တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာလ(၁၅)ရက်နေ့ကစတင်ကာ (၃)ရက်တိုင်တိုင် နေ့လွှတ် ညလွှတ်မီးပုံးပျံများ လွှတ်တင်ကာ ကျင်းပမည်

တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား နိုဝင်ဘာလ(၁၅)ရက်နေ့ကစတင်ကာ (၃)ရက်တိုင်တိုင် နေ့လွှတ် ညလွှတ်မီးပုံးပျံများ လွှတ်တင်ကာ ကျင်းပမည်
အောက်တိုဘာ 9, 2019
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဒေသခံပြည်သူများနှင့် အသင်းအဖွဲ့များ စုပေါင်း ပါဝင်ကာ ကျင်းပပြုလုပ်မည့် တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီဖွဲ့စည်းခြင်း နှင့် ပွဲတော်ရက်သတ်မှတ်ခြင်းအဖြစ် တွေ့ဆုံဆွေးနွေးပွဲအား ၂၀၁၉ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့ရှိ 1G1 8Hotel တွင် ကျင်းပပြုလုပ်ပြီးနောက် ပွဲတော်ရက်အား နိုဝင်ဘာလ(၁၅)ရက်နေ့က စ၍ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ရန် အတည်ပြုလိုက်သည်။

အဆိုပါ အစည်းအေဝးသို့ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြပြီး အပြန်အလှန် အကြံပြုဆွေးနွေးကာ ကော်မတီတစ်ရပ်အား ဖွဲ့စည်းလိုက်ပြီးနောက် ပွဲတော်ရက်အား ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ(၁၇)ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ရန် အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီအား ဖွဲ့စည်းရာတွင် ဥက္ကဌအဖြစ် ဦးထွန်းနေဦး(ဟိုတယ်တာချီလိတ်)၊ ဒုဥက္ကဌ အဖြစ် ဦးအောင်နိုင်(1G1 Hotel)က လည်းကောင်း၊ ကော်မတီ၏ တာဝန်အသီးသီးများအား တက်ရောက်လာသူများထဲက ရွေးချယ်လိုက်ကြပြီးနောက် အဖွဲ့ဝင်များအဖြစ် တာချီလိတ်မြို့ရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များအားလုံးကို ထည့်သွင်းပါဝင်ထားကြောင်း နှင့် မီးပုံးပျံအား ဦးကျော်ဇော်လင်း(ကိုကြီး) နှင့် အဖွဲ့က ဦးဆောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံဖြစ်မြောက်ရေးအတွက် ဦးအောင်နိုင် ( 1G1 Hotel )မိသားစုက ကျပ်သိန်း(၁၀၀)မတည်လှူဒါန်းပေးထားပြီးနောက် ယနေ့ အစည်းအေဝးတွင် ဦးဘိုလေး(TBC) မိသားစုက ထို်င်းဘတ်ငွေ (၁၀,ဝဝဝ)၊ ဦးတင်လှိုင် + ဒေါ်နန်းမိမိလေး ( မြသဟာဆေးရုံ - အဆွေတော်မိသားစု )က ထို်င်းဘတ်ငွေ (၁၀,ဝဝဝ)၊ ဦးထွန်းနေဦး + ဒေါ်ခင်ခင်ချို ( ဟိုတယ်တာချီလိတ်၊ ဘုရင့်နောင်ပုဂ္ဂလိကဈေး ) မိသားစုက ထို်င်းဘတ်ငွေ (၁၀,ဝဝဝ)၊ မြို့မိမြို့ဖ ဦးကြည်မြင့် + ဒေါ်နန်းခမ်း ( တော်ဝင် )မိသားစုက ထို်င်းဘတ်ငွေ (၅,ဝဝဝ) နှင့် ဒုရဲမှူးစံသိန်း + ဒေါ်သဲလျာဝင်း မိသားစု က ထို်င်းဘတ်ငွေ (၅,ဝဝဝ)ဘတ်တို့အား ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းကြကြောင်း သိရသည်။

တာချီလိတ်တန်ဆောင်တိုင်ပွဲတော်အတွင်း တောင်ကြီးတန်ဆောင်တိုင်ပွဲကဲ့သို့ နေ့လွှတ်အရုပ်မီးပုံးပျံများ လွှတ်တင်ခြင်း နှင့် ညလွှတ်မီးကျည်လွှတ်တင်မည့် အစီအစဉ်ပါဝင်မည့်အပြင် ပံ့သကူမီးပုံးပျံတစ်လုံးကိုလည်း လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

