သီပေါမြို့ ပျံကျဈေးတွင် စည်ပင်သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနေသော်လည်း ဈေးသည်အချို့က မကျေနပ်၍ တပြေးညီ ကျပ် (၃၀၀)နှုန်းကောက်ခံရန် စည်ပင်က ညှိနှိုင်းထား

သီပေါမြို့ ပျံကျဈေးတွင် စည်ပင်သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနေသော်လည်း ဈေးသည်အချို့က မကျေနပ်၍ တပြေးညီ ကျပ် (၃၀၀)နှုန်းကောက်ခံရန် စည်ပင်က ညှိနှိုင်းထား
အောက်တိုဘာ 29, 2019
By Tachileik News Agency
သီပေါမြို့ ပျံကျဈေးတွင် စည်ပင်သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနေသော်လည်း ဈေးသည်အချို့က မကျေနပ်၍ တပြေးညီ ကျပ် (၃၀၀)နှုန်းကောက်ခံရန် စည်ပင်က ညှိနှိုင်းထား

ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ ပျံကျဈေးတွင် (၈) ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် ဈေးကောက် (၃၀၀) နှုန်းဖြင့် စည်ပင်သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံနေသော်လည်း မကျေနပ်သည့် ဈေးသည် အချို့ရှိနေ၍ ဈေးကောက်လုပ်ငန်းလိုင်စင်ရရှိသူအနဖြေင့် ဆိုင်ခန်းကျယ်များကိုပါ ကျပ် (၃၀၀)နှုန်းဖြင့်သာ တပြေးညီ ကောက်ခံပေးရန် မြို့နယ်စည်ပင်သာယာရေးဌာနက ညှိနှိုင်းထားကြောင်း သိရသည်။

" ဒီနေ့ မနက်ပဲ ကျွန်တော် ခေါ်တွေ့ထားပါတယ်။ ကျွန်တော်တို့ သတ်မှတ်တာက (၈) ပေပတ်လည်ဆိုရင် (၃၀၀) ပေါ့။ အခု ဈေးကောက် ကောက်နေတာကလည်း (၁၆) ပေလောက်ရှိတဲ့ဟာကို (၆၀၀) မကောက်ဘဲ (၅၀၀)ဆိုပြီး ကောက်လိုက်တာပေါ့။ သတ်မှတ်ဈေးနှုန်းထက် (၁၀၀) တောင် သက်သာပါ သေးတယ်။ ဒါပေမဲ့ ဈေးသည်တွေက လာပြောလို့ ကျွန်တော် ခရီးကပြန်ရောက်တာနဲ့ ချက်ချင်း ဈေးကောက်လိုင်စင်ရသူကို ပြောထားပါတယ်။ ဘယ်လောက်ပဲ ကျယ်ကျယ် (၃၀၀) ပဲ ကောက်ပေးပါ ဆိုပြီးတော့။ နောက် ဈေးကောက်နဲ့

ပတ်သက်ပြီး အဆင်မပြေတာရှိရင် မြို့နယ်စည်ပင်ကို တင်ပြလို့ ရပါတယ်။ ကျွန်တော်တို့က ကွင်းဆင်းပြီး လုပ်ပေးမှာပေါ့။ ပြည်သူတွေ အဆင်ပြေအောင် လုပ်ပေးသွားမှာပါ"ဟု သီပေါမြို့နယ် စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးအောင်စည်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၂၉)ရက်နေ့တွင် ပြောသည်။

သီပေါမြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ပျံကျဈေးတွင် (၈)ပေပတ်လည် ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်(၃၀၀)နှုန်း ကောက်ခံရန် လုပ်ငန်းလိုင်စင်ရရှိစဉ်က သတ်မှတ်ပေးထားသည့်နှုန်းထားအတိုင်း ကောက်ခံနခြေင်းဖြစ်ပြီး ဆိုင်ခန်းတစ်ခန်းစာထက် နေရာပိုယူသည့် မော်တော်ယာဉ်ဖြင့် ရောင်းချသူအချို့ကိုသာ ကျပ် (၅၀၀)ကောက်ခံနခြေင်းဖြစ်သည်ဟု ဈေးကောက်လုပ်ငန်း လိုင်စင်ရရှိထားသူက ဆိုသည်။

