နယ်စပ်ဒေသ တာချီလိတ်တွင် ၂၀၁၉ခုနှစ်အတွင်း (၄)ကြိမ်မြောက် အဖြစ် ရွှေဆိုင်လုယက်မှု ဖြစ်ပွား

နယ်စပ်ဒေသ တာချီလိတ်တွင် ၂၀၁၉ခုနှစ်အတွင်း (၄)ကြိမ်မြောက် အဖြစ် ရွှေဆိုင်လုယက်မှု ဖြစ်ပွား
အောက်တိုဘာ 8, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း (၄)ကြိမ်မြောက်အဖြစ် ရွှေဆိုင်လုယက်ခံရမှု အောက်တိုဘာလ (၈)ရက်နေ့ နေ့လယ် တစ်နာရီခွဲဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ထားထားလွင်ရွှေဆိုင်တွင် ဖြစ်ပွားသွားသည်။

ဝိန်းကျောက်ရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရွှေဆိုင်အတွင်း အရောင်းဝန်ထမ်း အမျိုးသမီးတစ်ဦးတည်းရှိနေစဉ် ဆိုင်ကယ်နှစ်စီးနှင့် အမျိုးသား (၃)ဦးရောက်လာပြီး ဓားဖြင့်ထောက်ကာ လုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားတစ်ဦးက အရောင်းဝန်ထမ်းအမျိုးသမီးအား ဓားဖြင့်ထောက်ထားစဉ် ကျန်နှစ်ဦးက ကောင်တာအတွင်းမှ ရွှေကိုထုတ်ယူရန်ကြိုးစားစဉ် ဝန်ထမ်းအမျိုးသမီးက ပါးစပ်ပိတ်ခံထားရသည့် လက်ကို ဆွဲဖယ်ကာ အော်ဟစ်အကူအညီတောင်းသဖြင့် လုယက်သူများ ရွှေထည်အချို့နှင့်အတူ ထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း သိရသည်။

လုယက်သူများထံတွင် ရွှေထည်ပစ္စည်း (၂)ကျပ်သားခန့်ပါသွားကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း ရွှေဆိုင်များ လုံခြုံရေးတိုးမြှင့်ရေးအစီအစဉ် ပြုလုပ်ကြရန် ရဲတပ်ဖွဲ့ တိုက်တွန်းချက်အရ ရွှေဆိုင် (၁၇) ဆိုင်ရှိသည့်အနက် (၁၄) ဆိုင်က လုပ်ဆောင်ခဲ့ကြပြီး ယခု ရွှေဆိုင်မှာ လုံခြုံရေးအတွက် လုပ်ဆောင်ရခြင်း မရှိသေးမီ လုယက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စတီးသံပန်းတွေတပ်ဖို့တို့ လုံခြုံရေးတွေထားဖို့တို့ဆိုတာ နိုင်ငံတော်မူဝါဒလည်းမဟုတ်တဲ့အခါကျတော့ သူတို့ကို အကြံပြုတာပဲရှိတာပေါ့။ တပ်တာ၊ မတပ်တာက သူတို့ ဆုံးဖြတ်ချက်ပေါ့။ ကျွန်တော်တို့က တိုက်တွန်းပြီး အကြံပြုတာပဲရှိတာ"ဟု တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေဆိုင်များ လုယက်ခံရမှုဖြစ်စဉ်များကြောင့် လုံခြုံရေးတိုးမြှင့်ရန် ရဲတပ်ဖွဲ့က ရွှေဆိုင်ပိုင်ရှင်များအား ခေါ်ယူတွေ့ဆုံပြီး လုံခြုံရေးဝန်ထမ်းများ ခန့်အပ်လိုပါက ရဲတပ်ဖွဲ့မှ သင်တန်းများ ပံ့ပိုးပေးမည်ဟု ပြောကြားထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း ရွှေဆိုင်များ လုယက်ခံရမှုများမှာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မတ်လ (၂၉) ရက်နေ့တွင် ဆန်ဆိုင်း(က)ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် ရွှေဆိုင်၊ ဇွန်လ (၃) ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်ရှိ နန်းနန်းဘွန်းကျောက် (၂) ရွှေဆိုင်၊ ဇူလိုင်လ (၈)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်ရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင်နှင့် အောက်တိုဘာလ (၈)ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်ရှိ ထားထားလွင်ရွှေဆိုင်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

နယ္စပ္ေဒသ တာခ်ီလိတ္တြင္ ၂၀၁၉ခုႏွစ္အတြင္း (၄)ႀကိမ္ေျမာက္ အျဖစ္ ေရႊဆိုင္လုယက္မႈ ျဖစ္ပြား
**************

