တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်တွင် အောက်တိုဘာလ (၂၁)နှင့် (၂၂)ရက်နေ့များ၌ အသည်းရောင်ဘီနှင့်စီပိုး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း အခမဲ့ဆောင်ရွက်ပေးမည်

တာချီလိတ် မဟာမြတ်မုနိကျောင်းတိုက်တွင် အောက်တိုဘာလ (၂၁)နှင့် (၂၂)ရက်နေ့များ၌ အသည်းရောင်ဘီနှင့်စီပိုး စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးခြင်း အခမဲ့ဆောင်ရွက်ပေးမည်
အောက်တိုဘာ 4, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်ဝင်းတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များ၌ အသည်းရောင် ဘီပိုး၊ စီပိုးစစ်ဆေးခြင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို လူဦးရေ (၅၀၀)အတွက် အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်သည်။

တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါ ဖောင်ဒေးရှင်း(မြန်မာ) က လာရောက်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး ရှိမရှိ အခမဲ့စစ်ပေးမယ်။ တကယ်လို့ ရောဂါမရှိဘူးဆိုရင် ကာကွယ်ဆေး တစ်ခါတည်းထိုးပေးမယ်။  စစ်ဆေးတာရော၊ ကာကွယ်ဆေးထိုးတာရောဆိုရင် လူတစ်ယောက်ကို  ကျပ်တစ်သိန်းခွဲလောက်ကျတာကို အခမဲ့လုပ်ပေးမှာ။ လူ (၅၀၀) လောက်ထိကုပေးမှာပေါ့။ ဒီထက်လူများလာလို့ရှိရင် သူတို့တတ်နိုင်ရင် ထပ်လုပ်ပေးမှာပေါ့"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသည်းရောင်ဘီပိုး၊ စီပိုးစစ်ဆေးမှုနှင့် ကာကွယ်ဆေးထိုးနှံပေးမှုများကို နံနက် (၈) နာရီခွဲမှစတင်ပြီး တစ်ရက်လျှင် လူ (၂၅၀) ဦးနှုန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ မည်သူမဆို လာရောက်စစ်ဆေးနိုင်ကြမည်ဖြစ်သည်။

ဆေးစစ်ဆေးမှုနှင့် ကုသမှုများကို မဟာမြတ်မုနိကျောင်းတိုက်အတွင်း ဆောင်ရွက်နိုင်ရန်အတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ကျောင်းတိုက်မှဆရာတော်ထံ အောက်တိုဘာလ (၄)ရက်နေ့ ညနေပိုင်းက လာရောက်လျှောက်ထား ညှိနှိုင်းခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

နာယကများအဖြစ် အသည်းရောဂါအထူးကု ပါမောက္ခဒေါက်တာခင်မောင်ဝင်းနှင့် ဗိုလ်ချုပ်ကြီး အောင်သန်းထွန်း၊ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ပါမောက္ခကျော်စိုးထွန်းတို့က တာဝန်ယူထားသည့် ရန်ကုန်မြို့အခြေစိုက် အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)မှ အသည်းအထူးကုဆရာဝန်ကြီးများ လာရောက်စစ်ဆေးကုသပေးမည်ဖြစ်ကြောင်း သိရသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသဖြင့် အောက်တိုဘာလ (၃၀)ရက်နေ့တွင် အန္တိမအဂ္ဂိဈာပနာကျင်းပသွားမည်ဖြစ်သည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ -ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ မဟာျမတ္မုနိေက်ာင္းတုိက္တြင္ ေအာက္တိုဘာလ (၂၁)ႏွင့္ (၂၂)ရက္ေန႔မ်ား၌ အသည္းေရာင္ဘီႏွင့္စီပိုး စစ္ေဆးျခင္း၊ ကာကြယ္ေဆးထုိးျခင္း အခမဲ့ေဆာင္ရြက္ေပးမည္
***************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ဝင္းတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၁)ရက္နွင့္ (၂၂)ရက္ေန႔မ်ား၌ အသည္းေရာင္ ဘီပိုး၊ စီပိုးစစ္ေဆးျခင္းႏွင့္ ကာကြယ္ေဆး ထိုးႏွံေပးျခင္းကို လူဦးေရ (၅၀၀)အတြက္ အခမဲ့ေဆာင္ရြက္ေပးမည္ျဖစ္သည္။

