အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျိုင်းတုံမြို့တွင် ဓာတ်ခွဲခန်းတည်ဆောက်မည်

အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျိုင်းတုံမြို့တွင် ဓာတ်ခွဲခန်းတည်ဆောက်မည်
အောက်တိုဘာ 14, 2019
By Tachileik News Agency
အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျိုင်းတုံမြို့တွင် 
ဓာတ်ခွဲခန်းတည်ဆောက်မည်

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ရာတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် သေဆုံးခြင်း ဟုတ်၊ မဟုတ် အတည်ပြုနိုင်ရေးအတွက် ဓာတ်ခွဲစစ်ဆေးနိုင်ရန် ရန်ကုန်နှင့် မန္တလေးသို့ ပေးပို့နေရသဖြင့် အချိန်ကြန့်ကြာမှုများရှိနေသည့်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကျိုင်းတုံမြို့တွင် ဓာတ်ခွဲခန်းတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် က ပြောကြားသည်။

"ရောဂါတွေကို ရှာဖွေဖော်ထုတ်တဲ့အခါ ကျွန်တော်တို့ရဲ့ လုံခြုံစိတ်ချရတဲ့ ဓာတ်ခွဲခန်းတွေက ရန်ကုန်နဲ့ မန္တလေးမှာပဲရှိတယ်။ ဒီမှာရရှိတဲ့ နမူနာပစ္စည်းတွေကို အဲဒီဒေသထိပို့ရတယ်။ အဲဒီမှာရောဂါပိုးပျိုးပြီး ပေါ်ထွက်လာတဲ့ဟာဆိုတော့ ကြန့်ကြာတာတွေရှိတယ်။ နောင်မဖြစ်အောင် အစီအစဉ်ရှိပါတယ်။ ရန်ကုန်၊ မန္တလေးမှာက လုံခြုံစိတ်ချရတဲ့ ဓာတ်ခွဲခန်းပေါ့။ ရှေ့ပြေးဖော်ထုတ်နိုင်တဲ့ဓာတ်ခွဲခန်းပေါ့။ ကျိုင်းတုံမှာတည်ဆောက်သွားမယ်။ ရောဂါကို ရာနှုန်းပြည့် မဖော်နိုင်ရင်တောင်မှ အနီးစပ်ဆုံးခန့်မှန်းနိုင်တဲ့ ရောဂါစစ်ဆေးချက်တွေ လုပ်ဆောင်နိုင်ပါမယ်"ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ မြို့နယ်(၅) မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း ဝက်ရောဂါဖြစ်ပွားမှုများတွေ့ရှိခဲ့ရပြီး တာချီလိတ်မြို့တွင် ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသည့်ကောင်ရေ (၁၃၉) ကောင်၊ မိုင်းဖြတ်မြို့တွင် သေဆုံးသည့်ကောင်ရေ (၅၂) ကောင်၊ မိုင်းယောင်းမြို့တွင် သေဆုံးသည့်ကောင်ရေ (၇၃) ကောင်၊ ကျိုင်းတုံမြို့တွင် သေဆုံးသည့်ကောင်ရေ (၇၂) ကောင်၊ မိုင်းလား(ဆီလူး)တွင် သေဆုံးသည့်ကောင်ရေ (၁၂၈၆) ကောင်ရှိခဲ့ပြီး စုစုပေါင်း (၁၆၂၂) ကောင်သေဆုံးခဲ့သည်ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

