လွိုင်ကော်မြို့ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဆရာတော်မွေးနေ့ပွဲကျင်းပရန် ယမ်းများပြုလုပ်နေစဉ် ပေါက်ကွဲ၍ မီးလောင်

လွိုင်ကော်မြို့ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဆရာတော်မွေးနေ့ပွဲကျင်းပရန် ယမ်းများပြုလုပ်နေစဉ် ပေါက်ကွဲ၍ မီးလောင်
အောက်တိုဘာ 8, 2019
By Tachileik News Agency

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းပရိယတ္တိစာသင်တိုက်အတွင်း ဆရာတော်၏ မွေးနေ့ပွဲကျင်းပရာတွင် အသုံးပြုမည့် ယမ်းများပြင်ဆင်နေစဉ် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့ နေ့လည်ပိုင်းက ပေါက်ကွဲမီးလောင်မှုဖြစ်ပွားသည်။

ရွှေကျောင်းတိုက်ဆရာတော်၏ သက်တော်(၅၀) ပြည့် မွေးနေ့ အလှူမင်္ဂလာပွဲကျင်းပရာတွင် အသုံးပြုမည့် နှစ်လက်မ မီးရှူးပြောင်းများ တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းတိုက်အတွင်းရှိ ကျောင်းဆောင်တစ်ခု မီးလောင်သွားခဲ့ခြင်း ဖြစ်သည်။

" ပွဲမှာ လွှတ်မယ့် မီးရှူးအတွက် ယမ်းတွပြေင်နေတာ။ အဲဒီပြောင်းလေးထဲကို ယမ်းတွေထည့်ရင်း ပေါက်ကွဲတာ။ ကံကောင်းလို့ လူတွေတော့ မထိဘူး။ ဘုန်းကြီးတစ်ပါးဆောင်လို့ ခေါ်မှာပေါ့ မီးလောင်သွားတယ်။ အဆောင်ထဲက အသုံးဆောင်တွေတော့ မီးလောင်သွားတယ် " လွိုင်ကော်မြို့ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလောင်မှုနှင့်ပတ်သက်၍ ယမ်းပြုလုပ်ရာတွင် ဦးဆောင်သူအား ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေသည်။

လွိုင်ကော်မြို့၊ ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းတိုက် ဆရာတော်၏ သက်တော်(၅၀)ပြည့် ရွှေရတုမွေးနေ့ အလှူမင်္ဂလာပွဲအား အောက်တိုဘာလ (၂၅) ရက်နေ့တွင် နိဗ္ဗာန်ဈေးပွဲတော်နှင့်အတူ ကျင်းပသွားရန် ပြင်ဆင်နခြေင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

လိြဳင္ေကာ္ၿမိဳ႕ ေရႊေက်ာင္းဘုန္းေတာ္ႀကီးေက်ာင္း ဆရာေတာ္ေမြးေန႔ပြဲက်င္းပရန္ ယမ္းမ်ားျပဳလုပ္ေနစဥ္ ေပါက္ကြဲ၍ မီးေလာင္
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ ႐ွမ္းပိုင္းရပ္ကြက္ရိွ ေရႊေက်ာင္းပရိယတၱိစာသင္တိုက္အတြင္း  ဆရာေတာ္၏ ေမြးေန႔ပြဲက်င္းပရာတြင္ အသုံးျပဳမည့္ ယမ္းမ်ားျပင္ဆင္ေနစဥ္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၈) ရက္ေန႔ ေန႔လည္ပိုင္းက ေပါက္ကြဲမီးေလာင္မႈျဖစ္ပြားသည္။
ေရႊေက်ာင္းတိုက္ဆရာေတာ္၏ သက္ေတာ ္(၅၀) ျပည့္ ေမြးေန႔ အလွဴမဂၤလာပြဲက်င္းပရာတြင္ အသုံးျပဳမည့္ ႏွစ္လက္မ မီးရွဴးေျပာင္းမ်ား တပ္ဆင္ေနစဥ္ ေပါက္ကြဲမႈျဖစ္ၿပီး ေက်ာင္းတိုက္အတြင္း႐ွိ ေက်ာင္းေဆာင္တစ္ခု မီးေလာင္သြားခဲ့ျခင္း ျဖစ္သည္။ 
" ပြဲမွာ လႊတ္မယ့္ မီး႐ွဴးအတြက္ ယမ္းေတြျပင္ေနတာ။ အဲဒီေျပာင္းေလးထဲကို ယမ္းေတြထည့္ရင္း ေပါက္ကြဲတာ။ ကံေကာင္းလို႔ လူေတြေတာ့ မထိဘူး။ ဘုန္းႀကီးတစ္ပါးေဆာင္လို႔ ေခၚမွာေပါ့ မီးေလာင္သြားတယ္။ အေဆာင္ထဲက အသုံးေဆာင္ေတြေတာ့ မီးေလာင္သြားတယ္ " လိြဳင္ေကာ္ၿမိဳ႕ မီးသတ္တပ္ဖြဲ႔မွ တာဝန္႐ွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။ 
မီးေလာင္မႈႏွင့္ပတ္သက္၍  ယမ္းျပဳလုပ္ရာတြင္ ဦးေဆာင္သူအား ရဲတပ္ဖြဲ႔က ေခၚယူစစ္ေဆးေနသည္။ 
လိြဳင္ေကာ္ၿမိဳ႕ ၊ ႐ွမ္းပိုင္းရပ္ကြက္႐ွိ ေရႊေက်ာင္းတိုက္ ဆရာေတာ္၏ သက္ေတာ္(၅၀)ျပည့္ ေရႊရတုေမြးေန႔ အလွဴမဂၤလာပြဲအား ေအာက္တိုဘာလ (၂၅) ရက္ေန႔တြင္ နိဗၺာန္ေစ်းပြဲေတာ္ႏွင့္အတူ က်င္းပသြားရန္ ျပင္ဆင္ေနျခင္းျဖစ္သည္။
Tachileik News Agency
သတင္း/ဓါတ္ပံု -  ဆန္းၿဖိဳးထြန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net