ယနေ့ ပြုလုပ်သည့် အစည်းအေဝး၏ စာရင်းအရ နေ့လွှတ်အရုပ်မီးပုံးပျံ စာရင်းမှာ (၁၇)လုံးရှိပြီး အဆိုပါ နေ့လွှတ်မီးပုံးပျံများမှာ လူမှုရေးအသင်းအဖွဲ့များ နှင့် စီးပွားရေးလုပ်ငန်းရှင်များမှ တစ်လုံးလျှင် ကျပ်(၂)သိန်းဖြင့် မှာယူစာရင်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ပွဲတော်တွင် နေ့ပိုင်းလွှတ်တင်မည့် နေ့လွှတ်မီးပုံးပျံများကို ရှမ်းရိုးမကွင်းအတွင်း၌ (၃)ရက်တိုင်တိုင် လွှတ်တင်ရန် စီစဉ်ထားပြီး၊ ညပိုင်းလွှတ်တင်မည့် ညမီးကျည်မီးပုံးပျံများကို အခြားနေရာများတွင်လွှတ်တင်ရန် စီစဉ်ထားကြောင်း သိရသည်။

တာချီလိတ်တွင် ကျင်းပမည့် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပွဲအား တစ်ဖက်နိုင်ငံမှ ခရီးသွားဧည့်သည်များအနဖြေင့် စိတ်ဝင်စားမှု ပိုမိုတိုးပွားကာ တာချီလိတ်ဒေသအတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ကြောင်း နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ရိုးရာအစဉ်အလာအား ထိန်းသိမ်းစောင့်ရှောက်ကာ နှစ်စဉ်ကျင်းပပြုလုပ်နိုင်ရန် ယခုနှစ်က စတင်ကာ ကျင်းပရန်အတွက် စီစဉ်နကြခြေင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္အား ႏို၀င္ဘာလ(၁၅)ရက္ေန႔ကစတင္ကာ (၃)ရက္တိုင္တိုင္ ေန႔လႊတ္ ညလႊတ္မီးပံုးပ်ံမ်ား လႊတ္တင္ကာ က်င္းပမည္

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေဒသခံျပည္သူမ်ားႏွင့္ အသင္းအဖြဲ႔မ်ား စုေပါင္း ပါ၀င္ကာ က်င္းပျပဳလုပ္မည့္  တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္အား စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ေရးအတြက္ ေကာ္မတီဖြဲ႔စည္းျခင္း ႏွင့္ ပြဲေတာ္ရက္သတ္မွတ္ျခင္းအျဖစ္ ေတြ႔ဆံုေဆြးေႏြးပြဲအား ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၉)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕ရွိ 1G1 8Hotel တြင္ က်င္းပျပဳလုပ္ၿပီးေနာက္ ပြဲေတာ္ရက္အား ႏို၀င္ဘာလ(၁၅)ရက္ေန႔က စ၍ (၃)ရက္တိုင္တုိင္ က်င္းပျပဳလုပ္ရန္ အတည္ျပဳလိုက္သည္။

အဆိုပါ အစည္းအေ၀းသို႔ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ၾကၿပီး အျပန္အလွန္ အႀကံျပဳေဆြးေႏြးကာ ေကာ္မတီတစ္ရပ္အား ဖြဲ႔စည္းလိုက္ၿပီးေနာက္ ပြဲေတာ္ရက္အား ၂၀၁၉ခုႏွစ္ ႏို၀င္ဘာလ(၁၅)ရက္ေန႔မွ ႏို၀င္ဘာလ(၁၇)ရက္ေန႔အထိ (၃)ရက္တိုင္တိုင္ က်င္းပျပဳလုပ္ရန္ အတည္ျပဳလိုက္ျခင္း ျဖစ္သည္။

ပြဲေတာ္စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏုိင္ေရးအတြက္ ေကာ္မတီအား ဖြဲ႔စည္းရာတြင္   ဥကၠဌအျဖစ္ ဦးထြန္းေနဦး(ဟိုတယ္တာခ်ီလိတ္)၊ ဒုဥကၠဌ အျဖစ္ ဦးေအာင္ႏိုင္(1G1 Hotel)က လည္းေကာင္း၊ ေကာ္မတီ၏ တာ၀န္အသီးသီးမ်ားအား တက္ေရာက္လာသူမ်ားထဲက ေရြးခ်ယ္လိုက္ၾကၿပီးေနာက္ အဖြဲ႔၀င္မ်ားအျဖစ္  တာခ်ီလိတ္ၿမိဳ႕ရွိ တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအသင္းအဖြဲ႔မ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ားအားလံုးကို ထည့္သြင္းပါ၀င္ထားေၾကာင္း ႏွင့္ မီးပံုးပ်ံအား ဦးေက်ာ္ေဇာ္လင္း(ကိုႀကီး) ႏွင့္ အဖြဲ႔က ဦးေဆာင္ ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

