စတင်

မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲ စတင်
အောက်တိုဘာ 8, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဝင်္ကဘာဘုရားမီးထွန်းပွဲအား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၈)ရက်နေ့က ညနေ(၅)နာရီက စ၍ ကျင်းပနပြေီဖြစ်သည်။

အဆိုပါ ပွဲတော်၏ ဖွင့်ပွဲအား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ မိုင်းဖြတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆီမီးထွန်းပွဲ ဆက်လျက်ကျင်းပခဲ့ကြသည်။

မိုင်းဖြတ်မြို့၊ ဈေးတန်း(ကွက်သစ်)ရပ်ကွက်အတွင်းရှိ စိတ္တသုခကျောင်းတိုက်တွင် ကျင်းပနခြေင်းဖြစ်ပြီး ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့အထိ (၆)ညတိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မိုင်းဖြတ်မြို့ စိတ္တသုခကျောင်းတိုက်၏ (၆)ကြိမ်မြောက် အဆိုပါ ပွဲတော်တွင် ဝင်္ကပါအတွင်း လမ်းအကွေ့ပေါင်းကို ယခင်နှစ်များအတိုင်း (၃၅၀)ကွေ့ဖြင့် ဝင်္ကဘာလမ်းပြုလုပ်ထားပြီး နှစ်ကျိပ်ရှစ်ဆူသော ဘုရားဆင်းတုတော်များအား ဖူးမျှော်နိုင်ရန်နှင့် ဆီမီးပူဇော်နိုင်ရန် စီစဉ်ထားရှိသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ကိုသာ


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မိုင္းျဖတ္ၿမိဳ႕တြင္ ႏွစ္က်ိပ္ရွစ္ဆူ၀ကၤဘာဘုရားမီးထြန္းပြဲ စတင္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ႏွစ္က်ိပ္ရွစ္ဆူ၀ကၤဘာဘုရားမီးထြန္းပြဲအား ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၈)ရက္ေန႔က ညေန(၅)နာရီက စ၍ က်င္းပေနၿပီျဖစ္သည္။

အဆိုပါ ပြဲေတာ္၏ ဖြင့္ပြဲအား ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလင္းေဇာ္ထြန္း၊ မိုင္းျဖတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသက္လြင္ ႏွင့္ တာ၀န္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီးေနာက္ ဆီမီးထြန္းပြဲ ဆက္လ်က္က်င္းပခဲ့ၾကသည္။

မိုင္းျဖတ္ၿမိဳ႕၊ ေစ်းတန္း(ကြက္သစ္)ရပ္ကြက္အတြင္းရွိ စိတၱသုခေက်ာင္းတိုက္တြင္ က်င္းပေနျခင္းျဖစ္ၿပီး ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန႔အထိ (၆)ညတိုင္တိုင္ က်င္းပျပဳလုပ္သြားမည္ျဖစ္သည္။

မိုင္းျဖတ္ၿမိဳ႕  စိတၱသုခေက်ာင္းတိုက္၏ (၆)ႀကိမ္ေျမာက္ အဆိုပါ ပြဲေတာ္တြင္ ၀ကၤပါအတြင္း လမ္းအေကြ႕ေပါင္းကို ယခင္ႏွစ္မ်ားအတိုင္း (၃၅၀)ေကြ႕ျဖင့္ ဝကၤဘာလမ္းျပဳလုပ္ထားၿပီး ႏွစ္က်ိပ္႐ွစ္ဆူေသာ ဘုရားဆင္းတုေတာ္မ်ားအား ဖူးေမွ်ာ္ႏိုင္ရန္ႏွင့္ ဆီမီးပူေဇာ္ႏိုင္ရန္ စီစဥ္ထားရွိသည္။

Tachileik News Agency
သတင္း/ဓါတ္ပံု - ကိုသာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net