“ကျွန်မတို့က ဈေးကောက်လုပ်ငန်းလိုင်စင်ဆွဲတဲ့အချိန်မှာ ဒီနှစ်ဆိုရင် လေလံဈေးကလည်း မြင့်တယ်။ ဒါပေမဲ့ ဘယ်လောက် ကျယ်ကျယ် ကျပ် (၃၀၀)နဲ့ပဲ ကောက်နေတာပါ။ ကားနဲ့ရောင်းတာတို့ ဆိုင်ကြီးတွေတို့ဆိုရင် (၅၀၀)ကောက်ဆိုပြီး ပြောထားတာ။ ဈေးထဲမှာက မနက်ဈေးဆိုရင် ရှမ်းခေါက်ဆွဲ၊ မုန့်တီတို့လို အချိန်ရာနဲ့ချီ ရောင်းနေတဲ့သူတွေလိုမျိုးပေါ့ ကားနဲ့လာရောင်းတာတွေရှိတယ်။ ကားနဲ့လာရောင်းရင် ဈေးဆိုင်(၄)ခန်းစာ လောက်ရှိတယ်။ ဒါပေမဲ့ (၅၀၀)ပဲ ကောက်ပါတယ်။ ကျွန်မတို့ ဈေးကောက်လာတဲ့ကာလအတွင်း ဈေးထဲမှာ တစ်ချို့ဆို နေ့ပြန်တိုးပေးဖို့တောင် မရသေးဘူးဆိုရင်လည်း မကောက်တော့ဘဲ ထားခဲ့ပေးလိုက်တာမျိုးတောင် ရှိပါတယ်။ ကိုယ်က တစ်ယောက်၊ နှစ်ယောက်မရတာနဲ့ ဘာမှမဖြစ်ပါဘူးဆိုပြီး မကောက်ပါဘူး။ အခုကလည်း သတ်မှတ်နှုန်းထားအတိုင်းပဲ ကောက်နေတာဆိုပေမဲ့ မသိတဲ့သူတွေက ပိုကောက်တယ်ထင်တယ်။ သက်ဆိုင်ရာက ခွင့်ပြုထားတဲ့နှုန်း ကြငြောပေးထားရင်တော့ ကျွန်မတို့လည်း အလုပ်လုပ်ရတာ ပိုအဆင်ပြေမယ်ထင်ပါတယ်”ဟု ဈေးကောက်လုပ်ငန်း လိုင်စင်ရရှိထားသည့် မိသားစုမှ ဒေါ်ငုဝါဝါအောင်က ပြောသည်။

သီပေါမြို့ရှိ နံနက်ခင်းအစောပိုင်းရောင်းသည့် ပျံကျဈေးတွင် နေ့စဉ် ဈေးသည် (၁၀၀)ကျော်ဝန်းကျင်ရှိနပြေီး ဈေးကောက်ကို ကျပ် (၃၀၀)နှုန်းဖြင့် ကောက်ခံနခြေင်းဖြစ်ပြီး အချို့ဈေးဆိုင်များက ကျပ် (၅၀၀)ပေးရသဖြင့် ဈေးကောက်ပိုမိုကောက်ခံသည်ဟုဆိုကာ စည်ပင်သာယာရေးဌာနသို့ အကြောင်းကြားမှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

သီပေါမြို့၏ နံနက်ခင်းဈေးတစ်ခုဖြစ်သည့် ဝက်ဝံဈေးမှ ပျံကျဈေးသည် နံနက် (၂)နာရီဝန်းကျင်မှစ၍ နံက် (၇)နာရီဝန်းကျင်အထိ ရောင်းချသည့် ဈေးတစ်ခုဖြစ်ပြီး ဒေသထွက် စားသောက်ကုန်များ၊ အသီးအနှံများ ရောင်းချသည့်ဈေးဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

သီေပါၿမိဳ႕ ပ်ံက်ေစ်းတြင္ စည္ပင္သတ္မွတ္ႏႈန္းထားအတုိင္း ေကာက္ခံေနေသာ္လည္း ေစ်းသည္အခ်ိဳ႕က မေက်နပ္၍ တေျပးညီ က်ပ္ (၃၀၀)ႏႈန္းေကာက္ခံရန္ စည္ပင္က ညိႇႏိႈင္းထား

