တာချီလိတ်၌ ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ (၁၇)လုံးရှိထားပြီး ကျန်ရှိသည့် လွှတ်တင်လိုသူများလည်း အောက်တိုဘာလ(၁၅)ရက်နေ့အထိ စာရင်းပေး မှာယူနိုင်

တာချီလိတ်၌ ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ (၁၇)လုံးရှိထားပြီး ကျန်ရှိသည့် လွှတ်တင်လိုသူများလည်း အောက်တိုဘာလ(၁၅)ရက်နေ့အထိ စာရင်းပေး မှာယူနိုင်
အောက်တိုဘာ 11, 2019
By Tachileik News Agency

တာချီလိတ်၌ ကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်တွင် နေ့လွှတ်အရုပ်မီးပုံးပျံ (၁၇)လုံးရှိထားပြီး ကျန်ရှိသည့် လွှတ်တင်လိုသူများလည်း အောက်တိုဘာလ(၁၅)ရက်နေ့အထိ စာရင်းပေး မှာယူနိုင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား နေ့လွှတ်အရုပ် မီးပုံးပျံ နှင့် ညလွှတ်မီးကျည်မီးပုံးပျံအဖြစ် နှစ်မျိုးခွဲ၍ ကျင်းပရန် စီစဉ်ထားရာ နေ့လွှတ်မီးပုံးပျံများအတွက် ပါဝင်လွှတ်တင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များအနဖြေင့် တစ်လုံးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် အောက်တိုဘာလ(၁၅)ရက်နေ့အထိ စာရင်းပေးမှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး နေ့လွှတ်အရုပ်မီးပုံးပျံများ လွှတ်တင်ပွဲအား ရှမ်းရိုးမကွင်းအတွင်း၌ ပြုလုပ်မည်ဖြစ်ပြီး ညလွှတ်မီးကျည်မီးပုံးပျံအား အခြားနေရာတွင် လွှတ်တင်ရန် စီစဉ်ထားရှိသည်။

နေ့လွှတ်အရုပ်မီးပုံးပျံများအား လွှတ်တင်ရာတွင် အရုပ်မီးပုံပျံများပေါ်တွင် အသင်းအဖွဲ့ သို့မဟုတ် လုပ်ငန်း၏ အမည် အမှတ်တံဆိပ်များ တင်ဆင်ကာ လွှတ်တင်ပေးသွားရန် စီစဉ်ထားရှိရာ ၂၀၁၉ခုနှစ် အောက်တိုဘာလ (၁၀)ရက်နေ့အထိ စာရင်းပေး မှာယူထားသည့် အရေအတွက်မှာ (၁၇)လုံးရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အရုပ်မီးပုံးပျံများအား တောင်ကြီးမြို့မှ တဆင့်မှာယူပေးခြင်းဖြစ်ပြီး လွှတ်တင်သည့်အခါတွင် ပွဲမြောက်ရေးအဖွဲ့က ဦးဆောင်ကာ လွှတ်တင်ပေးသွားမည်ဖြစ်ရာ လက်ရှိတွင် ဟိုတယ်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက တစ်လုံးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် စာရင်းပေး မှာယူထားပြီးဖြစ်ပြီး ဆက်လက်၍ စာရင်းပေး မှာယူလိုသူများအနဖြေင့် မီးပုံးပျံဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်ဇော်လင်း(ကိုကြီး)၏ ဖုန်း 09250777919 သို့ အောက်တိုဘာလ(၁၅)ရက်နေ့ ညနေပိုင်းအထိ ဖုန်းဖြင့် ဆက်သွယ်ကာ အသေးစိတ်မေးမြန်းပြီး စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်စဉ်ကျင်းပပြုလုပ်နို်င်ရေးအတွက် ယခု နှစ်က စ၍ တာချီလိတ်တန်ဆောင်တိုင်ပွဲတော် ကျင်းပရန် တာချီလိတ်မှ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအဝင် လူငယ်များမှ စုပေါင်း၍ ပါဝင်ကြခြင်းဖြစ်ပြီး ပွဲတော်ဖွင့်ပွဲနေ့တွင် ထိုင်းနိုင်ငံမှ ဧည့်သည်များကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


 


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား နေ့လွှတ်အရုပ် မီးပုံးပျံ နှင့် ညလွှတ်မီးကျည်မီးပုံးပျံအဖြစ် နှစ်မျိုးခွဲ၍ ကျင်းပရန် စီစဉ်ထားရာ နေ့လွှတ်မီးပုံးပျံများအတွက် ပါဝင်လွှတ်တင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များအနေဖြင့် တစ်လုံးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် အောက်တိုဘာလ(၁၅)ရက်နေ့အထိ စာရင်းပေးမှာယူနိုင်မည်ဖြစ်ကြောင်း သိရသည်။



အဆိုပါ အရုပ်မီးပုံးပျံများအား တောင်ကြီးမြို့မှ တဆင့်မှာယူပေးခြင်းဖြစ်ပြီး လွှတ်တင်သည့်အခါတွင် ပွဲမြောက်ရေးအဖွဲ့က ဦးဆောင်ကာ လွှတ်တင်ပေးသွားမည်ဖြစ်ရာ လက်ရှိတွင် ဟိုတယ်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များက တစ်လုံးလျှင် ကျပ်(၂)သိန်းနှုန်းဖြင့် စာရင်းပေး မှာယူထားပြီးဖြစ်ပြီး ဆက်လက်၍ စာရင်းပေး မှာယူလိုသူများအနေဖြင့် မီးပုံးပျံဖြစ်မြောက်ရေးအဖွဲ့မှ ကိုကျော်ဇော်လင်း(ကိုကြီး)၏ ဖုန်း 09250777919 သို့ အောက်တိုဘာလ(၁၅)ရက်နေ့ ညနေပိုင်းအထိ ဖုန်းဖြင့် ဆက်သွယ်ကာ အသေးစိတ်မေးမြန်းပြီး စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ခရီးသွားလာမှု ဖွံ့ဖြိုးတိုးတက်ရေး နှင့် နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရေးအတွက် ယခု နှစ်က စ၍ တာချီလိတ်တန်ဆောင်တိုင်ပွဲတော် ကျင်းပရန် တာချီလိတ်မှ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းရှင်များအပါအ၀င် လူငယ်များမှ စုပေါင်း၍ ပါဝင်ကြခြင်းဖြစ်ပြီး ပွဲတော်ဖွင့်ပွဲနေ့တွင် ထိုင်းနိုင်ငံမှ ဧည့်သည်များကိုလည်း ဖိတ်ကြားသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net