မီးပံုးပ်ံျဖစ္ေျမာက္ေရးအတြက္ ဦးေအာင္ႏိုင္ ( 1G1 Hotel )မိသားစုက က်ပ္သိန္း(၁၀၀)မတည္လွဴဒါန္းေပးထားၿပီးေနာက္ ယေန႔ အစည္းအေ၀းတြင္  ဦးဘိုေလး(TBC) မိသားစုက ထိ္ုင္းဘတ္ေငြ (၁၀,၀၀၀)၊  ဦးတင္လႈိင္ + ေဒၚနန္းမိမိေလး ( ျမသဟာေဆးရံု - အေဆြေတာ္မိသားစု )က ထိ္ုင္းဘတ္ေငြ (၁၀,၀၀၀)၊ ဦးထြန္းေနဦး + ေဒၚခင္ခင္ခ်ဳိ ( ဟိုတယ္တာခ်ီလိတ္၊ ဘုရင့္ေနာင္ပုဂၢလိကေစ်း ) မိသားစုက ထိ္ုင္းဘတ္ေငြ (၁၀,၀၀၀)၊ ၿမိဳ႕မိၿမိဳ႕ဖ ဦးၾကည္ျမင့္ + ေဒၚနန္းခမ္း ( ေတာ္၀င္ )မိသားစုက ထိ္ုင္းဘတ္ေငြ (၅,၀၀၀) ႏွင့္ ဒုရဲမွဴးစံသိန္း + ေဒၚသဲလ်ာ၀င္း မိသားစု က ထိ္ုင္းဘတ္ေငြ (၅,၀၀၀)ဘတ္တို႔အား ပြဲေတာ္ျဖစ္ေျမာက္ေရးအတြက္ ပါ၀င္လွဴဒါန္းၾကေၾကာင္း သိရသည္။

တာခ်ီလိတ္တန္ေဆာင္တိုင္ပြဲေတာ္အတြင္း ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲကဲ့သို႔ ေန႔လႊတ္အရုပ္မီးပံုးပ်ံမ်ား လႊတ္တင္ျခင္း ႏွင့္ ညလႊြတ္မီးက်ည္လႊတ္တင္မည့္ အစီအစဥ္ပါ၀င္မည့္အျပင္ ပံ့သကူမီးပံုးပံ်တစ္လံုးကိုလည္း လႊတ္တင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

ယေန႔ ျပဳလုပ္သည့္ အစည္းအေ၀း၏ စာရင္းအရ ေန႔လႊတ္အရုပ္မီးပံုးပ်ံ စာရင္းမွာ (၁၇)လံုးရွိၿပီး အဆိုပါ ေန႔လႊတ္မီးပံုးပ်ံမ်ားမွာ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ စီးပြားေရးလုပ္ငန္းရွင္မ်ားမွ တစ္လံုးလွ်င္ က်ပ္(၂)သိန္းျဖင့္ မွာယူစာရင္းေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

ပြဲေတာ္တြင္ ေန႔ပိုင္းလႊတ္တင္မည့္ ေန႔လႊတ္မီးပံုးပ်ံမ်ားကို ရွမ္းရိုးမကြင္းအတြင္း၌ (၃)ရက္တိုင္တိုင္ လႊတ္တင္ရန္ စီစဥ္ထားၿပီး၊ ညပိုင္းလႊတ္တင္မည့္ ညမီးက်ည္မီးပံုးပ်ံမ်ားကို အျခားေနရာမ်ားတြင္လႊတ္တင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ က်င္းပမည့္ တန္ေဆာင္တိုင္မီးပံုးပ်ံလႊတ္တင္ပြဲအား  တစ္ဖက္ႏုိင္ငံမွ ခရီးသြားဧည့္သည္မ်ားအေနျဖင့္  စိတ္၀င္စားမႈ ပိုမိုတိုးပြားကာ တာခ်ီလိတ္ေဒသအတြင္း ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္းမ်ား ဖြံြ႔ၿဖဳိးတိုးတက္မႈအတြက္ ရည္ရြယ္ေၾကာင္း ႏွင့္ မီးပံုးပ်ံလႊတ္တင္ပူေဇာ္ပြဲ ရိုးရာအစဥ္အလာအား ထိန္းသိမ္းေစာင့္ေရွာက္ကာ ႏွစ္စဥ္က်င္းပျပဳလုပ္ႏုိင္ရန္ ယခုႏွစ္က စတင္ကာ က်င္းပရန္အတြက္ စီစဥ္ေနၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net