တာခ်ီလိတ္ၿမို႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပူေဇာ္သည့္အေနျဖင့္ ရန္ကုန္ၿမိဳ႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါ ေဖာင္ေဒးရွင္း(ျမန္မာ) က လာေရာက္ေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"အသည္းေရာင္ အသား၀ါ ဘီပိုး၊ စီပိုး ရိွမရိွ အခမဲ့စစ္ေပးမယ္။ တကယ္လို႔ ေရာဂါမရိွဘူးဆိုရင္ ကာကြယ္ေဆး တစ္ခါတည္းထိုးေပးမယ္။  စစ္ေဆးတာေရာ၊ ကာကြယ္ေဆးထိုးတာေရာဆိုရင္ လူတစ္ေယာက္ကို  က်ပ္တစ္သိန္းခြဲေလာက္က်တာကို အခမဲ့လုပ္ေပးမွာ။ လူ (၅၀၀) ေလာက္ထိကုေပးမွာေပါ့။ ဒီထက္လူမ်ားလာလို႔ရိွရင္ သူတို႔တတ္ႏိုင္ရင္ ထပ္လုပ္ေပးမွာေပါ့"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသည္းေရာင္ဘီပိုး၊ စီပိုးစစ္ေဆးမႈႏွင့္ ကာကြယ္ေဆးထိုးနွံေပးမႈမ်ားကို နံနက္ (၈) နာရီခြဲမွစတင္ၿပီး တစ္ရက္လွ်င္ လူ (၂၅၀) ဦးႏႈန္းျဖင့္ ေဆာင္ရြက္ေပးသြားမည္ျဖစ္ရာ မည္သူမဆို လာေရာက္စစ္ေဆးႏုိင္ၾကမည္ျဖစ္သည္။

ေဆးစစ္ေဆးမႈႏွင့္ ကုသမႈမ်ားကို မဟာျမတ္မုနိေက်ာင္းတုိက္အတြင္း ေဆာင္ရြက္ႏုိင္ရန္အတြက္ တာခ်ီလိတ္ခရို္င္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ေက်ာင္းတုိက္မွဆရာေတာ္ထံ ေအာက္တိုဘာလ (၄)ရက္ေန႔ ညေနပိုင္းက လာေရာက္ေလွ်ာက္ထား ညိႇႏိႈင္းျခင္းမ်ားျပဳလုပ္ခဲ့ၾကျခင္းျဖစ္သည္။

နာယကမ်ားအျဖစ္ အသည္းေရာဂါအထူးကု ပါေမာကၡေဒါက္တာခင္ေမာင္ဝင္းႏွင့္ ဗိုလ္ခ်ဳပ္ႀကီး ေအာင္သန္းထြန္း၊ ဥကၠဌ ဒုတိယဗိုလ္မွဴးႀကီး ပါေမာကၡေက်ာ္စိုးထြန္းတို႔က တာဝန္ယူထားသည့္ ရန္ကုန္ၿမို႕အေျခစိုက္ အစာအိမ္၊ အူလမ္းေၾကာင္းႏွင့္ အသည္းေရာဂါေဖာင္ေဒးရွင္း(ျမန္မာ)မွ အသည္းအထူးကုဆရာဝန္ႀကီးမ်ား လာေရာက္စစ္ေဆးကုသေပးမည္ျဖစ္ေၾကာင္း သိရသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူသြားသျဖင့္ ေအာက္တိုဘာလ (၃၀)ရက္ေန႔တြင္ အႏၱိမအဂၢိစ်ာပနာက်င္းပသြားမည္ျဖစ္သည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု -ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net