Writen by
Tachileik News Agency
11:51:00 AM
-
0
Comments
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးအား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးမျိုးစုံ၊ သေနတ်တစ်လက်နှင့် အတူ နေအိမ်ပိုင်ရှင်အား ဖမ်းဆီးရမိထားကြောင်း သိရသည်။
“ကျွန်တော်တို့ အရင် ဖမ်းမိထားတဲ့အမှုက ကွင်းဆက်အရ ပူးပေါင်းအဖွဲ့နဲ့ သွားဖမ်းတာပါ။ စိတ်ကြွဆေးပြားက (၂၀,၈၀၀)ပြား၊ ဘိန်းစိမ်း၊ ဘိန်းဖြူနဲ့ လက်နက်မိတာပေါ့။ အမှုဖွင့်ထားပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဂျောပကျေးရွာရှိ ဆာပြန်၏နေအိမ်အား ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖေဇွရာ စိတ်ကြွဆေးပြား (၂၀၈၀၀)ပြား၊ ဘိန်းဖြူဘလောက်တုံးနှင့် အမှုန့် စုစုပေါင်း အလေးချိန် (၂၆၄.၅) ဂရမ်ခန့်၊ ဘိန်းစိမ်း (၁)ကီလိုခန့်၊ ပွိုင့် 38 ကျည်ဖြင့် ပစ်ခတ်ရသော တစ်လုံးထိုး သေနတ်တစ်လက်နှင့် ကျည် (၃)တောင့်တို့ကို ဖမ်းမိထားခြင်းဖြစ်သည်ဟု သိရသည်။
အမှုအား ဆက်လက်ဖော်ထုတ်ဆဲဖြစ်၍ အသေးစိတ်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
မူးယစ်ဆေး၊ လက်နက်တို့နှင့်အတူ ဖမ်းမိသည့် ဆာပြန်ကို တာချီလိတ်မြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ ၁၉ (က)/၂၂(ခ)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ပြည်ထဲရေး
တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း မူးယစ္ေဆးမ်ိဳးစံုႏွင့္ လက္နက္ခဲယမ္းဖမ္းဆီးရမိ
*******
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအတြင္းရွိ ေနအိမ္တစ္လံုးအား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၇)ရက္ေန႔ နံနက္ပိုင္းတြင္ ဝင္ေရာက္ရွာေဖြရာ မူးယစ္ေဆးမ်ိဳးစံု၊ ေသနတ္တစ္လက္ႏွင့္ အတူ ေနအိမ္ပိုင္ရွင္အား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။
“ကၽြန္ေတာ္တုိ႔ အရင္ ဖမ္းမိထားတဲ့အမႈက ကြင္းဆက္အရ ပူးေပါင္းအဖြဲ႕နဲ႔ သြားဖမ္းတာပါ။ စိတ္ၾကြေဆးျပားက (၂၀,၈၀၀)ျပား၊ ဘိန္းစိမ္း၊ ဘိန္းျဖဴနဲ႔ လက္နက္မိတာေပါ့။ အမႈဖြင့္ထားပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေဂ်ာပေက်းရြာရိွ ဆာျပန္၏ေနအိမ္အား ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ရွာေဖဇြရာ စိတ္ၾကြေဆးျပား (၂၀၈၀၀)ျပား၊ ဘိန္းျဖဴဘေလာက္တံုးႏွင့္ အမႈန္႔ စုစုေပါင္း အေလးခ်ိန္ (၂၆၄.၅) ဂရမ္ခန္႔၊ ဘိန္းစိမ္း (၁)ကီလိုခန္႔၊ ပိြဳင့္ 38 က်ည္ျဖင့္ ပစ္ခတ္ရေသာ တစ္လံုးထိုး ေသနတ္တစ္လက္ႏွင့္ က်ည္ (၃)ေတာင့္တုိ႔ကို ဖမ္းမိထားျခင္းျဖစ္သည္ဟု သိရသည္။
အမႈအား ဆက္လက္ေဖၚထုတ္ဆဲျဖစ္၍ အေသးစိတ္ကို ရဲတပ္ဖြဲ႕က ထုတ္ျပန္ျခင္းမရိွေသးေၾကာင္း သိရသည္။
မူးယစ္ေဆး၊ လက္နက္တုိ႔ႏွင့္အတူ ဖမ္းမိသည့္ ဆာျပန္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မူး/စိတ္ပုဒ္မ ၁၉ (က)/၂၂(ခ)အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ျပည္ထဲေရး
No comments
Post a Comment
Note: Only a member of this blog may post a comment.