မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းကာ သံဃာအပါး (၃၀၀၀၀)ပါဝင်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မန္တလေးတွင် ကျင်းပမည်

မြန်မာ - ထိုင်း နှစ်နိုင်ငံပူးပေါင်းကာ သံဃာအပါး (၃၀၀၀၀)ပါဝင်မည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မန္တလေးတွင် ကျင်းပမည်
အောက်တိုဘာ 2, 2019
By Tachileik News Agency
မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ်ကွင်းတွင် မြန်မာ - ထိုင်းနှစ်နိုင်ငံ သံဃာတော်အပါး (၃၀,ဝဝဝ) အား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ ဓမ္မကာယဖောင်ဒေးရှင်း( Dhammakaya Foundation )တို့ အစီအစဉ်ဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၉ နှစ်၊ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။

ယင်းကဲ့သို့ ပူးပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲမှာ မန္တလေးမြို့တွင် တတိယအကြိမ်ဖြစ်ပြီး ဒုတိယအကြိမ်အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့က သံဃာအပါး (၁၀,ဝဝဝ)၊ ပထမအကြိမ်အား ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က သံဃာအပါး (၂၀,ဝဝဝ) ကိုလည်းကောင်း ပင့်ဆောင်လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ဓမ္မကာယဖောင်ဒေးရှင်း ( Dhammakaya Foundation ) သည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဘာသာရေးပျံ့ပွားရေး၊ နှစ်နို်င်ငံပြည်သူ ချစ်ကြည်ရေးအဖြစ် နှစ်နိုင်ငံဆွမ်းဆန်စိမ်းလောင်းလှူပွဲများ၊ ကမ္ဘာ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်ကျင့်သီလဆိုင်ရာပွဲများကို နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင်လည်း ကျင်းပလေ့ရှိခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အကြီးမားဆုံးနှင့် အကြွယ်ဝဆုံး ကျောင်းတော်ဖြစ်သည့် ဓမ္မကာယကျောင်းတော်က ပြည်တွင်းပြည်ပ ထေရဝါဒဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် ဓမ္မကာယဖောင်ဒေးရှင်းကို ၁၉၈၅ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဘန်ကောက်မြို့မြောက်ပိုင်းတွင် တည်ရှိသည့် အဆိုပါကျောင်းတော်က ဖောင်ဒေးရှင်းအတွက် မြေဧက (၇၀၀)ကျော်တွင် တရားရိပ်သာများအပါအဝင် သာသနာပြန့်ပွားရေးလုပ်ငန်းများအတွက် အသုံးပြုထားခြင်း ဖြစ်ပြီး အဆိုပါဖောင်ဒေးရှင်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံများတွင်လည်း ပါဝင်ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ တရားထိုင်ခြင်းကိုလည်း စုစည်းကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ျမန္မာ - ထိုင္း ႏွစ္ႏုိင္ငံပူးေပါင္းကာ သံဃာအပါး (၃၀၀၀၀)ပါ၀င္မည့္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ မႏၱေလးတြင္ က်င္းပမည္

မႏၱေလးၿမိဳ႕ ခ်မ္းျမသာစည္ေလယာဥ္ကြင္းတြင္ ျမန္မာ - ထိုင္းႏွစ္ႏုိင္ငံ သံဃာေတာ္အပါး (၃၀,၀၀၀) အား မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔ႏွင့္ ထိုင္းႏိုင္ငံ ဓမၼကာယေဖာင္ေဒးရွင္း( Dhammakaya Foundation )တို႔ အစီအစဥ္ျဖင့္ ဆြမ္းဆန္စိမ္းေလာင္းလွူပြဲကို ၂၀၁၉ ႏွစ္၊ ဒီဇင္ဘာလ (၈)ရက္ေန႔တြင္ က်င္းပမည္ျဖစ္သည္။

ယင္းကဲ့သို႔ ပူးေပါင္းဆြမ္းဆန္စိမ္းေလာင္းလွဴပြဲမွာ မႏၱေလးၿမိဳ႕တြင္ တတိယအႀကိမ္ျဖစ္ၿပီး ဒုတိယအႀကိမ္အား ၂၀၁၅ ခုႏွစ္ စက္တင္ဘာလ(၂၀)ရက္ေန႔က သံဃာအပါး (၁၀,၀၀၀)၊  ပထမအႀကိမ္အား ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလ(၂၁)ရက္ေန႔က သံဃာအပါး (၂၀,၀၀၀) ကိုလည္းေကာင္း ပင့္ေဆာင္လွဴဒါန္းခဲ့ၾကျခင္းျဖစ္သည္။

ထုိင္းႏုိင္ငံမွ ဓမၼကာယေဖာင္ေဒးရွင္း ( Dhammakaya Foundation ) သည္ ျမန္မာႏုိင္ငံႏွင့္ ႏွစ္ႏုိင္ငံဘာသာေရးပ်ံ႕ပြားေရး၊ ႏွစ္ႏို္င္ငံျပည္သူ ခ်စ္ၾကည္ေရးအျဖစ္ ႏွစ္ႏုိင္ငံဆြမ္းဆန္စိမ္းေလာင္းလွဴပြဲမ်ား၊ ကမၻာ့ၿငိမ္းခ်မ္းေရးေဖၚေဆာင္ေရးကိုယ္က်င့္သီလဆိုင္ရာပြဲမ်ားကို နယ္စပ္ၿမိဳ႕ျဖစ္သည့္ ကရင္ျပည္နယ္ႏွင့္ တနသၤာရီတုိင္းေဒသႀကီးအတြင္းတြင္လည္း က်င္းပေလ့ရိွျခင္းျဖစ္သည္။

ထုိင္းႏိုင္ငံတြင္ အႀကီးမားဆံုးႏွင့္ အၾကြယ္ဝဆံုး ေက်ာင္းေတာ္ျဖစ္သည့္ ဓမၼကာယေက်ာင္းေတာ္က  ျပည္တြင္းျပည္ပ ေထရဝါဒဗုဒၶဘာသာ ထြန္းကားျပန္႔ပြားေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ရန္အတြက္ ဓမၼကာယေဖာင္ေဒးရွင္းကို ၁၉၈၅ ခုႏွစ္ကတည္းက စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္သည္။

ဘန္ေကာက္ၿမိဳ႕ေျမာက္ပိုင္းတြင္ တည္ရိွသည့္ အဆိုပါေက်ာင္းေတာ္က ေဖါင္ေဒးရွင္းအတြက္ ေျမဧက (၇၀၀)ေက်ာ္တြင္ တရားရိပ္သာမ်ားအပါအဝင္ သာသနာျပန္႔ပြားေရးလုပ္ငန္းမ်ားအတြက္ အသံုးျပဳထားျခင္း ျဖစ္ၿပီး အဆိုပါေဖါင္ေဒးရွင္းသည္ ကုလသမဂၢႏွင့္ ႏုိင္ငံတကာ ၿငိမ္းခ်မ္းေရးညီလာခံမ်ားတြင္လည္း ပါဝင္ျခင္း၊ ကမၻာလံုးဆုိင္ရာ တရားထုိင္ျခင္းကိုလည္း စုစည္းက်င္းပခဲ့ျခင္းျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net