Writen by
Tachileik News Agency
8:07:00 PM
-
0
Comments
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် တာချီလိတ်မြို့ အားကစားပွဲတော် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဖလား ကျောင်းပေါင်းစုံ အသက် (၁၆)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ ပွဲစဉ်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် မြို့မအားကစားကွင်း၌ ကျင်းပရာ မိုင်းကိုးအမျိုးသမီးအသင်းက ပထမဆု ရရှိသွားသည်။
ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မိုင်းကိုးနှင့် ဟောင်လိတ်အသင်းတို့ ယှဉ်ပြိုင်ခဲ့ရာတွင် ဟောင်လိတ်အသင်းက ဒုတိယနှင့် တာလေအသင်းက တတိယအသီးသီးရရှိသွားကြသည်။
အမျိုးသမီးဘောလုံးအသင်း (၈)သင်းဖြစ်သည့် ဟောင်လိတ်၊ ရှမ်းရှေ့တန်ဆောင်၊ နောင်ခမ်း၊ ဆန်ဆိုင်း၊ မိုင်းကိုး၊ တာလေ၊ ရွှေမဟာနှင့် ဝမ်တုံအသင်းတို့က စက်တင်ဘာလ (၁၄)ရက်နေ့မှစ၍ ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင်အစီအစဉ်ဖြင့် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မြန်မာ့သိုင်း၊ မီနီမာရသွန်၊ ပြေးခုန်ပစ်၊ U 21 အမျိုးသားဘောလုံး၊ U 16 အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ စတင်ကျင်းပလာခြင်းဖြစ်ပြီး အားကစားပြိုင်ပွဲများဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဖလား ကျောင်းပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မိုင်းကိုးအသင်း ပထမဆုရရှိ
Tachileik News Agency

No comments
Post a Comment
Note: Only a member of this blog may post a comment.