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သီေပါၿမိဳ႕ ပ်ံက်ေစ်းတြင္ (၈) ေပပတ္လည္ ဆုိင္ခန္းတစ္ခန္းလွ်င္ ေစ်းေကာက္ (၃၀၀) ႏႈန္းျဖင့္ စည္ပင္သတ္မွတ္ႏႈန္းထားအတုိင္း ေကာက္ခံေနေသာ္လည္း မေက်နပ္သည့္ ေစ်းသည္ အခ်ိဳ႕ရိွေန၍ ေစ်းေကာက္လုပ္ငန္းလိုင္စင္ရရိွသူအေနျဖင့္ ဆုိင္ခန္းက်ယ္မ်ားကိုပါ က်ပ္ (၃၀၀)ႏႈန္းျဖင့္သာ တေျပးညီ ေကာက္ခံေပးရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက ညိႇႏိႈင္းထားေၾကာင္း သိရသည္။

" ဒီေန႔ မနက္ပဲ ကၽြန္ေတာ္ ေခၚေတြ႕ထားပါတယ္။ ကၽြန္ေတာ္တို႔ သတ္မွတ္တာက (၈) ေပပတ္လည္ဆိုရင္ (၃၀၀) ေပါ့။ အခု ေစ်းေကာက္ ေကာက္ေနတာကလည္း (၁၆) ေပေလာက္ရိွတဲ့ဟာကို (၆၀၀) မေကာက္ဘဲ (၅၀၀)ဆိုၿပီး ေကာက္လိုက္တာေပါ့။ သတ္မွတ္ေစ်းႏႈန္းထက္ (၁၀၀) ေတာင္ သက္သာပါ ေသးတယ္။ ဒါေပမဲ့ ေစ်းသည္ေတြက လာေျပာလုိ႔ ကၽြန္ေတာ္ ခရီးကျပန္ေရာက္တာနဲ႔ ခ်က္ခ်င္း ေစ်းေကာက္လုိင္စင္ရသူကို ေျပာထားပါတယ္။ ဘယ္ေလာက္ပဲ က်ယ္က်ယ္ (၃၀၀) ပဲ ေကာက္ေပးပါ ဆိုၿပီးေတာ့။ ေနာက္ ေစ်းေကာက္နဲ႔
ပတ္သက္ၿပီး အဆင္မေျပတာရိွရင္ ၿမိဳ႕နယ္စည္ပင္ကို တင္ျပလို႔ ရပါတယ္။ ကၽြန္ေတာ္တို႔က ကြင္းဆင္းၿပီး လုပ္ေပးမွာေပါ့။ ျပည္သူေတြ အဆင္ေျပေအာင္ လုပ္ေပးသြားမွာပါ"ဟု သီေပါၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန၏ အမႈေဆာင္အရာရိွ ဦးေအာင္စည္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေအာက္တိုဘာလ(၂၉)ရက္ေန႔တြင္ ေျပာသည္။

သီေပါၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ပ်ံက်ေစ်းတြင္ (၈)ေပပတ္လည္ ဆုိင္ခန္းတစ္ခန္းလွ်င္ က်ပ္(၃၀၀)ႏႈန္း ေကာက္ခံရန္ လုပ္ငန္းလုိင္စင္ရရိွစဥ္က သတ္မွတ္ေပးထားသည့္ႏႈန္းထားအတုိင္း ေကာက္ခံေနျခင္းျဖစ္ၿပီး ဆုိင္ခန္းတစ္ခန္းစာထက္ ေနရာပိုယူသည့့္ ေမာ္ေတာ္ယာဥ္ျဖင့္ ေရာင္းခ်သူအခ်ိဳ႕ကိုသာ က်ပ္ (၅၀၀)ေကာက္ခံေနျခင္းျဖစ္သည္ဟု ေစ်းေကာက္လုပ္ငန္း လုိင္စင္ရရိွထားသူက ဆိုသည္။