တာချီလိတ်ခရိုင်အတွင်း တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်များရှိ ကျေးရွာအချို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှစ၍ ဝက်သေဆုံးမှုများဖြစ်ခဲ့သဖြင့် ဓာတ်ခွဲခန်းပို့စစ်ဆေးခဲ့ပြီးနောက် ဓာတ်ခွဲခန်းအဖြေကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေစဉ်ကာလအတွင်း ဝက်ရောဂါများ ပြန့်နှံ့ခြင်းမရှိစေရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်သည်ကိုလည်း တွေ့ရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံနှင့် တာချီလိတ်ခရိုင်များတွင် ဝက်များသေဆုံးမှုများအနက် တရုတ်နိုင်ငံနှင့်နယ်စပ်ဒေသဖြစ်သည့် အထူးဒေသ(၄) မိုင်းလာင်းတွင် အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားကြောင်း အတည်ပြုခဲ့ပြီး ကျိုင်းတုံနှင့် တာချီလိတ်တွင် ဝက်အားနည်းရောဂါဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသများတွင် ဝက်သေဆုံးမှုများနှင့်ပတ်သက်၍ ရောဂါမပျံ့ပွားစေရန် သက်ဆိုင်ရာများက အသိပညာပေးလုပ်ဆောင်သည်ဟု ဆိုသော်လည်း ဒေသခံများက ဝက်သေများကို နီးစပ်ရာ ရေချောင်းများတွင် မျောချခြင်းများလည်းရှိခဲ့ပြီး အချို့ဒေသများတွင် ဝက်သေဆုံးမှုများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံ အကြောင်းမကြားဘဲ စွန့်ပစ်မှုများလည်း ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

အာဖရိက၀က္အျပင္းဖ်ားေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ က်ိဳင္းတံုၿမို႕တြင္ 
ဓာတ္ခြဲခန္းတည္ေဆာက္မည္

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း ၀က္ေသဆံုးမႈမ်ားျဖစ္ေပၚခဲ့ရာတြင္ အာဖရိက၀က္အျပင္းဖ်ားေရာဂါေၾကာင့္ ေသဆံုးျခင္း ဟုတ္၊ မဟုတ္ အတည္ျပဳႏိုင္ေရးအတြက္ ဓာတ္ခြဲစစ္ေဆးႏိုင္ရန္ ရန္ကုန္ႏွင့္ မႏၱေလးသို႔ ေပးပို႔ေနရသျဖင့္ အခ်ိန္ၾကန္႔ၾကာမႈမ်ားရိွေနသည့္အတြက္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ က်ိဳင္းတံုၿမို႕တြင္ ဓာတ္ခြဲခန္းတစ္ခု တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း  ညႊန္ၾကားေရးမွဴးခ်ဳပ္ က ေျပာၾကားသည္။

"ေရာဂါေတြကို ရွာေဖြေဖာ္ထုတ္တဲ့အခါ ကၽြန္ေတာ္တို႔ရဲ႕ လံုၿခံဳစိတ္ခ်ရတဲ့ ဓာတ္ခြဲခန္းေတြက ရန္ကုန္နဲ႔ မႏၱေလးမွာပဲရိွတယ္။ ဒီမွာရရိွတဲ့ နမူနာပစၥည္းေတြကို အဲဒီေဒသထိပို႔ရတယ္။ အဲဒီမွာေရာဂါပိုးပ်ိဳးၿပီး ေပၚထြက္လာတဲ့ဟာဆိုေတာ့ ၾကန္႔ၾကာတာေတြရိွတယ္။ ေနာင္မျဖစ္ေအာင္ အစီအစဥ္ရိွပါတယ္။ ရန္ကုန္၊ မႏၱေလးမွာက လံုၿခံဳစိတ္ခ်ရတဲ့ ဓာတ္ခြဲခန္းေပါ့။ ေရွ႕ေျပးေဖာ္ထုတ္ႏိုင္တဲ့ဓာတ္ခြဲခန္းေပါ့။ က်ိဳင္းတံုမွာတည္ေဆာက္သြားမယ္။ ေရာဂါကို ရာႏႈန္းျပည့္ မေဖာ္ႏိုင္ရင္ေတာင္မွ အနီးစပ္ဆံုးခန္႔မွန္းႏိုင္တဲ့ ေရာဂါစစ္ေဆးခ်က္ေတြ လုပ္ေဆာင္ႏိုင္ပါမယ္"ဟု ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာရဲထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္းမွ ၿမိဳ႕နယ္(၅) ၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္း ၀က္ေရာဂါျဖစ္ပြားမႈမ်ားေတြ႕ရိွခဲ့ရၿပီး တာခ်ီလိတ္ၿမို႕တြင္ ေရာဂါျဖစ္ပြားမႈေၾကာင့္ ေသဆံုးသည့္ေကာင္ေရ (၁၃၉) ေကာင္၊ မိုင္းျဖတ္ၿမိဳ႕တြင္ ေသဆံုးသည့္ေကာင္ေရ (၅၂) ေကာင္၊ မိုင္းေယာင္းၿမို႕တြင္ ေသဆံုးသည့္ေကာင္ေရ (၇၃) ေကာင္၊ က်ိဳင္းတံုၿမိဳ႕တြင္ ေသဆံုးသည့္ေကာင္ေရ (၇၂) ေကာင္၊ မိုင္းလား(ဆီလူး)တြင္ ေသဆံုးသည့္ေကာင္ေရ (၁၂၈၆) ေကာင္ရိွခဲ့ၿပီး စုစုေပါင္း (၁၆၂၂) ေကာင္ေသဆံုးခဲ့သည္ကို  ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာန၏ စာရင္းအရ သိရသည္။

