နယ်စပ်ဒေသ တာချီလိတ်တွင် လောင်းကစားရုံတစ်ခုအတွင်း ခိုက်ရန်ဖြစ်ကာ မီးရှို့ ဖျက်ဆီးခံရမှုဖြစ်ပွား

နယ်စပ်ဒေသ တာချီလိတ်တွင် လောင်းကစားရုံတစ်ခုအတွင်း ခိုက်ရန်ဖြစ်ကာ မီးရှို့ ဖျက်ဆီးခံရမှုဖြစ်ပွား
အောက်တိုဘာ 13, 2019
By Tachileik News Agency
နယ်စပ်ဒေသ တာချီလိတ်တွင် လောင်းကစားရုံတစ်ခုအတွင်း ခိုက်ရန်ဖြစ်ကာ မီးရှို့ ဖျက်ဆီးခံရမှုဖြစ်ပွား

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် လာဂါ ထမင်းဆိုင်ဟု အမည်တပ်ထားသည့် လောင်းကစားရုံ၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့အကူး နံနက်အစောပိုင်းက ခိုက်ရန်ဖြစ်ပွားပြီး မီးရှို့မှုဖြစ်၍ မီးသတ်တပ်ဖွဲ့က သွားရောက်ငြှိမ်းသတ်ထားရသည်ဟု သိရသည်။

တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ အဆိုပါ လောင်းကစားရုံတွင် ခိုက်ရန်ဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်သည်ဟု သိရသော်လည်း အောက်တိုဘာလ (၁၃)ရက်နေ့ နေ့လယ် (၁၁)နာရီအထိ ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်း သိရသည်။

“သူ့ဘက်က သုံးသိန်းလောက် ရှုံးနေတာကို ဖဲဝေတာမှားသွားတယ်။ ဘူကြီးဆော့တာပေါ့နော်။ တစ်အိမ်ကို ငါးချပ်ဝေရတာ။ သူ့အိမ်က ခြောက်ချပ်ဖြစ်သွားတာ။ ဖဲမှားတာကို အလျော်အစားမလုပ်ဘဲ တစ်ပွဲပြန်သိမ်းမယ် ဆိုတာကို သူကလက်မခံဘဲနဲ့ ပြဿနာရှာတယ်။ အဲဒါနဲ့ မန်နေဂျာက တစ်ပွဲစာ လျော်ပေးမယ်ဆိုတာလည်း လက်မခံဘူး။ သူရှုံးထားတဲ့ သုံးသိန်းလည်းပြန်လျော်ပေးရမယ်လုပ်တာ။ အထဲမှာ ပြဿနာဖြစ်တော့ လုံခြုံရေးတွေက တံခါးတွေပိတ်ပစ်လိုက်တယ်။ အဲဒီမှာ အပြင်မှာရှိတဲ့ သူတို့လူတွေက အထဲမှာ တစ်ခုခုလုပ်ထားပြီထင်ပြီးတော့ အပြင်ကနေ တံခါးတွေဘာတွေရိုက်ပြီးမှ ဝင်တယ်။ မီးတွေ ဘာတွေရှို့တဲ့အဆင့်ထိဖြစ်သွားတယ်”ဟု မျက်မြင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါခိုက်ရန်ဖြစ်ပွားမှုကြောင့် လောင်းကစားရုံဝန်ထမ်းများမှာ နောက်ဖေးပေါက်မှ ထွက်ပြေးကြရပြီး လောင်းကစားရုံအတွင်းနှင့် လောင်းကစားရုံရှေ့ရှိ ကားအချို့မှာ ပျက်စီးသွားကြောင်း သိရသည်။

လောင်းကစားဥပဒေသစ်တွင် နိုင်ငံခြားသားများကိုသာ ဝင်ရောက်ခွင့်ပြုမည့် ကာစီနိုလောင်းကစားရုံများကို နယ်စပ်မြို့များတွင် သတ်မှတ်ချက်များနှင့်အညီ ဖွင့်ခွင့်ပေးမည်ဖြစ်ပြီး အခွန်စည်းကြပ်မှုများကိုပါ စနစ်တကျလုပ်ဆောင်မည်ဖြစ်သော်လည်း တရားဝင်ခွင့်ပြုရန် နည်းဥပဒေ ထွက်ရှိခြင်းမရှိသေးသဖြင့် တရားဝင်ဖွင့်လှစ်နိုင်ခြင်း မရှိသေးခြင်းဖြစ်သည်။

လောင်းကစားဥပဒေသစ်ပြဌာန်းခြင်းမပြုမီက နယ်စပ်ဒေသများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟိုတယ်များ၌ ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကာစီနိုလောင်းကစားဝိုင်းများကို ဖွင့်လှစ်ခွင့်ပေးထားခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဟိုတယ်များမှာ (၃) လုံးသာရှိခြင်း ဖြစ်သည်။

Tachileik News Agency




~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

နယ္စပ္ေဒသ တာခ်ီလိတ္တြင္ ေလာင္းကစားရံုတစ္ခုအတြင္း ခုိက္ရန္ျဖစ္ကာ မီးရိႈ႕ ဖ်က္ဆီးခံရမႈျဖစ္ပြား