“ကၽြန္မတုိ႔က ေစ်းေကာက္လုပ္ငန္းလုိင္စင္ဆြဲတဲ့အခ်ိန္မွာ ဒီႏွစ္ဆိုရင္ ေလလံေစ်းကလည္း ျမင့္တယ္။ ဒါေပမဲ့ ဘယ္ေလာက္ က်ယ္က်ယ္ က်ပ္ (၃၀၀)နဲ႔ပဲ ေကာက္ေနတာပါ။ ကားနဲ႔ေရာင္းတာတို႔ ဆုိင္ႀကီးေတြတို႔ဆုိရင္ (၅၀၀)ေကာက္ဆိုၿပီး ေျပာထားတာ။ ေစ်းထဲမွာက မနက္ေစ်းဆိုရင္ ရွမ္းေခါက္ဆြဲ၊ မုန္႔တီတို႔လို အခ်ိန္ရာနဲ႔ခ်ီ ေရာင္းေနတဲ့သူေတြလုိမ်ိဳးေပါ့ ကားနဲ႔လာေရာင္းတာေတြရိွတယ္။ ကားနဲ႔လာေရာင္းရင္ ေစ်းဆိုင္(၄)ခန္းစာ ေလာက္ရိွတယ္။ ဒါေပမဲ့ (၅၀၀)ပဲ ေကာက္ပါတယ္။ ကြ်န္မတို႔ ေစ်းေကာက္လာတဲ့ကာလအတြင္း ေစ်းထဲမွာ တစ္ခ်ိဳ႕ဆို ေန႔ျပန္တုိးေပးဖုိ႔ေတာင္ မရေသးဘူးဆိုရင္လည္း မေကာက္ေတာ့ဘဲ ထားခဲ့ေပးလုိက္တာမ်ိဳးေတာင္ ရိွပါတယ္။ ကိုယ္က တစ္ေယာက္၊ ႏွစ္ေယာက္မရတာနဲ႔ ဘာမွမျဖစ္ပါဘူးဆိုၿပီး မေကာက္ပါဘူး။ အခုကလည္း သတ္မွတ္ႏႈန္းထားအတိုင္းပဲ ေကာက္ေနတာဆိုေပမဲ့ မသိတဲ့သူေတြက ပိုေကာက္တယ္ထင္တယ္။ သက္ဆုိင္ရာက ခြင့္ျပဳထားတဲ့ႏႈန္း ေၾကျငာေပးထားရင္ေတာ့ ကြ်န္မတို႔လည္း အလုပ္လုပ္ရတာ ပိုအဆင္ေျပမယ္ထင္ပါတယ္”ဟု ေစ်းေကာက္လုပ္ငန္း လုိင္စင္ရရိွထားသည့္ မိသားစုမွ ေဒၚငုဝါဝါေအာင္က ေျပာသည္။

သီေပါၿမိဳ႕ရိွ နံနက္ခင္းအေစာပိုင္းေရာင္းသည့္ ပ်ံက်ေစ်းတြင္ ေန႔စဥ္ ေစ်းသည္ (၁၀၀)ေက်ာ္ဝန္းက်င္ရိွေနၿပီး ေစ်းေကာက္ကို က်ပ္ (၃၀၀)ႏႈန္းျဖင့္ ေကာက္ခံေနျခင္းျဖစ္ၿပီး အခ်ိဳ႕ေစ်းဆုိင္မ်ားက က်ပ္ (၅၀၀)ေပးရသျဖင့္ ေစ်းေကာက္ပိုမိုေကာက္ခံသည္ဟုဆိုကာ စည္ပင္သာယာေရးဌာနသို႔ အေၾကာင္းၾကားမႈမ်ား လုပ္ေဆာင္ခဲ့ၾကျခင္း ျဖစ္သည္။

သီေပါၿမိဳ႕၏ နံနက္ခင္းေစ်းတစ္ခုျဖစ္သည့္ ဝက္ဝံေစ်းမွ ပ်ံက်ေစ်းသည္ နံနက္ (၂)နာရီဝန္းက်င္မွစ၍ နံက္ (၇)နာရီဝန္းက်င္အထိ ေရာင္းခ်သည့္ ေစ်းတစ္ခုျဖစ္ၿပီး ေဒသထြက္ စားေသာက္ကုန္မ်ား၊ အသီးအႏွံမ်ား ေရာင္းခ်သည့္ေစ်းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net