တာခ်ီလိတ္ခရိုင္အတြင္း တာခ်ီလိတ္၊ မုိင္းျဖတ္ႏွင့္ မုိင္းေယာင္းၿမိဳ႕နယ္မ်ားရိွ ေက်းရြာအခ်ိဳ႕တြင္ ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လဆန္းပိုင္းမွစ၍ ဝက္ေသဆံုးမႈမ်ားျဖစ္ခဲ့သျဖင့္ ဓါတ္ခြဲခန္းပို႔စစ္ေဆးခဲ့ၿပီးေနာက္ ဓါတ္ခြဲခန္းအေျဖကို အခ်ိန္ၾကာျမင့္စြာ ေစာင့္ဆုိင္းေနစဥ္ကာလအတြင္း ဝက္ေရာဂါမ်ား ျပန္႔ႏွံ႕ျခင္းမရိွေစရန္ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ ဝန္ထမ္းမ်ားက ကြင္းဆင္းေဆာင္ရြက္မႈမ်ား လုပ္ေဆာင္သည္ကိုလည္း ေတြ႔ရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုႏွင့္ တာခ်ီလိတ္ခရိုင္မ်ားတြင္ ဝက္မ်ားေသဆံုးမႈမ်ားအနက္ တရုတ္ႏုိင္ငံႏွင့္နယ္စပ္ေဒသျဖစ္သည့္ အထူးေဒသ(၄) မိုင္းလာင္းတြင္ အာဖရိကဝက္အျပင္းဖ်ားေရာဂါ ျဖစ္ပြားေၾကာင္း အတည္ျပဳခဲ့ၿပီး က်ိဳင္းတံုနွင့္ တာခ်ီလိတ္တြင္ ဝက္အားနည္းေရာဂါျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနက အတည္ျပဳခဲ့ျခင္းျဖစ္သည္။

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသမ်ားတြင္ ဝက္ေသဆံုးမႈမ်ားႏွင့္ပတ္သက္၍ ေရာဂါမပ်ံ႕ပြားေစရန္ သက္ဆုိင္ရာမ်ားက အသိပညာေပးလုပ္ေဆာင္သည္ဟု ဆိုေသာ္လည္း ေဒသခံမ်ားက ဝက္ေသမ်ားကို နီးစပ္ရာ ေရေခ်ာင္းမ်ားတြင္ ေမ်ာခ်ျခင္းမ်ားလည္းရိွခဲ့ၿပီး အခ်ိဳ႕ေဒသမ်ားတြင္ ဝက္ေသဆံုးမႈမ်ားကို ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနထံ အေၾကာင္းမၾကားဘဲ စြန္႔ပစ္မႈမ်ားလည္း ရိွခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net