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ လာဂါ ထမင္းဆိုင္ဟု အမည္တပ္ထားသည့္ ေလာင္းကစားရံု၌ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၃)ရက္ေန႔အကူး နံနက္အေစာပိုင္းက ခုိက္ရန္ျဖစ္ပြားၿပီး မီးရိႈ႕မႈျဖစ္၍ မီးသတ္တပ္ဖြဲ႔က သြားေရာက္ၿငိႇမ္းသတ္ထားရသည္ဟု သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းရပ္ကြက္ရိွ အဆိုပါ ေလာင္းကစားရံုတြင္ ခုိက္ရန္ျဖစ္ပြားမႈမွာ ၂၀၁၉ ခုႏွစ္အတြင္း ဒုတိယအႀကိမ္ျဖစ္သည္ဟု သိရေသာ္လည္း ေအာက္တိုဘာလ (၁၃)ရက္ေန႔ ေန႔လယ္ (၁၁)နာရီအထိ ရဲတပ္ဖြဲ႕ထံ အမႈဖြင့္တုိင္ၾကားထားျခင္း မရိွေသးေၾကာင္း သိရသည္။

“သူ႔ဘက္က သံုးသိန္းေလာက္ ရံႈးေနတာကို ဖဲေဝတာမွားသြားတယ္။ ဘူႀကီးေဆာ့တာေပါ့ေနာ္။ တစ္အိမ္ကို ငါးခ်ပ္ေဝရတာ။ သူ႔အိမ္က ေျခာက္ခ်ပ္ျဖစ္သြားတာ။ ဖဲမွားတာကို အေလ်ာ္အစားမလုပ္ဘဲ တစ္ပြဲျပန္သိမ္းမယ္ ဆိုတာကို သူကလက္မခံဘဲနဲ႔ ျပႆနာရွာတယ္။ အဲဒါနဲ႔ မန္ေနဂ်ာက တစ္ပြဲစာ ေလ်ာ္ေပးမယ္ဆိုတာလည္း လက္မခံဘူး။ သူရံႈးထားတဲ့ သံုးသိန္းလည္းျပန္ေလ်ာ္ေပးရမယ္လုပ္တာ။ အထဲမွာ ျပႆနာျဖစ္ေတာ့ လံုၿခံဳေရးေတြက တံခါးေတြပိတ္ပစ္လုိက္တယ္။ အဲဒီမွာ အျပင္မွာရိွတဲ့ သူတုိ႔လူေတြက အထဲမွာ တစ္ခုခုလုပ္ထားၿပီထင္ၿပီးေတာ့ အျပင္ကေန တံခါးေတြဘာေတြရုိက္ၿပီးမွ ဝင္တယ္။ မီးေတြ ဘာေတြရိႈ႕တဲ့အဆင့္ထိျဖစ္သြားတယ္”ဟု မ်က္ျမင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါခုိက္ရန္ျဖစ္ပြားမႈေၾကာင့္ ေလာင္းကစားရံုဝန္ထမ္းမ်ားမွာ ေနာက္ေဖးေပါက္မွ ထြက္ေျပးၾကရၿပီး ေလာင္းကစားရံုအတြင္းနွင့္ ေလာင္းကစားရံုေရွ႕ရိွ ကားအခ်ိဳ႕မွာ ပ်က္စီးသြားေၾကာင္း သိရသည္။

ေလာင္းကစားဥပေဒသစ္တြင္ ႏုိင္ငံျခားသားမ်ားကိုသာ ဝင္ေရာက္ခြင့္ျပဳမည့္ ကာစီႏိုေလာင္းကစားရံုမ်ားကို နယ္စပ္ၿမိဳ႕မ်ားတြင္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ဖြင့္ခြင့္ေပးမည္ျဖစ္ၿပီး အခြန္စည္းၾကပ္မႈမ်ားကိုပါ စနစ္တက်လုပ္ေဆာင္မည္ျဖစ္ေသာ္လည္း တရားဝင္ခြင့္ျပဳရန္ နည္းဥပေဒ ထြက္ရိွျခင္းမရိွေသးသျဖင့္ တရားဝင္ဖြင့္လွစ္ႏုိင္ျခင္း မရိွေသးျခင္းျဖစ္သည္။

ေလာင္းကစားဥပေဒသစ္ျပဌာန္းျခင္းမျပဳမီက နယ္စပ္ေဒသမ်ားတြင္ ႏုိင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈဟိုတယ္မ်ား၌ ျပည္ထဲေရးဝန္ႀကီးဌာန၏ ခြင့္ျပဳခ်က္ျဖင့္ ကာစီႏိုေလာင္းကစားဝိုင္းမ်ားကို ဖြင့္လွစ္ခြင့္ေပးထားျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ ႏုိင္ငံျခားရင္းနွီးျမဳပ္ႏွံမႈဟိုတယ္မ်ားမွာ (၃) လံုးသာရိွျခင္း ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net