ကယားပြည်နယ် ဘောလခဲမြို့ဘုရားပွဲတွင် ဈေးလာရောင်းသည့် လူငယ်နှစ်ဦး ဒေါတချဆည်အတွင်း ရပြေိုင်ကူးရာမှ တစ်ဦး ရေနစ်သေဆုံး

ကယားပြည်နယ် ဘောလခဲမြို့ဘုရားပွဲတွင် ဈေးလာရောင်းသည့် လူငယ်နှစ်ဦး ဒေါတချဆည်အတွင်း ရပြေိုင်ကူးရာမှ တစ်ဦး ရေနစ်သေဆုံး
အောက်တိုဘာ 8, 2019
By Tachileik News Agency

ကယားပြည်နယ်၊ ဘောလခဲမြို့ရှိ မဟာကန္ဒရတိဏစေတီတော်ဘုရားပွဲတွင် ဈေးလာရောင်းသည့်လူငယ်နှစ်ဦး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းတွင် ပွဲတော်အနီးရှိ ဒေါတချဆည်အတွင်း ရပြေိုင်ကူးရာမှ တစ်ဦးမှာ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ရွှေညောင်မြို့မှ အသက်(၂၃)နှစ်အရွယ်များဖြစ်ကြသည့် ကိုဇော်မင်းထွန်းနှင့် ကိုလူအေးတို့က မြို့အဝင် ပွဲကျင်းပရာအနီးရှိ ဒေါတချဆည်အတွင်း ညနေ (၅)နာရီခွဲဝန်းကျင်က ရေကူးပြိုင်နကြေရင်း ကိုလူအေးမှာ လက်ပမ်းကျကာ ရေနစ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရေနစ်သွားသူအား ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ ရေငုတ်ကျွမ်းကျင်သော ဒေသခံများဖြင့် အောက်တိုဘာလ (၇)ရက်နေ့ကတည်းက ရှာဖွေနေခဲ့ကြခြင်းဖြစ်ပြီး အောက်တိုဘာလ (၈) ရက်နေ့ နေ့လယ် (၁၁) နာရီဝန်းကျင်တွင် အလောင်းအား ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ ရေနစ်သေဆုံးမှုအား ဘောလခဲမြို့မရဲစခန်းတွင် သေမှုသေခင်းရေးဖွင့်ထားသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - PK


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ကယားပြည်နယ် ဘောလခဲမြို့ဘုရားပွဲတွင် ဈေးလာရောင်းသည့် လူငယ်နှစ်ဦး ဒေါတချဆည်အတွင်း ရေပြိုင်ကူးရာမှ  တစ်ဦး ရေနစ်သေဆုံး
*******

ကယားပြည်နယ်၊ ဘောလခဲမြို့ရှိ မဟာကန္ဒရတိဏစေတီတော်ဘုရားပွဲတွင် ဈေးလာရောင်းသည့်လူငယ်နှစ်ဦး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့ ညနေပိုင်းတွင် ပွဲတော်အနီးရှိ ဒေါတချဆည်အတွင်း  ရေပြိုင်ကူးရာမှ တစ်ဦးမှာ ရေနစ်သေဆုံးသွားကြောင်း သိရသည်။

ရွှေညောင်မြို့မှ အသက်(၂၃)နှစ်အရွယ်များဖြစ်ကြသည့် ကိုဇော်မင်းထွန်းနှင့် ကိုလူအေးတို့က မြို့အဝင် ပွဲကျင်းပရာအနီးရှိ ဒေါတချဆည်အတွင်း ညနေ (၅)နာရီခွဲဝန်းကျင်က ရေကူးပြိုင်နေကြရင်း ကိုလူအေးမှာ လက်ပမ်းကျကာ ရေနစ်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



Tachileik News Agency
သတင်း  - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - PK

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net