နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်မည်
အောက်တိုဘာ 29, 2019
By Tachileik News Agency
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်မည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ (ငြိမ်း)၏ ဖိတ်ကြားချက်အရ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန်အတွက် မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

(၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ်အောက်တိုဘာလ (၃၁)ရက်နေ့မှ နိုဝင်ဘာလ (၄)ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ဒေသတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာများနှင့် ဒေသတွင်း တည်ငြိမ်မှုများအတွက် ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။

အာဆီယံကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင်ခြင်းဖြစ်သည်။

(၃၅)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များနှင့်အတူ စုစုပေါင်း လူဦးရေ (၃၀,ဝဝဝ)ဝန်းကျင် တက်ရောက်ကြမည်ဟု ခန့်မှန်းထားသည်။

Tachileik News Agency
ဓာတ်ပုံ - Myanmar State Counsellor Office


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ထိုင္းႏိုင္ငံတြင္ က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ ဆက္စပ္အစည္းအေဝးမ်ား တက္ေရာက္မည္

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ထိုင္းႏိုင္ငံဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္ႀကီး ပရာရြတ္ ခ်န္အိုခ်ာ (ၿငိမ္း) ၏ ဖိတ္ၾကားခ်က္အရ (၃၅) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ ဆက္စပ္ ထိပ္သီးအစည္းအေဝးမ်ားသို႔ တက္ေရာက္ရန္အတြက္ မၾကာမီကာလအတြင္း ထိုင္းႏိုင္ငံသို႔ သြားေရာက္မည္ ျဖစ္ေၾကာင္း သိရသည္။

(၃၅)ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ ဆက္စပ္အစည္းအေဝးမ်ားကို ထုိင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္ေအာက္တိုဘာလ (၃၁)ရက္ေန႔မွ ႏုိဝင္ဘာလ (၄)ရက္ေန႔အထိ က်င္းပမည္ျဖစ္ၿပီး ေဒသတြင္း သဘာဝပတ္ဝန္းက်င္ဆိုင္ရာမ်ားႏွင့္ ေဒသတြင္း တည္ၿငိမ္မႈမ်ားအတြက္ ေဆြးေႏြးဖြယ္ရိွေၾကာင္း သိရသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္၏ ခရီးစဥ္အတြင္း အာဆီယံေခါင္းေဆာင္မ်ားႏွင့္ ေဆြးေႏြးမႈမ်ား ရိွနုိင္သည္ဟု ခန္႔မွန္းထားၾကသည္။

အာဆီယံကို ၁၉၆၇ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး လက္ရိွတြင္ အဖြဲ႕ဝင္ႏုိင္ငံမ်ားအျဖစ္ ဘရူႏုိင္း၊ ကေမၻာဒီးယား၊ အင္ဒိုနီးရွား၊ လာအို၊ မေလးရွား၊ ျမန္မာ၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ထုိင္းႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ား ပါဝင္ျခင္းျဖစ္သည္။

(၃၅)ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ ဆက္စပ္အစည္းအေဝးမ်ားသို႔ အာဆီယံႏုိင္ငံမ်ားမွ ထိပ္သီးေခါင္းေဆာင္မ်ားႏွင့္အတူ စုစုေပါင္း လူဦးေရ (၃၀,၀၀၀)ဝန္းက်င္ တက္ေရာက္ၾကမည္ဟု ခန္႔မွန္းထားသည္။

Tachileik News Agency
ဓါတ္ပံု - Myanmar State Counsellor Office

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net