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္အတြင္း (၄)ႀကိမ္ေျမာက္အျဖစ္ ေရႊဆုိင္လုယက္ခံရမႈ ေအာက္တိုဘာလ (၈)ရက္ေန႔ ေန႔လယ္ တစ္နာရီခြဲဝန္းက်င္က ဝိန္းေက်ာက္ရပ္ကြက္အတြင္းရွိ ထားထားလြင္ေရႊဆိုင္တြင္ ျဖစ္ပြားသြားသည္။

ဝိန္းေက်ာက္ရပ္ကြက္အတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရိွ ေရႊဆုိင္အတြင္း အေရာင္းဝန္ထမ္း အမ်ိဳးသမီးတစ္ဦးတည္းရိွေနစဥ္ ဆုိင္ကယ္ႏွစ္စီးႏွင့္ အမ်ိဳးသား (၃)ဦးေရာက္လာၿပီး ဓါးျဖင့္ေထာက္ကာ လုယက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားတစ္ဦးက အေရာင္းဝန္ထမ္းအမ်ိဳးသမီးအား ဓါးျဖင့္ေထာက္ထားစဥ္ က်န္ႏွစ္ဦးက ေကာင္တာအတြင္းမွ ေရႊကိုထုတ္ယူရန္ႀကိဳးစားစဥ္ ဝန္ထမ္းအမ်ိဳးသမီးက ပါးစပ္ပိတ္ခံထားရသည့္ လက္ကို ဆြဲဖယ္ကာ ေအာ္ဟစ္အကူအညီေတာင္းသျဖင့္ လုယက္သူမ်ား ေရႊထည္အခ်ိဳ႕ႏွင့္အတူ ထြက္ေျပးသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

လုယက္သူမ်ားထံတြင္ ေရႊထည္ပစၥည္း (၂)က်ပ္သားခန္႔ပါသြားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမို႕တြင္း ေရႊဆုိင္မ်ား လံုၿခံဳေရးတိုးျမႇင့္ေရးအစီအစဥ္ ျပဳလုပ္ၾကရန္ ရဲတပ္ဖြဲ႕ တုိက္တြန္းခ်က္အရ ေရႊဆုိင္ (၁၇) ဆိုင္ရိွသည့္အနက္ (၁၄) ဆိုင္က လုပ္ေဆာင္ခဲ့ၾကၿပီး ယခု ေရႊဆိုင္မွာ လံုၿခံဳေရးအတြက္ လုပ္ေဆာင္ရျခင္း မရိွေသးမီ လုယက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"စတီးသံပန္းေတြတပ္ဖို႔တို႔ လံုၿခံဳေရးေတြထားဖို႔တို႕ဆိုတာ ႏိုင္ငံေတာ္မူ၀ါဒလည္းမဟုတ္တဲ့အခါက်ေတာ့ သူတို႔ကို အႀကံျပဳတာပဲရိွတာေပါ့။ တပ္တာ၊ မတပ္တာက သူတို႔ ဆံုးျဖတ္ခ်က္ေပါ့။ ကၽြန္ေတာ္တို႔က တိုက္တြန္းၿပီး အႀကံျပဳတာပဲရိွတာ"ဟု တာခ်ီလိတ္ၿမို႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊဆိုင္မ်ား လုယက္ခံရမႈျဖစ္စဥ္မ်ားေၾကာင့္ လံုၿခံဳေရးတိုးျမႇင့္ရန္ ရဲတပ္ဖြဲ႕က ေရႊဆုိင္ပိုင္ရွင္မ်ားအား ေခၚယူေတြ႕ဆံုၿပီး လံုၿခံဳေရးဝန္ထမ္းမ်ား ခန္႔အပ္လိုပါက ရဲတပ္ဖြဲ႕မွ သင္တန္းမ်ား ပံ့ပိုးေပးမည္ဟု ေျပာၾကားထားျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္အတြင္း ေရႊဆုိင္မ်ား လုယက္ခံရမႈမ်ားမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီး တေလွ်ာက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး မတ္လ (၂၉) ရက္ေန႔တြင္ ဆန္ဆိုင္း(က)ရပ္ကြက္ရိွ နန္းနန္းဘြန္းေက်ာက္ ေရႊဆုိင္၊ ဇြန္လ (၃) ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္ရိွ နန္းနန္းဘြန္းေက်ာက္ (၂) ေရႊဆိုင္၊ ဇူလိုင္လ (၈)ရက္ေန႔တြင္ ဝမ္ေကာင္းရပ္ကြက္ရိွ ရွင္းမန္ & ရွင္းဒါ(၂) ေရႊဆိုင္ႏွင့္ ေအာက္တိုဘာလ (၈)ရက္ေန႔တြင္ ဝိန္းေက်ာက္ရပ္ကြက္ရိွ ထားထားလြင္ေရႊဆုိင္တုိ႔တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net